ads

sponsor

Showing posts with label Celebrity. Show all posts
Showing posts with label Celebrity. Show all posts

Tuesday, January 21, 2020

ဝှေးစေ့ကို နေရာမှားပြီး ခွဲစိတ်ပေးခဲ့တဲ့ဆရာဝန် တရားစွဲဆိုခံရ

ဝှေးစေ့ကို နေရာမှားပြီး ခွဲစိတ်ပေးခဲ့တဲ့ဆရာဝန် တရားစွဲဆိုခံရ

ခွဲစိတ်အထူးကုဆရာဝန်တစ်ဦးဖြစ်သူ ဒေါက်တာ V. Spencer Long ဆိုသူဟာ သူရဲ့လူနာတစ်ဦးရဲ့ ဝှေးစေ့ကို ခွဲစိတ်ဖယ်ရှားပေးခဲ့ရာမှာ ညာဘက်နဲ့ဘယ်ဘက်ကို မှားယွင်းပြီး ခွဲစိတ်ပေးခဲ့တာကြောင့် တရားစွဲဆိုခံခဲ့လိုက်ရပြီး အမေရိကန်ဒေါ်လာ ရှစ်သိန်းခုနှစ်သောင်းခန့်အထိပင် လျှော်ကြေးပေးလိုက်ရပါတယ်။
အသက် ၅၄နှစ်အရွှယ်ရှိသူ Steven Haines ဟာ လွန်ခဲ့တဲ့ ၂၀၁၃ခုနှစ်တုန်းက သူရဲ့ညာဘက်ဝှေးစေ့ နာကျင်မှုကြောင့် ဒေါက်တာ V. Spencer Long ဆီမှာ လာရောက်ကုသမှု ခံယူခဲ့ပါတယ်။ Steven Haines ရဲ့ဝှေးစေ့နာကျင်မှုက ၁၅နှစ်လောက်အထိကို ရှိနေပြီဖြစ်တာကြောင့် ဓါတ်မှန်ရိုက်ကြည့်လိုက်တဲ့အခါ ထိခိုက်မှုတစ်စုံတစ်ရာကြောင့် ညာဘက်ဝှေးစေ့ဟာ အတော်လေးကို ပျက်ဆီးနေပြီးဖြစ်ပြီး ခွဲစိတ်ပြီး ဖယ်ရှားပေးရမယ့် အခြေအနေကို ရောက်ရှိနေခဲ့ပါတယ်။
ဒီလိုနဲ့ ဒေါက်တာ Long ဟာ Haines ဝှေးစေ့ကို Huntingdon မှာရှိတဲ့ J.C. Blair Memorial Hospital ဆေးရုံမှာ ခွဲစိတ်ဖယ်ရှားပေးခဲ့ပါတယ်။ ဒါပေမယ့် ဖြစ်ချင်တော့ အကောင်းတိုင်းရှိနေတဲ့ Haines ဘယ်ဘက်အခြမ်းက ဝှေးစေ့ကို မှားယွင်းပြီး ဖယ်ရှားမိသွားခဲ့ပါတယ်။ ထို့ကြောင့် Haines ဟာ ဒေါက်တာ Long ကို ဝှေးစေ့ မှားယွင်းစွာ ဖယ်ရှားခဲ့မှုနဲ့ပတ်သက်ပြီး တရားစွဲဆိုခဲ့လိုက်ပါတယ်။
ဒီအမှုနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က Huntingdon County တရားရုံးကနေ အမိန့်ချမှတ်လိုက်ခဲ့ကာ လူနာ Haines ကို နာကျင်ပျက်ဆီးစေမှုကြောင့် အမေရိကန်ဒေါ်လာ ၆၂၀၀၀၀ လျှော်ကြေးပေးဆောင်ခိုင်းပြီး အလုပ်ကို နမော်နမဲ့ လုပ်ကိုင်ခဲ့ခြင်းကြောင့် ဒေါ်လာနှစ်သိန်းခွဲကိုပါ ထပ်မံလျှော်ကြေပေးခိုင်းခဲ့ပါတယ်။ ဒီလို လွဲချော်မှုတွေဟာ ဆေးပညာနယ်ပယ်မှာ မကြာခဏ ဖြစ်ပေါ်လေ့ရှိပြီး အဖြစ်အများဆုံးကတော့ ကျောက်ကပ်ထုတ်တဲ့ လူနာတွေဖြစ်ကာ မကောင်းတဲ့ကျောက်ကပ်အစား ကောင်းမွန်နေတဲ့ ကျောက်ကပ်ကို အထုတ်ခံရလို့ မကျေမနပ်ဖြစ်ပြီး တိုင်တန်းခဲ့ကြတာပဲ ဖြစ်ပါတယ်ခင်ဗျာ။
ခွဲစိတ်အထူးကုဆရာဝန်တစ်ဦးဖြစ်သူ ဒေါက်တာ V. Spencer Long ဆိုသူဟာ သူရဲ့လူနာတစ်ဦးရဲ့ ဝှေးစေ့ကို ခွဲစိတ်ဖယ်ရှားပေးခဲ့ရာမှာ ညာဘက်နဲ့ဘယ်ဘက်ကို မှားယွင်းပြီး ခွဲစိတ်ပေးခဲ့တာကြောင့် တရားစွဲဆိုခံခဲ့လိုက်ရပြီး အမေရိကန်ဒေါ်လာ ရှစ်သိန်းခုနှစ်သောင်းခန့်အထိပင် လျှော်ကြေးပေးလိုက်ရပါတယ်။
အသက် ၅၄နှစ်အရွှယ်ရှိသူ Steven Haines ဟာ လွန်ခဲ့တဲ့ ၂၀၁၃ခုနှစ်တုန်းက သူရဲ့ညာဘက်ဝှေးစေ့ နာကျင်မှုကြောင့် ဒေါက်တာ V. Spencer Long ဆီမှာ လာရောက်ကုသမှု ခံယူခဲ့ပါတယ်။ Steven Haines ရဲ့ဝှေးစေ့နာကျင်မှုက ၁၅နှစ်လောက်အထိကို ရှိနေပြီဖြစ်တာကြောင့် ဓါတ်မှန်ရိုက်ကြည့်လိုက်တဲ့အခါ ထိခိုက်မှုတစ်စုံတစ်ရာကြောင့် ညာဘက်ဝှေးစေ့ဟာ အတော်လေးကို ပျက်ဆီးနေပြီးဖြစ်ပြီး ခွဲစိတ်ပြီး ဖယ်ရှားပေးရမယ့် အခြေအနေကို ရောက်ရှိနေခဲ့ပါတယ်။
ဒီလိုနဲ့ ဒေါက်တာ Long ဟာ Haines ဝှေးစေ့ကို Huntingdon မှာရှိတဲ့ J.C. Blair Memorial Hospital ဆေးရုံမှာ ခွဲစိတ်ဖယ်ရှားပေးခဲ့ပါတယ်။ ဒါပေမယ့် ဖြစ်ချင်တော့ အကောင်းတိုင်းရှိနေတဲ့ Haines ဘယ်ဘက်အခြမ်းက ဝှေးစေ့ကို မှားယွင်းပြီး ဖယ်ရှားမိသွားခဲ့ပါတယ်။ ထို့ကြောင့် Haines ဟာ ဒေါက်တာ Long ကို ဝှေးစေ့ မှားယွင်းစွာ ဖယ်ရှားခဲ့မှုနဲ့ပတ်သက်ပြီး တရားစွဲဆိုခဲ့လိုက်ပါတယ်။
ဒီအမှုနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က Huntingdon County တရားရုံးကနေ အမိန့်ချမှတ်လိုက်ခဲ့ကာ လူနာ Haines ကို နာကျင်ပျက်ဆီးစေမှုကြောင့် အမေရိကန်ဒေါ်လာ ၆၂၀၀၀၀ လျှော်ကြေးပေးဆောင်ခိုင်းပြီး အလုပ်ကို နမော်နမဲ့ လုပ်ကိုင်ခဲ့ခြင်းကြောင့် ဒေါ်လာနှစ်သိန်းခွဲကိုပါ ထပ်မံလျှော်ကြေပေးခိုင်းခဲ့ပါတယ်။ ဒီလို လွဲချော်မှုတွေဟာ ဆေးပညာနယ်ပယ်မှာ မကြာခဏ ဖြစ်ပေါ်လေ့ရှိပြီး အဖြစ်အများဆုံးကတော့ ကျောက်ကပ်ထုတ်တဲ့ လူနာတွေဖြစ်ကာ မကောင်းတဲ့ကျောက်ကပ်အစား ကောင်းမွန်နေတဲ့ ကျောက်ကပ်ကို အထုတ်ခံရလို့ မကျေမနပ်ဖြစ်ပြီး တိုင်တန်းခဲ့ကြတာပဲ ဖြစ်ပါတယ်ခင်ဗျာ။ 

