Credit-MPA
Unicode
အသက် ၅ နှစ်အရွယ် မောင်လေးကို သတ်ပြီး ဝှေးစေ့ကိုဖြတ်စားတဲ့ အစ်မ
ပြီးခဲ့တဲ့ ကြာသပတေးနေ့က မိခင်ဖြစ်သူနဲ့ ဆွေမျိုးတွေဟာ သော့ခတ်ထားတဲ့ နေအိမ်ကို တံခါးတွေဖျက်ကာ ဝင်ရောက်ခဲ့ပြီးနောက် သွေးသံရဲရဲနဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ဖြတ်တောက်ခံထားရတဲ့ ကလေးငယ်ရဲ့ အလောင်းဘေးမှာ မတ်တပ်ရပ်နေတဲ့ အစ်မဖြစ်သူ အသက် ၁၈ နှစ်အရွယ် Karina ကိုတွေ့ခဲ့ကြတာပဲဖြစ်ပါတယ်။
ကလေးငယ်ရဲ့ လက်ကောက်ဝတ်မှာ ဓါးဒဏ်ရာတွေတွေ့ရပြီး မျက်လုံး နှစ်လုံးလဲ ဖောက်ခံထားရကာ ခြေထောက်ပိုင်းကိုလည်း မီးရှို့ခံထားရတယ်လို့ စုံစမ်းစစ်ဆေးရေးအရာရှိကဆိုပါတယ်။ကလေးရဲ့ ဝှေးစေ့ကို ဖြတ်ပြီး စားခဲ့တယ်လို့ အစ်မဖြစ်သူကိုယ်တိုင် ဝန်ခံခဲ့ပါတယ်။
ရဲမှတ်တမ်းအရ မိခင်ဖြစ်သူစျေးသွားတုန်း သမီးကို ကလေးထိန်းစေခိုင်းခဲ့ပါတယ်။ နာရီအနည်းငယ်ကြာမှာ စျေးဝယ်ပြီး ပြန်ရောက်လာတဲ့အခါ အိမ်ရှေ့တံခါးမကြီး သော့ပိတ်ထားပြီး သမီးက သူ့ကို အိမ်ထဲပေးမဝင်ပါဘူး။ အဲဒီနောက် ဆွေမျိုးတွေအကူညီနဲ့ တံခါးကို ဖျက်ပြီး ဝင်ခဲ့ကြရာ အခုလို အဖြစ်ဆိုးမြင်ကွင်းကိုတွေ့လိုက်ရတာပဲဖြစ်ပါတယ်ဒီမြင်ကွင်းကြောင့် မိခင်ဟာ ချက်ခြင်းမူးမေ့လဲကျသွားခဲ့ရပါတယ်။
မိန်းကလေးက ထွက်ပြေးဖို့ ကြိုးစားပေမယ့် သူ့ရဲ့ ဦးလေးနဲ့ ဆွေမျိုးတွေက ဝိုင်းဝန်းတာဆီး ချုပ်နှောင်နိုင်ခဲ့ပါတယ် ဒီလိုဖမ်းဆီးတဲ့အတွက် ဦးလေးဖြစ်သူရဲ့ ဦးခေါင်းကို ကျောက်ခဲနဲ့ ထုသလို သူ့ကိုဟောင်နေတဲ့ အိမ်မွေးခွေးကိုလည်း ပြန်ကိုက်ခဲ့တယ်လို့ ဆိုပါတယ်
သူမဟာ မောင်လေးဖြစ်သူကို ဂိမ်းကစားကြမယ်လို့ မြူဆွယ်ခဲ့ပြီး အခန်းထဲကို လာအောင် ချော့ပြီးမှ ခေါင်းအုံးနဲ့ဖိကာ အသက်ရှုကြပ်သေအောင် သတ်ခဲ့ပါတယ် ကလေးကိုသတ်ဖြတ်ရာမှာ သုံးခဲ့တဲ့ မီးဖိုဆောင်သုံးဓါးတွေကိုလည်း သက်သေအဖြစ် တွေ့ရှိခဲ့ပါတယ်။
“အခုလိုဖြစ်တာဟာ မကောင်းဆိုးရွားဝင်ပူးလို့လားဆိုတာကို ကျွန်တော်တို့ စုံစမ်းနေပါတယ်” ဟု ရဲအရာရှိက ပြောကြားခဲ့ပါတယ်။ မိသားစုဝင်တွေရဲ့ အဆိုအရ မိန်းကလေးဟာ တစ်ခါမှ ပြသနာရှာတာ၊ ပူဆူတာတွေမလုပ်ဖူးပဲ အေးအေးဆေးဆေးနေတတ်သူဖြစ်တယ်လို့ ဆိုပါတယ်
လက်တလောမှာတော့ မူးယစ်ဆေးဝါး သုံးစွဲမှု ရှိမရှိ ဆေးစစ်ပြီး အမှုမှန်ပေါ်ပေါက်အောင် စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။ ကလေးရဲ့အလောင်းကိုတော့ သောကြာနေ့က သင်္ဂြိုလ်ခဲ့ကြပါတယ်။
Credit-MPA
https://updatenew.net/archives/17673?fbclid=IwAR3LjOMmAfMcqWX79wb3YOZYuV-lrG5rBemkZjSO9W1ItbCcZUyOcbzG8_g
No comments:
Post a Comment