ads

sponsor

Monday, April 22, 2019

ဒီကေလးေလးက သူတို႔လက္ထဲမွာ အၿမဲအိပ္ေနရတယ္..

ဒီကေလးေလးက သူတို႔လက္ထဲမွာ အၿမဲအိပ္ေနရတယ္..

ဒီကေလးေလးက သူတို႔လက္ထဲမွာ အၿမဲအိပ္ေနရတယ္..


ဒီကေလးေလးက သူတို႔လက္ထဲမွာ အၿမဲအိပ္ေနရတယ္..
လူသားျဖစ္တည္မူဟာ ရခဲလွျပီး ျမင့္ျမတ္လွတယ္လို႕ ယုံၾကည္မူနဲ႕အတူ ဒီလို လူသားအျဖစ္ရရွိလာတဲ့ ကေလးငယ္ေလးအေပၚ ႏွိပ္စက္ညွင္းပန္းျပီး လူကို လူခ်င္း ညွင္းဆဲျပီး အက်ိဴးအျမတ္ယူေနၾကတာျမင္မိတုိင္း အသည္းတဆတ္ဆတ္နာမိတယ္။
ဗိုလ္ခ်ဴပ္လမ္းေပၚက central hotel ေရွ႕မွာ ကေလးကို ပလက္ေဖာင္းေပၚခ် ထမင္းဖိုးေလးမ်ားေပးသြားပါ ဆိုတဲ့ အမ်ိဳးသမီးကို ျမင္ရတာ မေဟာသဓာ သားတရားစီရင္ခန္းက ဘီးလူးမ ကို စိတ္ကူးနဲ႕ျမင္ရသလိုပါပဲ။ ကိုယ့္သားသမီး မဟုတ္လို႕ အသုံးခ် လုပ္စားမယ္ဆိုတဲ့ အသြင္ဟာ သူမ မ်က္ႏွာမွာ အတိုင္းသာ ေပၚေနတယ္။ သနပ္ခါးအေဖြးသားလူးထားျပီး က်န္းက်န္းမာမာရွိပါလ်က္ လူမမယ္ကေလးကို ညစ္ပတ္ေပေရ ပူေလာင္ေနတဲ့ ပလက္ေဖာင္းေပၚထားျပီး သနားၾကပါ ထမင္းဖိုးေလးေပးပါ လို႕ ေတာင္းဆိုေနသူကို သနားစိတ္ထက္ ရြံမုန္းမိတယ္။
ဓာတ္ပုံမရိုက္ခင္က ကေလးက ပလက္ေဖာင္းၾကမ္းျပင္ေပၚမွာ။ ေဘးကေနလာရပ္လိုက္ေတာ့ ကေလးကို သူမ ေပါင္ေပၚေျပာင္းတင္လိုက္တယ္။
မေန႕တေန႕က ေတာင္းစားေနတုန္းက သုံးႏွစ္နီးပါးရွိတဲ့ ကေလးေလး အသားညိဳညိဳ မ်က္လုံးကေလးမွိတ္ေနတဲ့ ကေလးေလးဟာ သူမ နဲ႕ တစက္မွ မတူသလို သူမဆီက မိခင္ လို မ်က္လုံးအၾကည္႕ တစက္မွ မရွိလို႕ သတိထားေနမိခဲ့တယ္။ ဒီေန႕က်ျပန္ေတာ့ တကယ့္နီတာရဲေလး။ ၾကည့္ရင္း ၾကည္ရင္း စိတ္မေကာင္းျဖစ္လြန္းလွတယ္။