ဖေ့ဘုတ်ခ်အကောင့် ပြန်လည်ရရှိသွားပြီဖြစ်တဲ့ သင်ဇာ

ဖေ့ဘုတ်ခ်အကောင့် ပြန်လည်ရရှိသွားပြီဖြစ်တဲ့ သင်ဇာ

မနေ့က ပရိသတ်တွေရဲ့ အချစ်တော် နိုင်ငံကျော်မင်းသမီးချောလေး သင်ဇာဝင့်ကျော်ရဲ့ ဖေ့ဘုတ်ခ်အကောင့်အပိတ်ခံလိုက်ရတဲ့ အကြောင်းလေးကို ပရိသတ်တွေ သိရှိခဲ့မယ်ထင်ပါတယ်။ မမသင်ဇာရဲ့ ဖေ့ဘုတ်ခ်အကောင့်ကို Facebook Teamက ပိတ်တာကိုခံလိုက်ရတာလို့ ပြောဆိုနေကြတာဖြစ်ပြီး ကိစ္စလေးဟာ လူမှုကွန်ရက်စာမျက်နှာနဲ့ပရိသတ်တွေကြားမှာ ဟိုးလေးတစ်ကျော်ကျော် ဖြစ်ခဲ့ပါသေးတယ်။
တချို့ပရိသတ်တွေကတော့ ဒီရက်ပိုင်းအတွင်း မမသင်ဇာရဲ့ လူမှုကွန်ရက်မှာဖော်ပြတဲ့ ဆက်စီကျပြီး ခေတ်ရှေ့ပြေးလွန်းလှတဲ့ ပုံတွေကြောင့် အခုလို အပိတ်ခံခဲ့ရတာ ဖြစ်တယ်လို့လည်း ထင်ကြေးပေး ပြောဆိုနေကြပါသေးတယ်။
ဒီလို မမသင်ဇာရဲ့အကောင့် အပိတ်ခံလိုက်ရတဲ့ အပေါ်မှာ ယောက်ျားလေး ပရိသတ်တွေအတော်များများကတော့ စိတ်မကောင်းဖြစ်နေကြတာဖြစ်ပြီး တစ်ချို့သော ပရိသတ်တွေကတော့ သင်ဇာရဲ့ ဆက်စီဆန်တဲ့ ပုံတွေကြောင့် အပိတ်ခံလိုက်ရတာဆိုရင် Facebook Team က မမသင်ဇာလို ဆက်စီဆန်ဆန်ပုံတွေတင်တဲ့ အကောင့်တွေကိုကျတော့ ဘာကြောင့် မပိတ်တာလဲ လို့ ပြောဆိုနေကြတာတွေလည်း ရှိနေပါတယ်။တချို့သော ပရိသတ်တွေကလည်း ဒီလို ဆက်စီပုံတွေတင်လို့ အပိတ်ခံရတာဆိုရင်တော့ အခုလို အပိတ်ခံရတာကောင်းတယ်လို့ ပြောဆိုနေတာတွေကိုလည်းတွေ့ရပါသေးတယ်။
သို့ပေမဲ့လည်း ဒီနေ့ မနက်မှာတော့ မမသင်ဇာရဲ့ အကောင့်က ပြန်လည်ရရှိသွားပြီဖြစ်ပြီး ဘာကြောင့် အပိတ်ခံရတယ်၊ Facebook Team ကပိတ်ပစ်ခဲ့တာလား ဆိုတာကိုတော့ မမသင်ဇာကလည်း ဖော်ပြခဲ့ခြင်းမရှိသလို ချက်ချင်းအကောင့် ပြန်လည်ရရှိတာကြောင့်လည်း ပရိသတ်တွေကအံ့သြမှင်သက် ဖြစ်နေကြတာပါ။မမသင်ဇာကို အားပေးတဲ့ ပရိသတ်တွေကတော့ သင်ဇာရဲ့ အကောင့်လေးပြန်လည်ရရှိတာကို ဝမ်းသာနေကြပါတယ်။ပရိသတ်ကြီးတွေကရော သင်ဇာအကောင့် အပိတ်ခံလိုက်ရတာ ဘာကြောင့်လို့ထင်ကြလဲ။

