
https://updatenew.net/archives/17358?fbclid=IwAR3qmYaEkqrukv_FOKjRE-sv3HoGrbt3FWKgu0ZwwtQAYaoBrub54ylbr9A



Cerdit-BBC
Unicode
မြန်မာပြည်ကကျောင်းတွေမှာ အင်္ဂလိပ်စာသင်ပေးဖို့ အမေရိကန်စေတနာ့ဝန်ထမ်းတွေ ကျမ်းသစ္စာကျိမ်ဆို
မြန်မာနိုင်ငံတစ်ဝှမ်း အဆင့်မြင့် ပညာရေးအတွက် အမေရိကန် ပြည်ထောင်စုက ပံ့ပိုးကူညီ နေတာတွေထဲက နည်းလမ်းတစ်ခု ဖြစ်တဲ့ အခြေခံပညာ အထက်တန်းနဲ့ အလယ်တန်းကျောင်းတွေမှာ အင်္ဂလိပ်စာ သင်ကြား ပို့ချမယ့် Peace Crop Myanmar ရဲ့ စေတနာ့ဝန်ထမ်း အသစ် ၃၂ ဦး ရဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲကို ဒီကနေ့ Summit Parkview Hotel မှာ ပြုလုပ်ခဲ့ပါတယ်။

စေတနာ့ဝန်ထမ်း အသစ် ၃၂ ဦးဟာ မြန်မာနိုင်ငံမှာ လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ စေတနာ့ဝန်ထမ်း ၄၂ ဦးနဲ့ အတူ တာဝန် ထမ်းဆောင်သွားမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက သတင်းထုတ်ပြန်ပါတယ်။
သူတို့တွေဟာ ပဲခူးတိုင်း ဒေသကြီး၊ မွန်ပြည်နယ်နဲ့ မကွေးတိုင်းဒေသကြီးတွေမှာ ရှိတဲ့ အခြေခံပညာ အထက်တန်းနဲ့ အလယ်တန်းကျောင်းတွေမှာ အင်္ဂလိပ်စာ သင်ကြားပို့ချမယ့် တာဝန်ကို ၂ နှစ်ကြာ ထမ်းဆောင်ကြမယ်လို့ ဆိုပါတယ်။
“ ပိုမို လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်းနဲ့ စည်ပင် ဝပြောမှုတွေ ရရှိအောင် အမေရိကန်ပြည်သူတွေက ပံ့ပိုး ကူညီချင်တဲ့ ဆန္ဒရှိပြီး၊ ဒီလိုတူညီတဲ့ ရည်မှန်းချက်တွေ အထမြောက် အောင်မြင်အောင် Peace Crop လို စီမံကိန်းတွေက ကူညီပေးနေတာပါ” လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး စကော့မာစီရယ်က
Peace Crop Myanmar ရဲ့ စေတနာ့ဝန်ထမ်း အသစ် ကျမ်းသစ္စာကျိန်ဆိုပွဲမှာပြောဆိုပါတယ်။
Cerdit-BBC
No comments:
Post a Comment