ဆင္းရဲျပီး ေတာင္းမစားပဲ ပင္ပင္ပန္းပန္း လုပ္ကိုင္စားေသာက္ေနတဲ့ သားသည္အေမ မ်ားစြာ ျမင္ဖူးတယ္။ သူတို႕ရဲ႕ မ်က္လုံးေတြဟာ ႏြမ္းလ်ေပမယ့္ သားသမီးကို ရွိတာေလး ေက်ြးခ်င္ၾကတဲ့ မိခင္စိတ္က မ်က္လုံး မွာဖတ္လို႕ရတယ္။
အခု ေတာင္းစားေနတဲ့ အမ်ိဳးသမီးေတြဟာ သူမ်ားဆီက ကေလးကိုယူ လုပ္စားတဲ့ ဘီးလူးမ မ်က္၀န္းေတြ ရက္စက္တယ္။ လူမဆန္ဘူး။
ဒီ ေျမေပၚခ်ထားတဲ့ နီတာရဲေလးဟာ ဘယ္ေလာက္ထိ အသက္ရွင္ႏိုင္မွာလဲ။ အသက္ရွင္ခဲ့ရင္ေကာ သူ လူစဥ္မွီပါ့မလား။ ေသသြားေတာ့ေကာ ဘယ္သူ႕သိႏိုင္ပါ့မလဲ။ ေၾကာင္တေကာင္ေသသလိုပဲ ကေလးေလးဟာ ေျမၾကီးထဲမွာနားခိုရမွာ။
ကေလး သူငယ္ ညွင္းပန္းႏွိပ္စက္ ေရး ဥပေဒ ေတြ နဲ႕ အေရးယူေပးၾကရင္ေကာင္းမယ္။ဒီအတိုင္းၾကည္႕ေနရင္ ဒီကေလးေလး တေန႕ ေသမွာပဲ ဒီမိန္းမ ရဲ႕ မ်က္လုံးက ဘီးလူးေရာင္ ေတာက္လာမွာပဲ။
လမ္းေဘးေစ်းသည္ ကိုေတာင္ ေစ်းဗန္းသိမ္းျပီး ဖမ္းလို႕ရေသးရင္ ဒီကေလးေလး ကို လုံျခဳံရာမွာ သိမ္းျပီး ဒီ လို လုပ္စားၾကတဲ့ လူေတြကို ဖမ္းလို႕ အေရးယူလို႕မရဘူးလား။