Wednesday, July 17, 2019

ဖခင်ကို ဆေးကုသပြီးရတဲ့ ငွေကျပ်သိန်း ၁၀၀၀ ကို ကန်တော့ခဲ့တဲ့ ဆရာဝန်တစ်ယောက်

ဖခင်ကို ဆေးကုသပြီးရတဲ့ ငွေကျပ်သိန်း ၁၀၀၀ ကို ကန်တော့ခဲ့တဲ့ ဆရာဝန်တစ်ယောက်

ဖခင်ကို ဆေးကုသပြီးရတဲ့ ငွေကျပ်သိန်း ၁၀၀၀ ကို ကန်တော့ခဲ့တဲ့ ဆရာဝန်တစ်ယောက်




 
Source: Aung ThiHa
Credit to Cele Gabar
ယူနီကုဒ်နဲ့ ဖတ်ရန်
ရိုးရိုးသားသား ဆေးကုသပြီးရရှိထားတဲ့ ငွေကျပ် သိန်း(၁၀၀၀)နဲ့ ကျေးဇူးရှင် ဖခင်ကို ခြေအစုံဦးခိုက်ကာ ကန်တော့ခဲ့တဲ့ ဒေါက်တာ အောင်သီဟ
ဒေါက်တာ အောင်သီဟ ကတော့ အနုပညာလောကမှာ အနုပညာရှင်တွေ အားကိုးအားထားပြုနေရတဲ့ အလှအပရေးရာ ဆရာဝန်တစ်ယောက်ဖြစ်ပြီး ကိုယ်တိုင်ကလည်း ဆေးကုသရင်း မော်ဒယ်လ်တစ်ယောက်အနေဖြင့်လည်း ကြော်ငြာတွေ လက်ခံရိုက်ကူးပေးနေရတာမို့ အနုပညာလောကရဲ့ တစ်စိတ်တပိုင်းလို့ ဆိုရမှာပါ။ ချောမောပြီး ကြည့်ကောင်းတဲ့ မျက်နာ နဲ့အတူ အလုပ်အကိုင်မှာလည်း စေ့စပ်သေချာတာကြောင့် နှုတ်ခမ်းနီလေးတွေရဲ့ နှုတ်ဖျားမှာ ရေပန်းစားနေတဲ့ ဆရာဝန်လူချောလေးလည်းဖြစ်ပါတယ်။
လက်ရှိမှာတော့ ဒေါက်တာ အောင်သီဟ ဟာ သူကိုယ်တိုင် ရိုးရိုးသားသားဆေးကုသကာ စုဆောင်းထားတဲ့ ငွေ သိန်း(၁၀၀၀) ကျပ်တိတိကို ဖခင်ဖြစ်သူကို ကန်တော့ ခဲ့တာဖြစ်ပြီး မိဘကို ပြန်လည် လုပ်ကျွေးကာ ထောက်ပံ့နိုင်တဲ့ သားကောင်းတစ်ယောက်မို့ ပရိသတ်အများရဲ့ အားကျခြင်းကို ခံနေရတာလည်းဖြစ်ပါတယ်။ အလှအပရေးရာ ဆရာဝန်တစ်ယောက် အဖြစ် အသက်မွေးဝမ်းကြောင်းပြုကာ ရှာဖွေထားတဲ့ ဒီငွေတွေနဲ့ မကြာခင်မှာ ကျရောက်တော့မဲ့ မွေးနေ့မှာ ကားအသစ် တစ်စီး ဝယ်ယူဖို့ အစပိုင်းမှာ စိတ်ကူးထားသော်လည်း ကိုယ့်ရဲ့ လုပ်အားခနဲ့ ကျေးဇူးရှင် ဖခင်ကို လိုရာသုံးဖို့ ကန်တော့ချင်တဲ့ စိတ်ကူးလေးပေါ်လာခဲ့တာပဲဖြစ်ပါတယ်။
သူ့ အတွက် ကားအသစ်တစ်စီးကို မဝယ်ယူတော့ပဲ မိဘကို လုပ်ပေးချင်မိတဲ့ စိတ်ကူးလေးအတိုင်း
” တကယ်တော့ မွေးနေ့အမှတ်တရဆိုပြီး ကားလဲ ဖို့ အတွက်ကိုယ့်ရဲ့လုပ်အားခထဲက ဖယ်ပြီးစုထားတဲ့ ငွေသိန်း (၁၀၀၀) ပါ။မွေးနေ့နားလည်း နီးလာရောစိတ်ထဲမှာ အဖေ့ကိုပဲ ကန်တော့ချင်စိတ်အလိုလိုဖြစ်လာလို့ ။ကားမလဲ ဖြစ်တော့ပဲ အဖေ လိုရာသုံးဖို့ အဖေ့အတွက် ဒီငွေ သိန်းတစ်ထောင် နဲ့ ကန်တော့အပ်ပါတယ်။မွေးနေ့မှာ ဇိမ်ခံကားတစ်စီးရလို့ ပျော်ရွှင်ရတာထက်
မိဘရဲ့စိတ်ချမ်းသာမူ့ကြောင့် တန်ပြန်ရရှိတဲ့ ပီတိက ဘာနဲ့မှလဲလို့ရမတဲ့ မွေးနေ့အမှတ်တရ ပျော်ရွှင်မှုပါ ” လို့ သူ့ရဲ့ရင်တွင်းစကားတွေကို ရင်ဖွင့်ရင်း ငွေကျပ် သိန်း(၁၀၀၀)နဲ့အတူ ဖခင်ဖြစ်သူရဲ့ ခြေအစုံကို ဦးခိုက်ကန်တော့ခဲ့တာပဲဖြစ်တာမို့ ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ရပါတယ်နော်…။
https://ballmyanmar.com/archives/1543

Sunday, April 14, 2019

လမ်းခရီးသွားရင်းက ဈေးသည်တွေ အားလုံး ရောင်းသမျှကို ကားဆင်းရပ်ပြီး ဝယ်သွားတဲ့ မင်းသမီး နန္ဒာလှိုင်(ရုပ်သံ)

လမ်းခရီးသွားရင်းက ဈေးသည်တွေ အားလုံး ရောင်းသမျှကို ကားဆင်းရပ်ပြီး ဝယ်သွားတဲ့ မင်းသမီး နန္ဒာလှိုင်(ရုပ်သံ)

လမ်းခရီးသွားရင်းက ဈေးသည်တွေ အားလုံး ရောင်းသမျှကို ကားဆင်းရပ်ပြီး ဝယ်သွားတဲ့ မင်းသမီး နန္ဒာလှိုင်(ရုပ်သံ)

