ads

sponsor

Tuesday, April 2, 2019

ေအာင္လအန္ဆန္းငယ္ငယ္က ခ်စ္ဖို႔ေကာင္းလြန္းတဲ့ပံုရိပ္ေလးေတြ…

ေအာင္လအန္ဆန္းငယ္ငယ္က ခ်စ္ဖို႔ေကာင္းလြန္းတဲ့ပံုရိပ္ေလးေတြ…

ေအာင္လအန္ဆန္းငယ္ငယ္က ခ်စ္ဖို႔ေကာင္းလြန္းတဲ့ပံုရိပ္ေလးေတြ…


ေအာင္လအန္ဆန္းငယ္ငယ္က ခ်စ္ဖို႔ေကာင္းလြန္းတဲ့ပံုရိပ္ေလးေတြ
စပါးၾကီးေျမြၾကီးမွာလည္း ငယ္ဘဝဆိုိတာရွိခဲ့ပါတယ္။ ေအာင္လအန္ဆန္းဟာ ျမန္မာနုိင္ငံဂုဏ္ကုိေဆာင္တဲ့ ကမၻာသိ လက္ေဝွ႕ခ်န္ပီယံၾကီးျဖစ္ျပီး အျမဲတမ္း ကုိ္ယ့္ကုိယ္ကုိယ္ယံုၾကည္မႈအျပည့္နဲ႔ ေအာင္ပြဲေတြဆက္ေနနုိင္လို႔ ျမန္မာ့စပါးၾကီးေျမြၾကီးဆိုတဲ့ နာမည္ကုိရခဲ့တာပါ။
အခုဆိုရင္ေအာင္လအန္ဆန္းဟာ ျမန္မာတစ္နိုင္ငံလံုးရဲ႕အားေပးမႈေတြရရွိထားတဲ့အျပင္ ခ်စ္တဲ့ မိသားစုေလးနဲ႔ သာယာလွပတဲ့ဘဝကုိပုိင္ဆိုင္ထားျပီး လက္ေဝွ႔ပြဲေတြယွဥ္ျပိဳင္ထုိးသတ္မႈေတြၾကားထဲမွာ ျပိဳင္ဘက္ေတြကုိ အလဲထုိးျပီး ေအာင္ျမင္မႈသရဖူေဆာင္းေနတဲ့ ကမၻာ့အဆင့္မီခ်န္ပီယံတစ္ဦးျဖစ္ပါတယ္။

ဒါေပမယ့္ ပရိသတ္ေတြျမင္ေနရတဲ့ အျမဲတမ္း သန္မာခက္ထန္ျပီး အားကုိးစရာ စပါးၾကီးေျမြၾကီးမွာ ငယ္ဘဝရွိခဲ့ပါတယ္။ ေအာင္လအန္ဆန္းဟာလည္းငယ္ငယ္တုန္းက အျခားကေလးငယ္ေတြလုိပဲ ဓာတ္ပံုအရိုက္ခံရတဲ့အခါရႈတင္းတင္းလုပ္ေနတတ္သူပါ။
မၾကာေသးမီက လူမႈကြန္ယက္မွာ ေအာင္လအန္ဆန္းရဲ႕ ငယ္ဘဝက ဓာတ္ပံုေလးေတြေပၚထြက္လာခဲ့ျပီးပရိသတ္ေတြက အသည္းယားကာဝုိင္းျပီး share ေနၾကတာပါ။ ေအာင္လအန္ဆန္းရဲ႕ငယ္ဘဝဓာတ္ပံုေတြဟာ ပရိသတ္ေတြကုိ ပုိျပီးေတာ့ ျမန္မာဆန္တဲ့ အေငြ႕အသက္ကုိေပးတယ္လို႔ဆိုရမွာပါ။

ေအာင္လအန္ဆန္းဟာ ကခ်င္ျပည္နယ္မွာေမြးဖြားခဲ့ျပီး ျမန္မာနိုင္ငံဖြားတစ္ဦးျဖစ္တဲ့အတြက္ ျမန္မာ့ကုိယ္စားျပဳထိုးသတ္ရတာကုိ ဂုဏ္ယူေနသူတစ္ဦးလည္းျဖစ္ပါတယ္။
ေအာင္လအန္ဆန္းက ငယ္ငယ္ကတည္းက ကတိတစ္လံုးကုိတန္ဖိုးထားသူတစ္ဦးျဖစ္ျပီး ရိုးသားၾကိဳးစားေအးေဆးတဲ့သူတစ္ေယာက္ျဖစ္ေၾကာင္းလည္းသိရပါတယ္။ေအာင္လအန္ဆန္း ရဲ႕ ငယ္ဘဝဓာတ္ပံေတြကုိ ပရိသတ္ေတြအတြက္ထည့္သြင္းေဖာ္ျပေပးလိုက္ပါတယ္။
Credit-NANMALGYI
Unicode
အောင်လအန်ဆန်းငယ်ငယ်က ချစ်ဖို့ကောင်းလွန်းတဲ့ပုံရိပ်လေးတွေ

