မန္တလေးပြည်သူ့ဆေးရုံကြီးမှာ မောင်ဖြစ်သူကို ဆုံးရှုံးခဲ့လို့ ရင်ဖွင့်နေသော မိန်းကလေးတစ်ဦးနဲ့ Ha Ha react ပေးကြသော ဆရာဝန်တစ်သိုက်
https://burmese.asia/%E1%80%99%E1%82%8F%E1%81%B2%E1%80%B1%E1%80%9C%E1%80%B8%E1%80%BB%E1%80%95%E1%80%8A%E1%80%B9%E1%80%9E%E1%80%B0%E1%82%94%E1%80%B1%E1%80%86%E1%80%B8%E1%80%9B%E1%80%B6%E1%80%AF%E1%82%80%E1%80%80%E1%80%AE/?fbclid=IwAR3PkncqrHlOWkQlx98tP6MoXkm-TStjfSL9QkrUyTq3Fnz0EVsC6Y99i_Y

“အသက်၂၃ နှစ် ငယ်ရွယ်သေးတဲ့ငါ့မောင်အသက်ကိုနုတ်သွားတဲ့မန္တလေးပြည်သူ့ဆေးရုံကြီးမှာ မောင်ဖြစ်သူကို ဆုံးရှုံးခဲ့လို့ ရင်ဖွင့်နေသော မိန်းကလေးတစ်ဦးနဲ့ Ha Ha react ပေးကြသော ဆရာဝန်တစ်သိုက် မန္တလေးပြည်သူ့ဆေးရုံကြီး

ဒီလောက်ကြီးတဲ့ operation လုပ်ထားတဲ့လူနာကို ပိုးသတ်ထားတဲ့အခန်းတောင်မပေးနိုင်တဲ့ မန္တလေးဆေးရုံကြီး
သီးသန့်ခန်းတောင်းတော့လဲ အသဲအစားထိုးလူနာရှိလို့တဲ့ ဘယ်မှာလဲ အသဲအစားထိုးလူနာ ဆေးရုံစတက်တဲ့နေ့ကစ ငါ့မောင်ဆုံးသွားတဲ့ ၆ရက်အတွင်း လွှတ်နေတဲ့သီးသန့်ခန်း၃ခန်းမှာ လူနာလုံးဝမရှိဘူး
ဘာခွဲစိပ်မှုမှမရှိ အောက်စီဂျင်ပဲတပ်ထားရတဲ့ အဘွားကြီးကိုကျ ဝန်ကြီးချုပ်PSOရဲ့အမေမို့ VIP ဆိုပြီး သီးသန့်ခန်းပေးတယ် ဆိုင်ရာပိုင်ရာတွေနဲ့ချိပ်နိုင်မှ ကိုယ့်အသက် save ဖြစ်မဲ့ မန္တလေးပြည်သူ့ဆေးရုံ
ငါ့မောင်လေးလုံးဝမစိုးရိမ်ရတဲ့အခြေအနေကနေ ရုတ်တရက်ဖောက်ပြီးဆုံးသွားခဲ့တယ် ရင်ခွဲရုံကအဖြေထွက်လာတော့ ကြားရတာက မေးခိုင်ပိုးဦးနှောက်ထဲဝင်လို့သေတာတဲ့
ငါ့မောင်လေး ည၁၁:၃၀လောက်အခြေအနေစဖောက်တည်းက ဆရာဝန်ခေါ်တယ် ချက်ခြင်းလုံးဝမလာတဲ့ မန္တလေးပြည်သူ့ဆေးရုံ
ငါ့မောင်လေး ည၁၁:၃၀လောက်အခြေအနေစဖောက်တည်းက ဆရာဝန်ခေါ်တယ် ချက်ခြင်းလုံးဝမလာတဲ့ မန္တလေးပြည်သူ့ဆေးရုံ
မနက်၎:၀၀ အထူးကြပ်မတ်ဆောင်က လာကြည့်တယ် ပြန်ပြောတာကလဲ ခုလောလောဆယ် အထူးကြပ်မတ်ဆောင်ကခေါ်မခေါ် အထက်လူကြီးကိုပြောရဦးမယ်တဲ့ လူတစ်ယောက်ရဲ့အသက်တစ်ချောင်းကို ကလေးကစားစရာလိုသတ်မှတ်တဲ့ မန္တလေးပြည်သူ့ဆေးရုံ