130
လမ်းခရီးသွားရင်းက ဈေးသည်တွေ အားလုံး ရောင်းသမျှကို ကားဆင်းရပ်ပြီး ဝယ်သွားတဲ့ မင်းသမီး နန္ဒာလှိုင်
တချိန်က ရုပ်ရှင်နှင့် ဗီဒီယို လောကမှာ နာမည်ကျော်ကြားခဲ့တဲ့ မင်းသမီး နန္ဒာလှိုင်ဟာ သရုပ်ဆောင်ပိုင်း လောကမှာ အနားယူသွားခဲ့ပေမယ့်..
အလှုအတန်းမှာရော လူမှုရေးပိုင်းမှာရော မွန်မြတ်တဲ့ စိတ်ထားပိုင်ဆိုင်သူလဲ ဖြစ်တယ်ဆိုတာ..
ယခု ဗီဒီယိုလေးကို ကြည့်လိုက်ရင် ပြောပြစရာ မလိုလောက်တော့ပါဘူး။
အခုလည်း လမ်းခရီးမှာ သူတို့ ကားနားကို လာရောင်းနေတဲ့ ခေါင်းရွက်ဈေးသည် မှန်သမျ တစ်ဦးမကျန် အကုန်လုံးကို အားပေး ၀ယ်ယူနေပါတယ်။
စိတ်ထားကောင်း မွန်မြတ်လှတဲ့ မမနန္ဒာလှိုင်တို့  မိသားစုကြီး ကို ပရိတ်သတ်ကြီးကလည်း အောက်ကနေ တခုခု မန့် ခဲ့အူနော်။
အလှူရေစက် လက်နဲ့ မကွာ လှူနိုင်ပါစေဗျာ..။
ရုပ်သံကြည့်ရန်
Credit; Bahututa(ဗဟုသုတ)
https://www.bahututa.com/43548/

Saturday, March 16, 2019

နင့်​လိုဒီမျက်​ခွက်​ကို ယူခဲ့တာ​ကျေးဇူးတင်​ ဆိုတဲ့စကား​ ကိုယ့်​အ​ဖေ​ရှေ့​ပြောထွက်​ခဲ့တာ​လေဆိုတဲ့ ချမ်းချမ်း

နင့်​လိုဒီမျက်​ခွက်​ကို ယူခဲ့တာ​ကျေးဇူးတင်​ ဆိုတဲ့စကား​ ကိုယ့်​အ​ဖေ​ရှေ့​ပြောထွက်​ခဲ့တာ​လေဆိုတဲ့ ချမ်းချမ်း
နိုင်ငံကျော်အဆိုတော် မလေး ချမ်းချမ်းဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ အနုပညာရှင်တစ်ဦးပါ။ သူမက ချစ်စရာကောင်းတဲ့ သမီးလေးနဲ့အတူ အနုပညာအလုပ်တွေကြိုးစားလုပ်ရင်း အေးချမ်းစွာ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ ချမ်းချမ်းရဲ့ သမီးလေး မြမိုးဂင်္ဂါ လေးက ခုဆို ရင် ချစ်စရာကောင်းပြီး ခုဆိုရင် ၅နှစ် အရွယ် ရောက်နေပါပြီ။ ဒီတစ်ခါမှာတော့ မိုမိုလေးရဲ့ ချစ်ပရိသတ်တွေအတွက် ချမ်းချမ်းက သူမကို အကောင့်တု များနဲ့ လာ ပုတ်ခက် တိုက်ခိုက်နေတဲ့ အကြောင်း ချမ်းချမ်းပြောထားတဲ့ စကားလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ချမ်းချမ်းက ” လူဆိုတာ ကိုယ်​တန်​ဖိုးထားသ​လောက်​ ကြင်​နာသ​လောက်​ပဲရမှာပါ…ကိုယ်​မလိုချင်​လို့အစားထိုးခဲ့ပီးမှ သူများက​ကောက်​ယူပြီး အမြတ်​တနိုးဝတ်​ဆင်​ထား​တော့မှ ဒါငါ့ပစ္စည်းဆိုပြီးပြန်​လိုချင်​လို့မရပါဘူး…ကိုယ့်​အတွက်​တန်​ဖိုးမရှိဘူး..မလို​တော့ဘူးထင်​လို့စွန့်​ခဲ့ပီပဲ…​နောက်​လူကဘယ်​လိုပဲတန်​ဖိုးထားထား..အရင်​လူနဲ့လုးံလုးံမဆိုင်​​တော့ပါကွယ်​…နင့်​လိုဒီမျက်​ခွက်​ကိုယူခဲ့တာ​ကျေးဇူးတင်​..ဆိုတဲ့စကား​လေး​တေကိုယ့်​အ​ဖေ​ရှေ့​ပြောထွက်​ခဲ့တာ​လေး​တေ…ဒီလိုမိန်းမမျိုးအ​ယောက်​တရာမက ရှာလို့ရတယ်​…ဂရုမစိုက်​နဲ့..ခံစားမ​နေနဲ့ ဆိုပြီး​မေတ္တာ​တွေသိပ်​ထားခဲ့ကတဲ့ အမျိုး​လေး​တေ..ကျမတသက်​မ​မေ့​တော့ပါဘူး…နာတယ်​..ရင်​ထဲမှာ..​နောင်​တ​တေ တသီတတန်းကြီးရတယ်​….”
နင့်​လိုဒီမျက်​ခွက်​ကို ယူခဲ့တာ​ကျေးဇူးတင်​ ဆိုတဲ့စကား​ ကိုယ့်​အ​ဖေ​ရှေ့​ပြောထွက်​ခဲ့တာ​လေဆိုတဲ့ ချမ်းချမ်း 3
” သားသမီးမျက်​နှာကို​ထောက်​ဖို့​အကြိမ်​ကြိမ်​​ပြောခဲ့တဲ့ ဒီပါးစပ်​​ပေါက်​ကြီးက အများအမြင်​မှာရိုင်း​ကောင်းရိုင်းလိမ့်​မယ်​…ချစ်လွန်းလို့အကြိမ်​ကြိမ်​​တောင်းပန်​တယ်​..ကိုယ့်​ကိုယ်​ကိုသတ်​​သေတယ်​..ဒါ​တေဟာလွန်​ခဲ့ပီ..ကိုယ့်​တန်​ဖိုးကို ရှာ​တွေ့သွားတဲ့သူကိုအခုမှ ရှာ​တွေ့တာ..အချိန်​​နောက်​မကျ​သေးပါဘူး..၁၁နှစ်​တာချစ်​ခဲ့တဲ့သံ​ယောဇဉ်​​ကြောင့်​သမီး​လေးကိုကိုယ်​တလှည့်​ သူတလှည့်​​စောင့်​​ရှောက်​​နေကြတယ်​..အဲ့ဒီ့အ​ပေါ်ဝင်​​ပြော..ဝင်​​ဝေဖန်​တဲ့သူ​တွေကို​တွေ့​တော့အံ့သြမိတယ်​..သိလား..ကိုယ့်​အိမ်​မှာ အိပ်​..ကိုယ့်​အိမ်​မှာစား..ခရီး​တေအတူထွက်​ကြ..ပိုက်​ဆံမရှိလို့ အကူအညီ ​တောင်းတာ​တောင်​ ကိုယ်​ကသနားလို့ ကို့ယ်​​ယောကျားမသိ​အောင်​ ယူ​ပေးတဲ့မိန်းမ….အကို​တေ ​မောင်​​တေလို ညမ​တေလိုချစ်​ခဲ့တဲ့သူ..အခုများ​တော့ အ​ကောင့်​တု​တေ…မျက်​နှာဖုးံ​တေစွပ်​…မျက်​နှာ​ပြောင်​​တေတိုက်​ပြီး ကိုယ့်​ကိုလူမမုန်းမုန်း​အောင်​လုပ်​..​တော်​ပါ​ပေတယ်​ကွယ်​…”
နင့်​လိုဒီမျက်​ခွက်​ကို ယူခဲ့တာ​ကျေးဇူးတင်​ ဆိုတဲ့စကား​ ကိုယ့်​အ​ဖေ​ရှေ့​ပြောထွက်​ခဲ့တာ​လေဆိုတဲ့ ချမ်းချမ်း 4
“ကိုယ်​ကတုန်​လှုပ်​နာကျင်​​နေမယ်​​တော့မထင်​နဲ့..​နေသားကျသွားပြီ..သိလား..လူဆိုတာ ကိုယ့်​အ​ကြောင်းကိုယ်​ပဲသိတယ်​…ကိုယ့်​ထမင်းကိ​စားပြီးကိုယံလိပ်​ပြာကိုယ်​လုံပါ​စေကွယ်​…အခုမှလွတ်​တဲ့ငါးကြီးသွားတာစိတ်​မ​ကောင်းပါဘူး..ပြန်​​ပေါင်းချင်​တိုင်း​ပေါင်းရ​အောင်​…​ကောက်​ညှင်း​ပေါင်းလဲမဟုတ်​..နွားမလဲမဟုတ်​…အရူးလဲမဟုတ်​​တော့လို့ မစားရတဲ့အမဲသဲနဲ့ပက်​တာ​လောက်​​တော့မဖြုံ​တော့ပါ..life is too short…i wont worry my life always.. .so…be peaceful….

