Third eye(တတိယမျက်လုံး)
±±±±±±±±±±±±±±±±±±±±±
Third eye(တတိယမျက်လုံး)ဆိုတာ ကျွန်တော်တို့ရဲ့ မျက်ခုံးမွှေး နှစ်ခုကြားမှာရှိတဲ့ ဦးနှောက်အစိတ်အပိုင်းလေးတစ်ခုဖြစ်ပါတယ်။တတိယမျက်လုံးကို ဥာဏ်မျက်လုံး လို့လဲ ခေါ်ဆိုနိုင်ပါသေးတယ်။တတိယမျက်လုံးနဲ့ ပတ်သက်ပြီးတော့ နေရာဒေသအသီးသီးက ယုံကြည်မှုတွေဟာကွဲပြားကြပါတယ်။Third eye(တတိမျက်လုံး)ပွင့်သွားတဲ့သူတွေဟာ သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ ဖုံးကွယ်ထားတဲ့ အရာတွေကိုမြင်နိုင်မှာပါ။အဲ့ဒီအရာတွေကတော့ ပရလောကရှိ တစ္ဆေသရဲများကိုမြင်နိုင်ခြင်း/သူတစ်ပါးရဲ့စိတ်ကို ဖောက်ထွင်းမြင်နိုင်ခြင်း/မိမိ၏အနာဂတ်ကို ကြိုတင်သိမြင်နိုင်ခြင်း တို့ဖြစ်ပါတယ်။တတိယမျက်လုံးဟာ "ချက္ကရ"(၇)ပါးထဲက ဒုတိယမြောက် "ချက္ကရ"ဖြစ်ပါတယ်။အဲ့ဒီ"ချက္ကရ"တွေကတော့-
(1)Crown Chakra(သရဖူချက္ကရ)
(2)Third eye Chakra(တတိယမျက်လုံးချက္ကရ)
(3)Throar Chakra(လည်မျိုချက္ကရ)
(4)Heart Chakra(နှလုံးချက္ကရ)
(5)Solar Plexus Chakra(ရင်ညွန့်ချက္ကရ)
(6)Sacral Chakra(ကျောရိုးချက္ကရ)
(7)Root Chakra(မူလချက္ကရ) တို့ပဲဖြစ်ပါတယ်။
ယခုပြောပြမှာက "တတိယမျက်လုံး" အကြောင်းဖြစ်တဲ့အတွက် "ချက္ကရ" တွေတစ်ခုချင်းစီကို ရှင်းမပြတော့ပါဘူး။
Third eye(တတိယမျက်လုံး)နိုးထလာအောင်ဘယ်နည်းလမ်းကိုအသုံးပြုမလဲ။နည်းလမ်းတွေကတော့ အများကြီးပါပဲ။
"Meditation"(တရားထိုင်ခြင်း)/"Third eye opening song"(အသံဖြင့်တတိယမျက်လုံးအားနိုးထစေခြင်း)/"ချွန်း"ကဲ့သို့ချွန်ထက်သောအရာဖြင့် ထိုးဖောက်ခြင်း စတဲ့အချက်တွေပါ။ကျွန်တော်တို့ရဲ့ စိတ်ကိုငြိမ်းချမ်းမှု ပေးစွမ်းနိုင်တဲ့ အန္တရာယ်အကင်းဆုံး နည်းလမ်းတစ်ခုလည်း ဖြစ်တဲ့ "Meditation"လို့ခေါ်တဲ့ တရားထိုင်ခြင်း နည်းလမ်းကိုပဲ ဖော်ပြပါရစေ။
ပထမဦးစွာ ပတ်ဝန်းကျင်မှ ဆူညံသံများ မကြားနိုင်သည့် တိတ်ဆိတ်ငြိမ်သက်သည့် နေရာတစ်ခုကို ရွေးချယ်လိုက်ပါ။ရိပ်သာတစ်ခုဖြစ်ဖြစ် ဘုန်းကြီးကျောင်း တစ်ကျောင်း ဖြစ်ဖြစ်ပေါ့။
Step(1)
======
စိတ်ကိုတည်ငြိမ်အောင်ထားပါ။ဘာကိုမှမတွေးပါနဲ့။ခေါင်းထဲမှာ ပေါ်လာသမျှ အရာအားလုံးကိုလည်း ရှင်းထုတ်လိုက်ပါ။ဦးခေါင်းအထက်မှ ခြေဖျားအဆုံးအထိ အကြောအချဉ်များ ကိုလည်းဖြေလျော့ထားပါ။
