ads

sponsor

Wednesday, April 24, 2019






လုပ်တာက အသေ လုပ်တာ
Credit – Liang Yan
Unicode
နေခင်းကြောင်တောင်မှာ မာ့စ်အုပ်ထားသူမှ ဆိုင်တွင်းဝင်ပြီး ဓါးနဲ့ခုတ်
မနေ့က (၂၃-၄-၂၀၁၉) နေ့လယ် ၂ နာရီလောက် မန္တလေးမြို့
၂၈ လမ်း၈၀-၈၁ ကြား မြို့မမင်္ဂလာခန်းဝင်ပစ္စည်းဆိုင်မှာ ဆိုင်ထိုင်နေတုန်း အသက် 20 ဝန်းကျင် ကောင်လေးတစ်ယောက် မျက်နှာမှာ မျက်လုံးအောက်နားထိ မာ့စ် အပြည့်အုပ်ထားပြီးဆိုင်မှာပစ္စည်းလာဝယ်တယ်၊
နောက်ကျောပေးပြီး –ပစ္စည်းလှည့်ယူပေးနေတုန်း ကျနော့်ကို နောက်ကနေ ခုတ်ချတယ် ဂျိုင်းအောက်ကို ထိသွားပြီး ပူကနဲ ဖြစ်သွားတယ် ဘာလုပ်တာလဲအော်တော့ နောက်တချက် ထပ်ခုတ်တယ် လက်မောင်းထိသွားတယ်၊
ဓားနဲ့ခုတ်ပြီးပြေးတော့ အိမ်ဘေးမှာဆိုင်ကယ်စက်နှိုးပြီး အသင့်စောင့်နေတဲ့ဆိုင်ကယ်ပေါ်တက်ထွက်ပြေးသွားပါတယ်၊
လုပ်တာက အသေ လုပ်တာ
အခုမန္တလေးဆေးရုံကြီးက ကုသပေးထားတယ် ခုတ်တာက ဓါး နဲ့ပါ ဒီကလေးနဲ့ကျနော် ဘာရန်စမှမရှိပါ ဆိုင်ကပစ္စည်းလုတာလည်းမရှိပါ အသားလွတ်ကျနော့်ကို ဓါးနဲ့ခုတ်ခြင်းပါ ။
အမှတ်(၈)ရဲစခန်းက (ပ) ၄၀၆/၁၉ ရာဇသတ်ကြီးပုဒ်မ ၄၅၂/၃၂၄/၁၁၄ ဖြင့် အမှုဖွင့်ပြီး တရားခံကိုရှာဖွေနေပါပြီ ။
Credit – Liang Yan
https://updatenew.net/archives/18887

No comments:

Post a Comment