အေးချမ်းလိုက်​ပါ​တော့…သွားခွင့်ေ​ပးပြီးပြီပဲ…မပြတ်​သားခင်​တုန်းကလဲ ကိုယ့်​ကိုလင်​တရူးတဲ့..ပြတ်​သားလို့ ​​ပျော်​​နေ​တော့လဲ တ​ဏာရူးဆို​တော့..ဘယ်​လို​ပြောမလဲ..ကျမဘယ်​သူ့အတွက်​မှအသက်​မရှင်​​တော့ပါ..ကိုယ့်​က်ုယ်​ကိုယ်​နဲ့ သမီးအ​ကြောင်းပဲရှိပါ​တော့တယ်​…သမီးကျမဆီမှာမ​တွေ့​တာနဲ့ကျမကမိခင်​​ကောင်းမပီသဘူးလို့​တွေးချင်​တဲ့သူများလွတ်​လပ်​စွာ​တွေးနိုင်ေ​ဝဖန်​နိုင်​ပါတယ်​…လူဆိုတာစားဖို့ပိုက်​ဆံရှာရ​သေးတယ်​…လူမှု​ရေး​တေလုပ်​ရ​သေးတယ်​..က​လေး​ကျောင်းသွား​ကျောင်းပြန်​မ​တွေ့တာနဲ့ အား​နေတိုင်း ​အ​ပျော်​​လျောက်​သွား​နေတယ်​လို့ထင်​​နေရင်​လဲ မ​ပြော​တော့ပါကွယ်​…ကြိုက်​သလို​ပြောနိုင်​ကြပါတယ်​.​သေချာတာ​တော့တ​နေ့ထပ်​တ​နေ့ပိုပြတ်​သားလာတယ်​…ကိုယ်စိတ်​ချမ်းသာလာတိုသ်း ကိုယ့်​ကိုမုန်းတဲ့သူ​တေ ရန်​သူ​တေပိုများလာတယ်​ဆိုတာသိလာတယ်​…ဒါကပဲကျမအတွက်​ပိုခွန်းအားရှိလာ​စေတယ်​…thank u bb..for stand by me…” ဆိုပြီးပြောထားပါတယ်။
ပရိသတ်ကြီးကလည်း ချမ်းချမ်းပြောပြတဲ့ အကြောင်းအရာ ကို သဘောပေါက်လိမ့်မယ် ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

ဖိုးသူတော်(www.phothutaw.com)
Credit:Moekalay/Source;chan nyein’s facebookhttp://www.phothutaw.com/2019/03/blog-post_646.html

လင်ယူသားမွေးဖို့ အချိန်ကကျော်သွားပြီဆိုတဲ့ ဂန္တဝင်

လင်ယူသားမွေးဖို့ အချိန်ကကျော်သွားပြီဆိုတဲ့ ဂန္တဝင်
 ၂၀၀၀ ပြည့်နှစ်တွေလောက်ကတည်းက နာမည်ကြီးမင်းသမီးတယောက်ဖြစ်တဲ့ ဂန္တဝင်ကတော့ လက်ရှိမှာတော့ အနုပညာလောကနဲ့ စိမ်းနေတာ တော်တော်လေးကို ကြာနေပါပြီ။ ဒါကိုလည်း ပရိသတ်တွေတော့ သတိထားမိကြမှာပါ။ ဒါပေမယ့်လည်း လက်ရှိမှာတော့ ဂန္တဝင်ကတော့ ပရိသတ်တွေရှေ့ကိုပြန်ပေါ်လာခဲ့ပြီး အရင်နုပျိုနေဆဲဖြစ်လို့ အရင်ကထက်တောင် အားပေးမှုများခဲ့တာ ဖြစ်ပါတယ်။ ဂန္တဝင်ကတော့လက်ရှိမှာတော့ ဘဝကို တယောက်ထဲ ဖြတ်သန်းနေပြီး သူ့ဘဝမှာတော့လက်ရှိချိန်မှာ အဆင်ပြေနေပါတယ်လို့ ပြောကြားသွား ခဲ့ပါတယ်။

