ads

sponsor

Tuesday, April 2, 2019

ငါးဖမ်းနေစဉ် ၀ါးယာကြိုး ပေါက်ထွက်၍ ၁၃ ဦး ပါတဲ့ စက်လှေ တစ်စီးလုံး ဓါတ်လိုက်မှု ဖြစ်ပွား

မြိတ်၊ ဧပြီလ (၂)။ ။
ကျွန်းစုတွင် ကင်းမွန်မီးထွန်း စက်လှေ တစ်စီး ၀ါယာကြိုး ရှော့ဖြစ်၍ လှေ တစ်စီးလုံး ဓါတ်လိုက်မှု ဖြစ်ပွားကာ တစ်ဦးသေဆုံး
မြိတ်ကျွန်းစု ရေပြင်ရှိ ပိန္နဲကျွန်း အနီးတွင် ဧပြီလ ၂ ရက်နေ့ နံနက် ၄ နာရီ အချိန်ခန့်တွင် ကင်းမွန် မီးထွန်း စက်လှေ တစ်စီး ငါးဖမ်း နေစဉ်ဝါးယာကြိုးပေါက်ထွက်၍ လှေ တစ်စီးလုံး ဓါတ်လိုက်မှု ဖြစ်ပွားကာ ရေလုပ်သား တစ်ဦး သေဆုံးမှု ဖြစ်ပွား ခဲ့ကြောင်းသိရသည်။
ဓါတ်လိုက်မှု ဖြစ်ပွားခဲ့သည့် အဏ္ဍ၀ါမိုး (၁၁) ကင်းမွန်မီးထွန်း စက်လှေပေါ်တွင် ပဲ့နင်း အပါဝင် ရေလုပ်သား စုစုပေါင်း ၁၃ ဦး ပါရှိကြောင်းသိရသည်။

အဆိုပါ စက်လှေမှာ ရေလုပ်သားများ ငါးဖမ်းပိုက် ဆွဲနေစဉ် ၀ါယာကြိုး ပေါက်ထွက်ပြီး၊ သံတန်း လက်ယမ်းပေါ်သို့ ၀ါယာကြိုးဇ ပြုကျရာမှ ဓါတ်လိုက်မှု ဖြစ်ပွားခဲ့သည်ဟုသိရသည်။
ဝါယာကြိုးကြောင့် ရှော့ဖြစ်ဖြစ်၍ သေဆုံးသူမှာ ရေလုပ်သား ကိုရဲဝင်းသူ အသက် (၂၄) နှစ် ဖြစ်ကြောင်းသိရသည်။

အဆိုပါ စက်လှေအား လူသေဆုံးမှုနဲ့ ပတ်သက်၍ အလောင်းကို မြိတ်ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ကာ မြိတ်မြို့မရဲစခန်းမှ အမှုဖွင့် စစ်ဆေးမှုများ ပြုလုပ်နေကြောင်းသိရသည်။
Myeik Online Tv

https://updatenew.net/archives/17111

No comments:

Post a Comment