ads

sponsor

Monday, April 22, 2019

မိန်းကလေးများရဲ့ဘဝကို ပျက်စီးသွားစေနိုင်တဲ့ “ ကြောက်စရာကောင်းတဲ့တို့ဆေး..

မိန်းကလေးများရဲ့ဘဝကို ပျက်စီးသွားစေနိုင်တဲ့ “ ကြောက်စရာကောင်းတဲ့တို့ဆေး..

မိန်းကလေးများရဲ့ဘဝကို ပျက်စီးသွားစေနိုင်တဲ့ “ ကြောက်စရာကောင်းတဲ့တို့ဆေး..


မိန်းကလေးများရဲ့ဘဝကို ပျက်စီးသွားစေနိုင်တဲ့ “ ကြောက်စရာကောင်းတဲ့တို့ဆေး
မိန်းကလေးများရဲ့ဘဝကို ပျက်စီးသွားစေနိုင်တဲ့ “ ကြောက်စရာကောင်းတဲ့တို့ဆေး(Ketamine)”
မြန်မာနိုင်ငံရှိ အမျိုးသမီးသမီးများရဲ့ ဘဝဟာ မလုံခြုံတော့ပါ သွားတာ၊လာတာကအစ သတိထားဖို့လိုနေပါပြီ။
တို့ဆေးဟု လူပြောများနေသော်လည်း အမှန်မှာ အထူးပြုလုပ်ထားသည့် အပ်အသေးစားကလေးဖြင့် လူကိုယ်တွင်းသို့ လျှက်တပျက် ထိုးသွင်းလိုက်ခြင်းဖြစ်သည်ခြင်ကိုက်သလို စစ်ကနဲ့ စူးရှနာကျင်သွားမည်။
၎င်းဆေးအသားတွင်း ဝင်သွားသည်နှင့် စက္ကန့်ပိုင်းအတွင်းမှာ မူးဝေလာမည်-အမြင်အာရုံဝေးဝါးကာ သတိလွတ်သွားမည် ထိုအချိန်မှာ သင့်ကိုအနားမှာ အလိုက်သင့်တွဲခေါ်သူနောက်ပါသွားရတာပါ။
သည်ဆေးဝါ့းတွေကတော့ တရားဝင် ဆေးဝါး မဟုတ်ပါ။ ခွဲစိတ်ရာမှာ သုံးတဲ့သူ မေ့ဆေးအမျိုးစားတွေ date of rape သည့် မိန်းခလေးများအား ဆေးခတ် မုဒိန်းကျင့်နိုင်သောတားမြစ် မူးရစ်ထုံထိုင်း ဆေး တွေကိုများသောအားဖြင့်သုံးကြသည်။
အဆိုပါဆေးဝါးတွေဟာ အမှုန့်-အဆီ-အရည် အမျိုးမျိုးထုတ်လုပ်ပြီး ဒုစရိုက်သမားများ သုံးနေကြ သည်၊ သူအဆက်သွယ်သွယ်နဲ့ ရှာရပါတယ် မူးရစ်ဆေးဝါးရှာရသည်ထက် လောက် မခက်လှပါ။
ရန်ကုန်တွင်ကား အဌားယဉ်မောင်းသူ -ဇိမ်းခမ်းနဲ့ ကွမ်းယာဆိုင်တွေမှာပင် မျက်မှန်းတန်းမိလျှင်အလွယ်တကူဝယ်ရနိုင်ပါတယ်။တို့ဆေးအငွေ့ကတော့ -ရေမွေးဆပ်ပြာ အစရှိတဲ့ ရူရှိုက်မည့် ပစ္စည်းတွေမှာ အသင့်လုပ်ထားကြသည်။
သားကောင်တွေကတော့ ပိုက်ဆံချမ်းသာတဲ့အိမ်မှာ တယောက်ထဲ နေတဲ့လူကြီးတွေ မိသားစုအပြင်ရောက်နေကြတုံး ဝတ်ကောင်းစားလှတွေဝတ်ပြီးအရောင်း စာရေး များကဲ့သို့ ဟန်ဆောင်ရင်း ဖေါ်ရည်စွာ ဆက်ဆံလျှက်အိမ်တွင်းသို့ဝင်ဘို့ကြိုးစားပါလိမ့်မည်။
နှစ်ယောက်သုံးယောက် အုပ်စုလိုက် လုပ်ကြသတဲ့ အလှပစ္စည်း အရောင်းကြော်ငြာပုံစံနဲ့ဝင်ပြီး ရေမွှေး(သို့ )ဆပ်ပြာအား လူကြီးရော အိမ်ဖေါ်ပါ မည်းမျှအနံ့ကောင်းကြောင်း နမ်းကြည့်ခိုင်း တဲ့အခါ မူးဝေပြီး မေ့သွားရော၊အဲဒိတော့မှတအိမ်လုံးမှာရှိတဲ့ အဖိုးတန်ပစ္စည်းတွေ အေးဆေးယူသွားကြမည်။
ယခုပြည်တွင်းမျာအများဆုံးသုံးနေတာ တို့ဆေးဆိုပြီး ရွှေတွေဆင်ထားတဲ့ သူတွေ ခလေးတွေ ကို အနားကပ်ပြီး ဆေးထည့်ထားတဲ့ အပ်နဲ့ထိုးခြင်းဖြစ်သည် ခံရတဲ့သူက အဆိုပါမူး ရစ် ဆေး အသားတွင်းရောက်သည်အခါ ချက်ချင်းဆေးရှိန်တက်လာလို့ ယိုင်လည်းခွေကျသွားနိုင် ၏၊ ဘာမှမသိတော့အောင် မျှောသွားပြီး ကိုယ်အတွင်း ပိုင်းကြွက်သားများ လှုပ်မရ အောင်ထုံနေ ပါသည်။