Step(2)
======
မိမိရဲ့မျက်ခုံး နှစ်ခုကြားက တတိယမျက်လုံး နေရာကို အာရုံစိုက်ထားပါ။စိတ်ကိုမပျံ့လွင့်စေဘဲ တတိယမျက်လုံး နေရာ၌သာ ရှိနေပါစေ။ခဏအကြာတွင် မိမိ၏ တတိယမျက်လုံး နေရာမှ အနည်းငယ်အောင့်၍ လာလိမ့်မည်။
နောက်ပိုင်းတွင် ကျင့်သားရလာသော အခါတရားထိုင်စရာ မလိုဘဲ သူ့အလိုလို အောင့်၍နေပေလိမ့်မည်။
Step(3)
======
ကျင့်သားရလာသောအခါ စင်္ကြာဝဠာ ကြီးတွင်ဖြစ်ပျက်နေသော ထူးဆန်းသည့် အကြောင်းအရာများကို အလိုလိုသိမြင်လာမှာ ဖြစ်ပါတယ်။ပရလောကရှိဝိညာဉ် များကို လည်းမြင်တွေ့နေရမှာ ဖြစ်တဲ့အတွက်ကြောင့် တတိယမျက်လုံး ကျင့်တဲ့သူတစ်ယောက်ဟာ ထိုကဲ့သို့သော ထူးခြားဆန်းကြယ်တဲ့ အဖြစ်အပျက်များကိုလည်း ခံနိုင်ရည်ရှိရပါမယ်။
တတိယမျက်လုံး ပွင့်လာနိုင်တော့ မည်ဟု သိနိုင်သည့် အချက်(၅)ချက်ရှိပါတယ်။အဲ့ဒီအချက်တွေကတော့---
(1)တတိယမျက်လုံးနေရာမှဖိအားခံစားရခြင်း
~~~~~~~~~~~~~~~~~~~~~~~~~
ပထမဆုံး အချက် အနေနဲ့ ကျွန်တော် အထက်မှာ ပြောခဲ့တဲ့ အတိုင်း တတိယမျက်လုံး နေရာမှ မကြာခဏအောင့်၍ လာခြင်းတို့ကို ခံစားရမှာဖြစ်ပါတယ်။
(2)အမြင်အာရုံစူးရှလာခြင်း
~~~~~~~~~~~~~~~
ဒုတိယအချက်အနေနဲ့ မိမိတို့ရဲ့ အမြင်အာရုံဟာ ယခင်ကထက်ပိုမိုစူးရှ လာသည်ကို သိသိသာသာ ခံစားရမှာဖြစ်ပါတယ်။
(3)အလင်းရောင်ပြင်းပြင်းကိုမခံနိုင်ခြင်း
~~~~~~~~~~~~~~~~~~~~~~
တတိယအချက်အနေနဲ့ စူးရှတဲ့ နေအလင်းရောင် ပြင်းပြင်းကို မခံနိုင်ခြင်း ကြောက်ရွံ့လာခြင်း တို့ကိုခံစားရမှာပါ။
(4)ပြောင်းလဲမှုကိုခံစားရခြင်း
~~~~~~~~~~~~~~~~
စတုတ္ထအချက် အနေနဲ့ မိမိကိုယ်ကို ယုံကြည်မှု ရှိလာခြင်း/ကိုယ်ရေကိုယ်သွေး ကောင်းမွန်လာခြင်း/တစ်ကိုယ်ကောင်းဆန်စိတ် နဲလာခြင်းတို့ကို သိသိသာသာခံစား လာရမှာဖြစ်ပါတယ်။
(5)ယခင်ကထက်ခေါင်းပိုကိုက်လာခြင်း
~~~~~~~~~~~~~~~~~~~~~~
ပဉ္စမ အချက်အနေနဲ့ တတိယမျက်လုံးနေရာမှ ယခင်ကထက် ပို၍အောင့်လာခြင်း/ကိုက်ခဲလာခြင်း တို့ကို ကြုံတွေ့ရမှာပါ။ပြင်းပြင်းထန်ထန် လေ့ကျင့်လျှင် ဦးနှောက်ထိခိုက် နိုင်သောကြောင့် တစ်နေ့လျှင် ပုံမှန်သာလေ့ကျင့် ကြဖို့အကြံပြုလိုက်ရပါတယ်။
ပြန်လည်မျှဝေသည်။

No comments:
Post a Comment