မင်းသမီးဂန္တဝင်ကတော့ MC နဲ့ အင်တာဗျူးတွင် အိမ်ထောင်ပြုဖို့ မစဉ်းစားတော့ဘူးလားဆိုတဲ့ အပေါ်မှာတော့ “မစဉ်းစားတော့ပါဘူး။ ဘာလို့လည်းဆိုတော့ အစ်မကို အပြင်မှာတွေ့ရင် အရမ်းနုကြတယ် အရင်တိုင်းပဲလို့ ပြောကြပေမယ့်လည်း အမရဲ့ အသက်ရွယ်က အိမ်ထောင်ပြုရမယ့် အရွယ်ကလည်း ကျော်သွားပြီး လင်ယူသားမွေးတဲ့အချိန်ဆိုပြီး သားမွေးတဲ့အချိန်ကလည်း ကျော်သွားပြီ။ နည်းနည်းလွန်သွားသလို ဖြစ်နေတဲ့အတွက် တယောက်ထဲပဲ နေချင်ပါတယ်လို့ ပြောချင်ပါတယ်”

“တယောက်ထဲနေလာရတာ ကြိုက်တဲ့သူဖြစ်တာကြောင့် တယောက်ထဲကတော့ အဆင်ပြေနေပါတယ်။ တချို့ကျတော့လည်း တယောက်ထဲနေရတာကိုကြိုက်တယ်။ တချို့ကျတော့လည်း မိသားစုဘဝကို ကြိုက်ကြတယ်။ အမကတော့ တယောက်ထဲ ကြိုက်တယ်။ နှစ်ယောက်ဆို လိုက်ညှိနေရတာ မကြိုက်ဘူး။ အဖော်ဆိုတာမျိုးကို စဉ်းစားဖူးတယ်။ တွေးကြည့်တဲ့အခါ အဆင်မပြေဘူး။ အခုတော့ အဆင်ပြေတယ်။ ကိုယ့်ဘာကိုယ်လည်း ရပ်တည်နိုင်တဲ့အတွက်ပေါ့။ ဒါပေမယ့်လည်း အမအရွယ်ကလည်း Family Life ကိုလုပ်ဖို့အတွက် အချိန်လွန်သွားပြီလို့ ထင်ပါတယ်။ အဲ့ကြောင့် အပူမရှာချင်တော့ပါဘူး။ အေးအေးချမ်းချမ်းလေးပဲ နေချင်တယ်။ တယောက်ထဲဆိုတော့ နောက်ဆံတင်းနေရတာတွေ မရှိတော့ဘူးပေါ့”

တယောက်ထဲနေတော့ အခက်ခဲတွေ ရှိလားဆိုတဲ့ အပေါ်မှာတော့ “နေထိုင်မကောင်းတဲ့ အခါမှာတော့ စိတ်အားငယ်တာတွေ ရှိတာပေါ့။ ဆေးခန်းလေးသွားတာတောင်မှ ကားကိုကိုယ့်ဘာကိုယ် မမောင်းနိုင်တော့ တယောက်ယောက်ကို အကူညီတောင်းရပြီ။ သူများတွေလိုက်ပြီး အကူညီတောင်းရတာပေါ့။ တခါတလေတော့လည်း ရှိပေမယ့်လည်း အားကိုးရချင်မှ အားကိုးရမှာလေ။ ခုတယောက်ထဲဆိုတော့ ကိုယ့်အတွေးနဲ့ ကိုယ်ပဲ။ တယောက်ထဲကျတော့ အပူပင်မရှိသလိုပဲ။ ကိုယ့်ဘာကိုယ်ဖြတ်သန်းနေရတဲ့အတိုင်း ပုံမှန်လေးပဲ ကောင်းတယ်လို့ ခံယူထားပါတယ်” ဟု ပြောကြားသွား ခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyihttp://www.phothutaw.com/2019/03/blog-post_259.html