-အများဆုံးသုံးနေသည့်ဆေးဝါးများ
Ketamine ကို အမေရိကတွင် လူများနှင့် တိရိစ္ဆာန်များ အတွက် မေ့ဆေး တစ်မျိုး အဖြစ် တရားဝင်သုံးစွဲကြ သည်။ သို့သော် ဥရောပနှင့် မက္ကစီကိုတို့တွင် အိပ်မပျော်သည့် ရောဂါများ အတွက် သောက်ရန် ညွှန်လေ့ရှိပြီး ခွဲစိတ်ရာတွင် မေ့ဆေး အဖြစ်လည်း တရားဝင် အသုံးပြုတတ်ကြသည်။
တိရစ္ဆာန်များတွင် အများဆုံး အသုံးပြု ကြသည်။ တိရိစ္ဆာန် ဆေးခန်းများရှိ Ketamine ဆေးများအား မကြာခဏ လုယက် ခံကြရကြောင်းသိရသည်။
ဆေးခတ် ခံရချိန်နှင့် ဆေးအာနိသင် ပျယ်ချိန်အကြားမှ အဖြစ်အပျက် များအား မမှတ်မိခြင်း သွေးပေါင်ချိန် ကျခြင်း အိပ်ချင်လာခြင်း ကြွက်သားများ အားလျှော့ လာခြင်း သို့မဟုတ် ကြွက်သားများအား ထိန်းချုပ်နိုင်စွမ်း မရှိတော့ခြင်း
အရက်မူး သကဲ့သို့ ဖြစ်ခြင်း မအီမသာနှင့် ပျို့ချင် အန်ချင်စိတ် ဖြစ်ခြင်း စကား မပြောနိုင်တော့ခြင်း လှုပ်ရှားရန် ခက်ခဲလာခြင်း အသိစိတ် ပျောက်ဆုံးခြင်း ဇဝေဇဝါ ဖြစ်ခြင်း အမြင် ဝေဝါးလာခြင်း မူးဝေခြင်း အစာအိမ် မအီမသာ ဖြစ်ခြင်းများ ဖြစ်ပါသည်။
-GHB ၏ အာနိသင်များ
အာရုံ စူးစိုက်နိုင်မှု လျှော့ကျခြင်း အိပ်ချင်မူးတူး ဖြစ်ခြင်း မူးဝေခြင်း မအီမသာနှင့် ပျို့ချင် အန်ချင် စိတ်ဖြစ်ခြင်း အမြင်ဝေဝါးလာခြင်း သတိလစ်ခြင်း လေဖြတ်သကဲ့သို့ ဖြစ်ခြင်း ဆေးခတ်ခံ ရချိန်နှင့် ဆေးအာနိသင် ပျယ်ချိန်အကြားမှ …..
အဖြစ်အပျက်များအား မမှတ်မိခြင်း အသက်ရှူရန် ခက်ခဲခြင်း တုန်တုန် ယင်ယင်ဖြစ်ခြင်း ချွေးထွက်ခြင်း အော့အန်ခြင်း နှလုံးခုန်နှုန်း နှေးကွေးခြင်း အိပ်မက်ကဲ့သို့ ခံစားရခြင်း သတိမေ့မြောခြင်း (ဦးနှောက်အလုပ် ရပ်ဆိုင်းခြင်း – coma) သေဆုံးခြင်း
-Ketamine ၏ အာနိသင်များ
စိတ်အာရုံ ချောက်ခြားခြင်း အချိန်နှင့် အမှတ်အသား များအား မှတ်သားနိုင်စွမ်း ပျောက်ဆုံးခြင်း အမြင်နှင့် အကြား အာရုံများ မမှန်မကန် ဖြစ်လာခြင်း မိမိကိုယ်ကို မထိန်းသိမ်းနိုင်ဟု ခံစားလာရခြင်း
လှုပ်ရှား နိုင်စွမ်းအား ထိခိုက်လာခြင်း အသက်ရှူရန် ခက်ခဲလာခြင်း ၊ အူတက်အောင်ရယ်ခြင်း အော့အန်ခြင်း ခန္ဓာကိုယ် ထိတွေ့ ခံစားနိုင်စွမ်း မရှိတော့ခြင်း မှတ်ဉာဏ် ထိခိုက်ခြင်း
အိပ်မက်ကဲ့သို့ ခံစားရခြင်း ထုံထိုင်းခြင်း လှုပ်ရှားမှုအား ဟန်ချက်ညီအောင် ထိန်းနိုင်စွမ်း ပျောက်ဆုံးခြင်း အမူအရာ ကြမ်းတမ်းလာခြင်း များဖြစ်ပါသည်။ကြိုတင်၍ ကာကွယ်ဘို့ဆိုသည်မှာ အနီးပါတ်ဝန်ကျင်မှ လူစိမ်းများကို အခါမလပ် သတိဖြင့် စောင့်ကြ ည့်ရမည်။
လွန်ခဲ့တဲ့ရက်ပိုင်းလောက်က ရန်ကုန်မှာ ကောင်မလေးတစ်ယောက် ထိုဆေးအထိုးခံရပြီး ဆေးရုံရောက်သွားတဲ့အထိ ဖြစ်သွားခဲ့ပါတယ်။
Credit-
https://updatenew.net/archives/18758

No comments:

Post a Comment