ads

sponsor

Wednesday, April 24, 2019

လူထွက်တော့မယ်….အဖေရယ် ” အမေရယ်

လူထွက်တော့မယ်….အဖေရယ် ” အမေရယ်

 လူထွက်တော့မယ်….အဖေရယ် ” အမေရယ်”


” လူထွက်တော့မယ်….အဖေရယ် ” အမေရယ်”
ကလင်…. ကလင်….
ဖုန်းခေါ်သံလေးကြားပြီးကိုင်လိုက်တော့ ဟဲလို သမီးလား ဟုတ်တယ်အမေ သမီးဒီနှစ်ပြန်လာရင် လူထွက်တော့မယ် အဖေအမေဘာဖြစ်လို့လဲဆရာလေးရယ်…
အေးပါကွယ် အမေ့ဆီသီလရှင်ဝတ်ရဲ့လေးတော့ ပြန်ခဲ့ပါကွယ်။
ဒေါ်တင်မေ တစ်ယောက်အတွေးများစွာ နှင့်နေပြီးစဉ်းစားနေတော့တယ်။မွေးထားတဲ့သားသမီး ၃ ယောက်ထဲမှာ “သမီးသီလရှင်လေးကအကြီးဆုံး သားလေးနှစ်ယောက်နှင့်အတူတကွနေတာပေါ့
သမီးလေးကို ၁၀ နှစ်အရွယ်တည်းက သီလရှင်ဝတ်ပေးခဲ့ပြီး စစ်ကိုင်းမှာ ဘုရားစာပါဠိတွေကိုသင်ယူစေခဲ့တယ်။
သမီးလေးအဖေကငယ်ငယ်ရွယ်ရွယ်နှင့်အလုပ်သွားလုပ်ပီး မိခင်တစ်ယောက်တည်းရုန်းကန်နေရတာကို သနားလို့ထင်ပါတယ် သမီးကဒီနှစ်မှလူထွက်မယ်
စကားကိုပြောတော့ ဒေါ်တင်မေခင်များမှာ ငိုရမလို ဖြစ်နေခဲ့တယ်။သမီးလေးကိုတော့ချော့ပြောလိုက် တာဘဲရွာကိုအရောက်တော့ပြန်ခဲ့အုံးလို့ မှာလိုက်တာဘဲ ဘုရား ဘုရား သမီးလေး သီလရှင်ဝတ်ရဲ့လေးနှင့်ဘဲပြန်ခဲ့ပါစေဘုရား ဆိုပြီး ဘုရားရှေ့မှာဆုတောင်းနေပြီးလေ။
ရွက်ဟောင်းတွေကြွေ ရွက်သစ်တွေဝေချိန်မှာ ဒေါ်တင်မေထံ သမီးလေးသီလရှင်ပြန်လာမယ့်သတင်း ကြားတော့ ရွာလယ်ပိုင်းကသူဋ္ဌေးတစ်ဦးဆီမှာ ပိုက်ဆံ ၂ သိန်းလောက်သွားချေးပြီး သမီးလေးအတွက် SAMSUNG ဖုန်းလေးတစ်လုံးဝယ်ထားလိုက်တယ်။
သူ့စိတ်ကူးကတော့သမီးလေးကိုဒီဖုန်းလေးနှင့်ချော့ပြီးလူမထွက်အောင်တားမယ်ပေါ့။
ဟော သမီးလေးကရောက်လာပြီး..
အမေ…အမေ ရေလို့အော်ခေါ်ပြေးဖက်ထားပြီး…
သားမိနှစ်ယောက်အပြိုင်ငိုနေကြပြီး။ဒေါ်တင်မေက သမီးလေးမျက်နှာမှမျက်ရည်တွေကိုလက်လေးနှင့် သုတ်ပေးပြီး ငါ့သမီးလေးအရမ်းပိန်သွားပါလားကွယ် သမီးရယ် စိတ်တွေဘယ်လောက်ဆင်းရဲနေလို့ဟင်း အမေ့ကိုပြောပြပါကွယ်။အမေရယ်သမီးလူထွက်ချင်တာ အမေ့ကိုသနားလို့ပါ။