စပါးကြီးမြွေကြီးမှာလည်း ငယ်ဘဝဆိိုတာရှိခဲ့ပါတယ်။ အောင်လအန်ဆန်းဟာ မြန်မာနိုင်ငံဂုဏ်ကိုဆောင်တဲ့ ကမ္ဘာသိ လက်ဝှေ့ချန်ပီယံကြီးဖြစ်ပြီး အမြဲတမ်း ကို်ယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်နဲ့ အောင်ပွဲတွေဆက်နေနိုင်လို့ မြန်မာ့စပါးကြီးမြွေကြီးဆိုတဲ့ နာမည်ကိုရခဲ့တာပါ။
အခုဆိုရင်အောင်လအန်ဆန်းဟာ မြန်မာတစ်နိုင်ငံလုံးရဲ့အားပေးမှုတွေရရှိထားတဲ့အပြင် ချစ်တဲ့ မိသားစုလေးနဲ့ သာယာလှပတဲ့ဘဝကိုပိုင်ဆိုင်ထားပြီး လက်ဝှေ့ပွဲတွေယှဉ်ပြိုင်ထိုးသတ်မှုတွေကြားထဲမှာ ပြိုင်ဘက်တွေကို အလဲထိုးပြီး အောင်မြင်မှုသရဖူဆောင်းနေတဲ့ ကမ္ဘာ့အဆင့်မီချန်ပီယံတစ်ဦးဖြစ်ပါတယ်။

ဒါပေမယ့် ပရိသတ်တွေမြင်နေရတဲ့ အမြဲတမ်း သန်မာခက်ထန်ပြီး အားကိုးစရာ စပါးကြီးမြွေကြီးမှာ ငယ်ဘဝရှိခဲ့ပါတယ်။ အောင်လအန်ဆန်းဟာလည်းငယ်ငယ်တုန်းက အခြားကလေးငယ်တွေလိုပဲ ဓာတ်ပုံအရိုက်ခံရတဲ့အခါရှုတင်းတင်းလုပ်နေတတ်သူပါ။
မကြာသေးမီက လူမှုကွန်ယက်မှာ အောင်လအန်ဆန်းရဲ့ ငယ်ဘဝက ဓာတ်ပုံလေးတွေပေါ်ထွက်လာခဲ့ပြီးပရိသတ်တွေက အသည်းယားကာဝိုင်းပြီး share နေကြတာပါ။ အောင်လအန်ဆန်းရဲ့ငယ်ဘဝဓာတ်ပုံတွေဟာ ပရိသတ်တွေကို ပိုပြီးတော့ မြန်မာဆန်တဲ့ အငွေ့အသက်ကိုပေးတယ်လို့ဆိုရမှာပါ။

အောင်လအန်ဆန်းဟာ ကချင်ပြည်နယ်မှာမွေးဖွားခဲ့ပြီး မြန်မာနိုင်ငံဖွားတစ်ဦးဖြစ်တဲ့အတွက် မြန်မာ့ကိုယ်စားပြုထိုးသတ်ရတာကို ဂုဏ်ယူနေသူတစ်ဦးလည်းဖြစ်ပါတယ်။

အောင်လအန်ဆန်းက ငယ်ငယ်ကတည်းက ကတိတစ်လုံးကိုတန်ဖိုးထားသူတစ်ဦးဖြစ်ပြီး ရိုးသားကြိုးစားအေးဆေးတဲ့သူတစ်ယောက်ဖြစ်ကြောင်းလည်းသိရပါတယ်။အောင်လအန်ဆန်း ရဲ့ ငယ်ဘဝဓာတ်ပံတွေကို ပရိသတ်တွေအတွက်ထည့်သွင်းဖော်ပြပေးလိုက်ပါတယ်။
Credit-NANMALGYI

https://updatenew.net/archives/17109

No comments:

Post a Comment