Tuesday, March 5, 2019

Crush က ပြန်ကြိုက်ရင် မကြိုက်ဘူးဆိုတဲ့ ဟန်နာယူရီ

Crush က ပြန်ကြိုက်ရင် မကြိုက်ဘူးဆိုတဲ့ ဟန်နာယူရီ

ဒီ​နေ့မှာ​တော့ မိန်းက​လေးပရိတ်​သတ်​​ရော ​ယောက်ျား​လေးပရိတ်​သတ်​ပါ အခိုင်​အမာ ရရှိထားတဲ့ makeup artistတစ်​​ယောက်​ဖြစ်​တဲ့ စကားသံဝဲဝဲ​လေးနဲ့ ချစ်​စရာ​ကောင်းတဲ့ ဟန်​နာယူရီရဲ့ လာမယ့်​သင်္ကြန်​plan​တွေ ဘယ်​လိုရှိလဲ သူမရဲ့အချစ်​​ရေးက​ရော ဘာ​တွေထူးခြားလဲဆို​တော့ကို ​ပြောပြသွားမှာပဲဖြစ်​ပါတယ်
သင်္ကြန်​မှာ​တော့ သူမအ​နေနဲ့ “အခြားနိုင်​ငံကို ရိုက်​ကူး​ရေးအ​နေနဲ့ ခရီးထွက်​ဖို့ရှိပါတယ်​ သင်္ကြန်​ကို ငယ်​ငယ်​တုန်းက​တော့ သ​ဘောကျပါတယ်​ ဒါ​ပေမယ့်​ အသက်​ကြီးလာ​တော့ သင်္ကြန်​တို့ ပွဲတို့ဆို မသွားဖြစ်​​တော့ဘူးရှင့်​ အိမ်​မှာပဲ ​နေဖြစ်​တာများပါတယ်​ သင်္ကြန်​နဲ့ ပတ်​သက်​ပြီး ငယ်​ငယ်​တုန်းကဆို မိုးကုတ်​မှာ ရပ်​ကွက်​ထဲက က​လေး​တွေကို အကသင်​​ပေးတယ်​ အကဆရာမအ​နေနဲ့​ပေါ့​နော်​ မဏ္ဍပ်​​တွေမှာ လိုက်​ကတယ်​ အဲ့ဒါက​တော့ မှတ်မှတ်​ရရပါပဲ”လို့ သူမရဲ့ငယ်​ငယ်​က သင်္ကြန်​ကို ဖြတ်​သန်းခဲ့ပုံ အမှတ်​တရကို ​ပြောပြသွားခဲ့ပါတယ်​။ဆက်​လက်​ပြီး သူမအ​နေနဲ့”သင်္ကြန်​​ရောက်​တာပဲ ဖြစ်​ဖြစ်​ New year​ရောက်​တာပဲ ဖြစ်​ဖြစ်​​ပေါ့​နော်​ နှစ်​​ဟောင်းမှာ ညီမတို့ လုပ်​ခဲ့တဲ့အမှား​တွေရှိမယ်​ ကိုယ့်​ကိုယ်​ကိုယ်​ မ​ကောင်းတဲ့ အကျင့်​ဆိုး​တွေ ဘာ​တွေရှိမယ်​ အဲ့​တော့ နှစ်​သစ်​မှာ ကိုယ်​က ဒီထက်​မက ပိုပြီး​တော့ ​အောင်​မြင်​​အောင်​ ကြိုးစားရမယ်​ ပိုပြီး​တော့​ပေါ့​နော်​ ကိုယ်​ဘာအ​ကောင်း​တွေ လုပ်​နိုင်​မလဲ အမြဲတမ်း improveလုပ်​​ပေးနိုင်​ဖို့လည်း အချက်​အလက်​​ပေးတဲ့ အချိန်​တစ်​ခုလို့ သတ်​မှတ်​ပါတယ်​”လို့ သင်္ကြန်​နဲ့ပတ်​သက်​ပြီး သူမရဲ့ခံယူချက်​ကို ​ပြောပြခဲ့ပါတယ်
ရိုက်​ကူး​ရေးအ​နေနဲ့ သူမက “သင်္ကြန်​တွင်းရိုက်​ကူး​ရေးဆိုပြီး​တော့​ပေါ့​နော်​ ခရီးသွားဗွီဒီယို ပုံစံမျိုး​လေး​တွေ ဘန်​​ကောက်​မှာ အဲ့လိုမျိုး ရိုက်​ကူးဖြစ်​တာ​လေး​တွေလည်း ရှိတယ်​ရှင့်​ ဘန်​​ကောက်​သင်္ကြန်​မှာ ပြီးရင်​ EDMပွဲ​တွေကို သူငယ်​ချင်း​တွေနဲ့သွားဖြစ်​တာ​တွေရှိပါတယ်​ရှင့်​”ဆိုပြီး ​ပြောပြသွားခဲ့ပါတယ်
လောတ​လော အနုပညာလှုပ်​ရှားမှုအ​နေနဲ့ သူမက” ​ကြော်​ငြာရိုက်​ထားတာ​လေး​တွေ​တော့ ရှိတယ်​ရှင့်​ Magazine​တွေဘာ​တွေမှာ ရိုက်​ကူး​ရေး​တွေက ပုံမှန်​​တော့ ရှိပါတယ်​ မထွက်​​သေးတာပါ ထွက်​လာရင်​လည်း.အား​ပေးကြပါအုံးလို့” ​ပြောကြားသွားခဲ့ပါတယ်​။ပရိသတ်​​တွေ စိတ်​ဝင်​စား​နေတဲ့ သူမရဲ့ အချစ်​​ရေးက​တော့ “သူငယ်​ချင်းလိုမျိုး​ပေါ့​နော်​ Friend Zone​လေးက ပို​ကောင်းပါတယ်​ ဘာလို့လဲဆို​တော့ တစ်​သက်​လုံး လမ်းမခွဲရ​တော့ဘူး​ပေါ့​ ညီမအ​နေနဲ့က​ကျ​တော့ ညီမလူတစ်​​ယောက်​ကို သ​ဘောကျရင်​ အဲ့လူက ကိုယ့်​ကိုပြန်​သ​ဘောကျတဲ့အချိန်​မှာ ညီမသူ့ကို မကြိုက်​​တော့ဘူး ညီမဘက်​က သ​ဘောကျရတာကိုပဲ ကြိုက်​တယ်​ အဲလိုမျိုး​ပေါ့​နော်​ ဘာလို့လဲဆို​တော့ သူကကိုယ့်​ကိုသ​ဘောကျတယ်​ ကိုယ်​ကလည်း သူ့ကိုသ​ဘောကျတယ်​ဆိုရင်​ Relationship တစ်​ခုကို ​ရေရှည်​အ​နေနဲ့ ဒါကြီးကို ထိန်းသိမ်းနိုင်​ပါ့မလား ညီမအကျင့်​နဲ့က အဲ့ဒါ​ကြောင့်​ သိပ်​အဆင်​​ပြေမှာ မဟုတ်​ဘူးရှင့်​ အရင်​ထဲကလည်း ​ပြောပါတယ်​ ညီမမှာ crushရှိတယ်​ ဒါ​ပေမယ့်​ ညီမကို ပြန်​crushရင်​ ညီမမကြိုက်​​တော့ဘူး ဒါက FA​တွေရဲ့ ​ဆောင်​ပုဒ်​လို့ပဲ​ပြောရမလား”လို့ သူမရဲ့အချစ်​​ပေါ်ခံယူချက်​ကို ​ပြောပြခဲ့ပါတယ်
အခုလက်​ရှိ Singleဘဝနဲ့ပတ်​သက်​ပြီး သူမအ​နေနဲ့ ” အခုလို အလုပ်​သွားတာ အပြင်​သွားတာကအစ ညီမသွားချင်​တာသွားလို့ ရတယ်​ ​ယောက်ျား​လေးသူငယ်​ချင်း​တွေနဲ့လည်း စကား​ပြောလို့ရတယ်​ သူတို့နဲ့ အပြင်​မုန့်​ထွက်​စားတာ​တွေ ဘာ​တွေလုပ်​လို့ရတယ်​ သဝန်​တိုမခံရ​တော့ဘူး ပြီးရင်​ အဲ့လို လူတစ်​​ယောက်​ကို စပြီးချစ်​ရင်​ ညီမအ​နေနဲ့ ခံယူထားတာက မိခင်​လိုမျိုး​ပေါ့​နော်​ လိုက်​ပြီး​တော့ ဂရုစိုက်​တတ်​တယ်​ အိမ်​ပြန်​​ရောက်​ပြီလား ဘာစားပြီးပြီလဲ ဘယ်​မှာလဲ အဲ့လိုမျိုး​ပေါ့​နော်​ လိုက်​ပြီး​တော့ စိတ်​ပူတတ်​တဲ့ စိတ်​ညီမမှာရှိ​တယ်​ဆို​တော့ အခုဆို ညီမက ကိုယ့်​ကိုယ်​ကိုယ်​ပဲ စိတ်​ပူရမယ်​ ကိုယ်​တစ်​​ယောက်​ထဲအတွက်​ပဲ ဂရုစိုက်​လို့ရတယ်​ သူများကို ဖဲ့ပြီး​တွေး​နေစရာ မလို​တော့ဘူး ဒါ​ပေမယ့်​ ဒီစကားက long timeအ​နေနဲ့ ​ပြောတာမဟုတ်​ဘူး ညီမမှာလည်း ရှိရင်​ရှိလာမှာ​ပေါ့​နော်​”လို့ သူမစိတ်​​အေးချမ်းစွာ ဖြတ်​သန်း​နေရတဲ့ single Lifeအ​ကြောင်းကို ​ပြောပြခဲ့ပါတယ်​ ။”ညီမက အခု အသက်​၂၅နှစ်​ ရှိပါပြီ ဒါ​ပေမယ့်​ အခုထိ ညီစိတ်​ကြိုက်​မ​တွေ့​သေးဘူး ပြီး​တော့ ညီမအလုပ်​ကို နားလည်​​ပေးမယ့်​သူမရှိ​သေးတာ​ကြောင့်​ပါ တကယ်​လို့ ရှိလာခဲ့ရင်​လည်း ​သေချာတယ်​ဆိုရင်​ ပရိတ်​သတ်​ကြီးကို အသိ​ပေးမှာပါ”လို့ ချစ်​သူမထားဖြစ်​​သေးတဲ့အ​ကြောင်းရင်းကို ​ဖြေသွားခဲ့ပါတယ်
အကယ်​ဒမီ​ပေးပွဲနဲ့ ပတ်​သက်​ပြီး သူမက” ညီမတို့က ရိုးရိုး makeup artistဆို​တော့ ဖိတ်​စာလည်း မရပါဘူး တကယ်​လို့ ဖိတ်​စာရခဲ့ရင်​​တောင်​ ညီမအ​နေနဲ့ တက်​ဖို့ကို အများကြီးကြိုးစားရဦးမှာပါ”လို့​ပြောကြားသွားခဲ့ပါတယ်
အကယ်​ဒမီဆုကို ဘယ်​ကားရရှိမလဲ သူမအ​နေနဲ့ ကြားတာက​တော့ “အခု ညီမကြား​နေတာက​တော့ မုန်းစွဲ​ပေါ့​နော်​ ​တော်​​တော်​​ကောင်းတယ်​လို့ ​ပြောတယ်​ရှင့်​ ညီမက ကျ​တော့ ခရီးသွား​နေရတာနဲ့ ရုံချသွားတဲ့ရက်​နဲ့ဆို​တော့ မကြည့်​လိုက်​ရဘူး feedback​တွေဘာ​တွေ​ပေါ့​နော်​ သူတို့ရဲ့ short video​တွေကို​တော့ ကြည့်​ရတယ်​ ပရိတ်​သတ်​​တွေ​တော်​​တော်​များများကလည်း ​ကောင်းတယ်​လို့ ​ပြောကြတယ်​ အခု​နောက်​ပိုင်း ဒီရုပ်​ရှင်​​တွေက အ​သေးစိတ်​ကအစ မိတ်​ကပ်​ သရုပ်​​ဆောင်​တာ​တွေက အစ အာရုံစိုက်​လာတယ်​ quality ​တွေအကုန်​​ကောင်းလာကြတယ်​ အဲ့ဒါက ညီမတို့ makeup artistတစ်​​ယောက်​အ​နေနဲ့လည်း ဒါကပိုပြီး​တော့ အားရှိပါတယ်​ရှင့်​ ပိုပြီး​တော့ ကြိုဆိုပါတယ်​ရှင်​”ဆိုပြီး ရုပ်​ရှင်​​လောက တိုးတက်​လာတဲ့အ​ပေါ် သူမအ​နေနဲ့ ဂုဏ်​ယူရ​ကြောင်း ​ပြေပြခဲ့ပါတယ်
“ပရိသတ်​အားလုံးကိုလည်း ​ကျေးဇူးတင်​ပါတယ်​ ဒီထက်​မက ဟန်​နာယူရီကို ပိုပြီး​တော့ အား​ပေးပါအုံး”လို့ ​ပြောကြားသွားခဲ့ပါတယ်