အမေမောင်လေးနှစ်ယောက်ကို တစ်ယောက်တည်းလုပ်ကျွေးနေတာသမီးမကြည့်ရက် လို့ပါအမေ။သမီးရယ်အမေကိုထည့်မတွက်ပါနဲ့သမီးလေးအဆင်ပြေဖို့ကအဓိကပါ အမေကဘာမှမဖြစ်ဘူးကဲ ကဲ သမီးလေးအမေ့တွက်ဆိုလူတော့မထွက်ပါနဲ့နော်
အမေရယ် သမီးလေးသီလရှင်ဘဝကိုမြတ်နိုးပါတယ်ဒါပေမဲ့လေ အရာရာမှာနိမ့်ကျလွန်းပြီး ဘေးဖယ်ထားတဲ့သမီးတို့ဘဝကိုကြာလာတော့စိတ်ပျက်မိတယ်အမေ။
သမီးတို့မှာ ဘုန်းကြီးကိုရင်တွေလို ဆွမ်းခံစားရတာမဟုတ်ဘဲ အဖိတ်နေ့ ဥပုသ်နေ့လေးတွေမှာ ရပ်တကာ မြို့တကာလှည့်ပြီး နေပူခံမိုးရွာမိ တစ်အိမ်ဝင်တစ်အိမ်ထွက်ဆန်လေးတွေလိုက်အလှူ ခံရတာပါအမေ။တစ်အိမ်မှာ ဆန်တစ်ဇွန်လောက်ဘဲရပြီး တစ်ရပ်ကွက်လုံးမှဆန်လေး ၃ ပြည်လောက်ရ အဲဒီဆန်တွေကို ဈေးဆိုင်မှပြန်ရောင်း ရတဲ့ငွေလေးတွေ နှင့်သမီးတို့၏အာဟာရအတွက် ချက်ပြုတ်စားရတာပါအမေ။တစ်ချို့ဒကာတွေက ပြောသေးတယ်အမေ ဒါနဆန်များပါရှင်လို့အလှူ ခံရင် နင်တို့လုပ်စားရှိလို့လား နင်တို့လင်အိမ်တွေမို့လားဆိုပြီး…
အပြောခံရတယ်အမေ သူတို့လောင်းတာကနည်းနည်း ပြောခံရတာတွေများလာတော့ ပုထုဇဉ်ဆိုတဲ့ သမီးတို့နှလုံးသားတွေကကြာကြာမခံနိုင်တော့ဘူးအမေ ဒီခေတ်ကြီးမှာတိုးတက်လာတာနှင့်အမျှ မိန်းကလေးအသုံးအဆောင်တွေကလည် လိုချင်စရာတွေပါဘဲ ဒါပေမဲ့ကိုယ့်စိတ်ကိုပြန်ထိန်း ငါဟာဘုရားသမီးတော်စစ်စစ် ဒါတွေနှင့် ငါကဘာမှမဆိုင်ဘူးဆိုပြီးအံကိုကြိတ်ပြီး စိတ်ကိုနိုင်ထိန်းထားခဲ့တယ်အမေ တစ်ခါတစ်လေမှာလေ ဘိက္ခုနီသာသနာ သီလရှင်သာသနာစခဲ့တဲ့ မိထွေတော်ဂေါတမီတို့ ယသော်ဓရာတို့ကိုအပြစ်တင်ချင်မိတယ်အမေ သူတို့ကဘုရားခွင့်မပြုခဲ့တာတောင် ဘိက္ခုနီသာသနာကိုရအောင်ဝင်ခဲ့တယ်…
သူတို့အဲဒီလိုဝင်ခဲ့လိုသမီးတို့သီလရှင်တွေ အခုလိုဝတ်နေရတာလို့အပြစ်မြင်မိတယ်အမေ ဒါတောင်တစ်ချို့ယောကျာင်္းတွေက သီလရှင်တွေကိုကန့်တော့ရင်ဘုန်းနိမ့်တယ်ထင်လား မသိဘူးအမေ သမီးတို့ဆိုယောကျာင်္းတွေမရှိခိုးဘူး ရှိခိုးခံချင်လို့ပြောတာမဟုတ်ပါဘူးအမေအနှိမ်ခံရလို့ပါ။
ရဟန်းတွေ ကိုရင်တွေဆိုလှူ မယ့်လူ ရဟန်းခံမယ် ရဟန်းဒကာတွေပေါမှပေါအမေ သမီးတို့ဆရာလေးတွေအသက် ၂၀ပြည့်လို့လဲ ဘယ်သူမှရဟန်းဒကာလာမခံပါဘူးအမေ ကိုယ်ကျက်မယ့်စာအုပ်ကို ကိုယ့်ဘာသာကိုယ်ဝယ်…