operation ဝင်ထားတာမို့ ညစ်ပတ်စုတ်ပြတ်နေတဲ့နေရာမှာငါ့မောင်ကိုမထားချင်လို့ အပြင်ဆေးရုံကသီးသန့်ခန်းမှာထားမယ်ဆိုပြီး ဆေးရုံဆင်းလက်မှတ်တောင်းတော့လဲ လုံးဝထုတ်မပေးဘူး ပြန်ပြောတာက တခြားပြောင်းချင်ရင် ဘာဆေးစာရွက်မှယူမသွားနဲ့ ဆေးရုံကခိုးဆင်းသွားတဲ့ လူနာကိုဘာစေတနာမှမရှိ ပြီးပြီးရောနဲ့ ဆရာဝန်ဆိုတဲ့ဂုဏ်ပုဒ်ကိုမက်|အသက်မွေးဝမ်းကြောင်းပညာအဖြစ်သတ်မှတ်ကြတဲ့ မန္တလေးပြည်သူဆေးရုံမှ ဆရာ/ဆရာမ တစ်ချို့နဲ့ နပ်စ်မတစ်ချို့များ
ပြည်သူတွေသတိထားကြပါနောက်ထပ် ကျွန်မမောင်လေးလို အဖြစ်မခံကြပါနဲ့” ဆိုပြီး ရင်ဖွင့်ထားတာပါ

မန်းလေးပြည်သူ့ဆေးရုံကြီးမှာ သူ့မောင်လေး ဆုံးသွားလို့ ဆေးရုံကိုမကျေနပ်ကြောင်းပိုစ့်တင်တယ် ….

.ဆေးရုံနဲ့လူနာနဲ့ လူနာရှင်ကြားမှာဘယ်လိုဖြစ်တယ်ဆိုတာ ကျွန်တော်တို့အနေနဲ့ အသေးစိတ်မသိနိုင်လို့ မဝေဖန်လိုပေမယ့်လူတစ်ယောက်သေဆုံးသွားတဲ့ကိစ္စဟာရယ်စရာမဟုတ်ပါဘူး .


ဒါပေမယ့် ကာယကံရှင်ကောင်မလေးရဲ့ပိုစ့်မှာ ha ha react လာပေးကြတဲ့သူတော်တော်များများဟာဆေးကျောင်းတက်နေသူတွေ ဆရာဝန်တွေ ဖြစ်နေတာကိုတော့ အင်မတန်မှ အံ့သြမိရပါတယ် …


သာမန်အကောင့်တုသုံးနေသူတွေ ပညာမတတ်တဲ့ ၁၅၀၀ တန် sim card နဲ့ fb acc ဖွင့်ထားသူတွေဒီလိုလုပ်ရင်တောင်မှ ဝိုင်းဝန်းလမ်းကြောင့်တည့်ပေးရမှာမဟုတ်ဘူးလားဗျာ …


ဒီလိုပညာတတ် လူ့အသက်ကိုကယ်ဆယ်ဖို့ နှစ်ရှည်လများပညာသင်ကြားခဲ့ကြတဲ့ ဆရာဝန်လောင်းလျာတွေ ဆရာဝန်တွေဟာဘယ်လိုခံယူချက် ဘယ်လိုစိတ်ကူးနဲ့များ ha ha react ပေးရသလဲဆိုတာစဉ်းတောင်မစဉ်းစားတတ်တော့ပါကြောင်း
No comments:
Post a Comment