https://nanmalgyi.com/archives/59537?fbclid=IwAR2w2vES_LyonAKTbLxiWQ6IzqjpRy-SSesn6leHbb7S35lupl_dUXWESdY

Saturday, March 2, 2019

ဟောလီးဝုဒ်ဒိတ်ဒိတ်ကြဲဆယ်လီမမအယောက်(၂၀)တို့ရဲ့ပေါ့ပါးတဲ့အလန်းစားဖက်ရှင်မျာ

ဟောလီးဝုဒ်ဒိတ်ဒိတ်ကြဲဆယ်လီမမအယောက်(၂၀)တို့ရဲ့ပေါ့ပါးတဲ့အလန်းစားဖက်ရှင်များ

Hollywoodဆယ်လီမမတွေဟာကမ္ဘာကျော်တွေပီပီအဝတ်အစားကိုလည်းစမတ်ကျကျ၊ဖက်ရှင်ကျကျဝတ်ဆင်တတ်သူတွေပါ။ခုဖော်ပြပေးမှာကတော့ရိုက်ကွင်းပေါ်မှာမဟုတ်ပဲတကယ့်အပြင်လောကမှာHollywoodဆယ်လီမမတွေရဲ့ထသွားထလာဖက်ရှင်လေးတွေပဲဖြစ်ပါတယ်။ သူတို့ဘယ်လိုတွေ ဖက်ရှင်ကျကျ ဝတ်ဆင်ထားပြီး စမတ်ကျနေလဲဆိုတာ ကြည့်လိုက်ရအောင်နော်။
(1) Miranda Kerr
(2) Adriana Lima
(3) Emma Watson
(4) Taylor Swift
(5) Kendall Jenner
(6) Emma Roberts
(7) Selena Gomez
(8) Jessica Alba
(9) Bella Hadid
(10) Gigi Hadid
(11) Rihanna
(12) Chrissy Teigen
(13) Angelina Jolie
(14) Kim Kardashian
(15) Rita Ora
(16) Megan Fox
(17) Emma Stone
(18) Miley Cyrus
(19) Scarlett Johansson
(20) Kristen Stewart
Em Em(Auntymay)
Credit: Antymay

https://themoonmm.club/archives/48030