ကိုယ့်ဘဝကိုယ်လျှောက်လမ်းရတဲ့ခရီးတွေ ကြာလာတော့ပြိုလဲချင်နေပြီးအမေ ပြီးတော့အမေ ကျောင်းတွေမှာနေဖို့စရိတ်ကိုလည် ကျောင်းထိုင်ဆရာကြီးတွေကိုပေးရတယ်အမေ သူတို့ကိုလည်အပြစ်မမြင်ပါဘူး…
ဒီဘက်ခေတ်မှာ ကုန်ဈေးနှုန်းတွေကကြီး ရေဖိုး မီးဖိုးတွေနှင့် အပြင်ကကျောင်းသားတွေတက်တဲ့….
ပိုက်ဆံနဲ့ဘာမှမပြောပါးပေမယ့် ဘယ်သူကမှ မလှူ တဲ့သမီးတို့ဘဝမှာတော့ ငွေတစ်သိန်းဆိုတာ အင်မတန်မှရှားပါးပါတယ်အမေ့ကိုလည်ဒီထက်ဒုက္ခမပေးချင်တော့ဘူးဒါကြောင့်သမီးကိုလူထွက်ခွင့်ပေးပါနော် သမီးလေးကသူပြောချင်တာတွေပြောတာကိုနားထောင်ပြီးရော့ ဒါသမီးအတွက်အမေဝယ်ပေးတာဖုန်းလေးကိုထုတ်ပေးတော့ သမီးလေးကဝမ်းသာသလိုရှိပေမဲ့ မျက်ရည်တွေကျလာတယ်။
အမေရယ် အမေ့မှာပိုက်ဆံမရှိဘဲ ဒီဖုန်းကိုဘာလို့ဝယ်တာလဲအမေ သမီးနှင့်အမေဖုန်းပြောရအောင်ပေါ့ကွယ်..
ပြီးတော့သမီးလည်တရားတွေနား ဗဟုသုတတွေလည်ရှာလို့ရတာပေါ့ကွယ်…
သမီးရယ်ယူပါသမီးလူမထွက်ရင်အမေဘာဘဲလုပ်ပေးရ လုပ်ပေးရ ဘာမှမဖြစ်ဘူးသမီးလေးလူမထွက်ဖို့သာအဓိကပါ သမီးတို့အခက်အခဲတွေကိုနားလည်ပါတယ်သမီးရယ်
သမီးတို့မှာဒီသီလရှင်သာသနာကိုမထမ်းရင်ရှေ့ကထမ်းဆောင်သွားတဲ့ အမျိုးသမီးအရိယာကြီးတွေကိုအားနာတယ်သမီး အမေတို့မိန်းမသာသနာဆိုလို့ဒီသီလရှင်သာသနာတစ်ခုဘဲရှိတယ်သမီးအရေအတွက်ကိုလည်ကြည့်အုံးသမီးသံဃာတွေ သိန်းချီပြီး ရှိနေပေမယ့်အမျိုးသမီးသာသနာပြုတွေကသောင်းဂဏန်းဘဲရှိတယ်သမီး ကျေးဇူးပြု ပြီးထမ်းဆောင်ပေးပါသမီးရယ်…..
အမေတို့မိန်းမသားတွေအတွက်ဂုဏ်ယူရတဲ့ဘုရားသာသနာအဖြစ်ထမ်းဆောင်ပေးပါသမီးရယ်..
သမီးလေးလည် ဒေါ်တင်မေဆုံးမချက်တွေနားထောင်ပြီးစစ်ကိုင်းကိုပြန်စာတွေသင်ပြီးဓမ္မာစရိယထိပြီးအောင်နေသွားခဲ့တယ် ဆရာလေးအမည်ကတော့ မပညာနန္ဒတဲ့
သာသနာပြုနေသောအစ်မတော်ညီတော်များ၏ဘဝတွေကိုဤစာဖြင့်ရေးသားဂုဏ်ပြုလိုက်ပါသည်။
မိန်းမဘဝရပေမဲ့ရလာတဲ့လူဘဝကိုအရှုံးမပေးဘဲရဟန်းသံဃာများနှင့်တန်းတူသာသနာပြုနေတဲ့အတွက်အစဉ်လေးစားနေပါသည်။
သီလရှင်လေးများကိုတန်ဖိုးထားနိုင်ကြပါစေ။credit-
https://updatenew.net/archives/18905

No comments:

Post a Comment