မ်က္လုံးကေလးမွိတ္အိပ္ေျခေတြလက္ေတြမွာ အဖုအပိန္႕ဒဏ္ရာေတြနဲ႕ ပလက္ေဖာင္းၾကမ္းျပင္ေပၚက ကေလးေတြကိုျမင္တိုင္း အသည္းတဆတ္ဆတ္နာတယ္။
လုပ္စားစရာမရွိဘူးဆိုတဲ့ အေမွာင္ထဲေရာက္ေနရတဲ့ မိန္းမသားေတြကို စာနာပါတယ္။သို႕ေပမယ့္ လုပ္စားစရာမရွိလို႕ အပစ္မဲ့ ကေလးကို ႏွိပ္စက္ညွင္းပန္းေနတာထက္ ကိုယ့္ကိုယ္ကို ေရာင္းစားတဲ့ မိန္းမသားကမွ ျမတ္ေသးတယ္။
Htu Htat Htein
Unicode
ဒီကလေးလေးက သူတို့လက်ထဲမှာ အမြဲအိပ်နေရတယ်..
လူသားဖြစ်တည်မူဟာ ရခဲလှပြီး မြင့်မြတ်လှတယ်လို့ ယုံကြည်မူနဲ့အတူ ဒီလို လူသားအဖြစ်ရရှိလာတဲ့ ကလေးငယ်လေးအပေါ် နှိပ်စက်ညှင်းပန်းပြီး လူကို လူချင်း ညှင်းဆဲပြီး အကျိူးအမြတ်ယူနေကြတာမြင်မိတိုင်း အသည်းတဆတ်ဆတ်နာမိတယ်။
ဗိုလ်ချူပ်လမ်းပေါ်က central hotel ရှေ့မှာ ကလေးကို ပလက်ဖောင်းပေါ်ချ ထမင်းဖိုးလေးများပေးသွားပါ ဆိုတဲ့ အမျိုးသမီးကို မြင်ရတာ မဟောသဓာ သားတရားစီရင်ခန်းက ဘီးလူးမ ကို စိတ်ကူးနဲ့မြင်ရသလိုပါပဲ။ ကိုယ့်သားသမီး မဟုတ်လို့ အသုံးချ လုပ်စားမယ်ဆိုတဲ့ အသွင်ဟာ သူမ မျက်နှာမှာ အတိုင်းသာ ပေါ်နေတယ်။ သနပ်ခါးအဖွေးသားလူးထားပြီး ကျန်းကျန်းမာမာရှိပါလျက် လူမမယ်ကလေးကို ညစ်ပတ်ပေရေ ပူလောင်နေတဲ့ ပလက်ဖောင်းပေါ်ထားပြီး သနားကြပါ ထမင်းဖိုးလေးပေးပါ လို့ တောင်းဆိုနေသူကို သနားစိတ်ထက် ရွံမုန်းမိတယ်။
ဓာတ်ပုံမရိုက်ခင်က ကလေးက ပလက်ဖောင်းကြမ်းပြင်ပေါ်မှာ။ ဘေးကနေလာရပ်လိုက်တော့ ကလေးကို သူမ ပေါင်ပေါ်ပြောင်းတင်လိုက်တယ်။
မနေ့တနေ့က တောင်းစားနေတုန်းက သုံးနှစ်နီးပါးရှိတဲ့ ကလေးလေး အသားညိုညို မျက်လုံးကလေးမှိတ်နေတဲ့ ကလေးလေးဟာ သူမ နဲ့ တစက်မှ မတူသလို သူမဆီက မိခင် လို မျက်လုံးအကြည့် တစက်မှ မရှိလို့ သတိထားနေမိခဲ့တယ်။ ဒီနေ့ကျပြန်တော့ တကယ့်နီတာရဲလေး။ ကြည့်ရင်း ကြည်ရင်း စိတ်မကောင်းဖြစ်လွန်းလှတယ်။
ဆင်းရဲပြီး တောင်းမစားပဲ ပင်ပင်ပန်းပန်း လုပ်ကိုင်စားသောက်နေတဲ့ သားသည်အမေ များစွာ မြင်ဖူးတယ်။ သူတို့ရဲ့ မျက်လုံးတွေဟာ နွမ်းလျပေမယ့် သားသမီးကို ရှိတာလေး ကျွေးချင်ကြတဲ့ မိခင်စိတ်က မျက်လုံး မှာဖတ်လို့ရတယ်။
အခု တောင်းစားနေတဲ့ အမျိုးသမီးတွေဟာ သူများဆီက ကလေးကိုယူ လုပ်စားတဲ့ ဘီးလူးမ မျက်ဝန်းတွေ ရက်စက်တယ်။ လူမဆန်ဘူး။
ဒီ မြေပေါ်ချထားတဲ့ နီတာရဲလေးဟာ ဘယ်လောက်ထိ အသက်ရှင်နိုင်မှာလဲ။ အသက်ရှင်ခဲ့ရင်ကော သူ လူစဉ်မှီပါ့မလား။ သေသွားတော့ကော ဘယ်သူ့သိနိုင်ပါ့မလဲ။ ကြောင်တကောင်သေသလိုပဲ ကလေးလေးဟာ မြေကြီးထဲမှာနားခိုရမှာ။
ကလေး သူငယ် ညှင်းပန်းနှိပ်စက် ရေး ဥပဒေ တွေ နဲ့ အရေးယူပေးကြရင်ကောင်းမယ်။ဒီအတိုင်းကြည့်နေရင် ဒီကလေးလေး တနေ့ သေမှာပဲ ဒီမိန်းမ ရဲ့ မျက်လုံးက ဘီးလူးရောင် တောက်လာမှာပဲ။
လမ်းဘေးစျေးသည် ကိုတောင် စျေးဗန်းသိမ်းပြီး ဖမ်းလို့ရသေးရင် ဒီကလေးလေး ကို လုံခြုံရာမှာ သိမ်းပြီး ဒီ လို လုပ်စားကြတဲ့ လူတွေကို ဖမ်းလို့ အရေးယူလို့မရဘူးလား။
မျက်လုံးကလေးမှိတ်အိပ်ခြေတွေလက်တွေမှာ အဖုအပိန့်ဒဏ်ရာတွေနဲ့ ပလက်ဖောင်းကြမ်းပြင်ပေါ်က ကလေးတွေကိုမြင်တိုင်း အသည်းတဆတ်ဆတ်နာတယ်။
လုပ်စားစရာမရှိဘူးဆိုတဲ့ အမှောင်ထဲရောက်နေရတဲ့ မိန်းမသားတွေကို စာနာပါတယ်။သို့ပေမယ့် လုပ်စားစရာမရှိလို့ အပစ်မဲ့ ကလေးကို နှိပ်စက်ညှင်းပန်းနေတာထက် ကိုယ့်ကိုယ်ကို ရောင်းစားတဲ့ မိန်းမသားကမှ မြတ်သေးတယ်။
Htu Htat Htein
https://updatenew.net/archives/18754

No comments:

Post a Comment