ads

sponsor

Wednesday, April 24, 2019

မံုရြာမိဘမဲ့ေဂဟာမွ ေက်ာင္းသား ၉ဦး အစာအဆိပ္သင့္..

မံုရြာမိဘမဲ့ေဂဟာမွ ေက်ာင္းသား ၉ဦး အစာအဆိပ္သင့္..

မံုရြာမိဘမဲ့ေဂဟာမွ ေက်ာင္းသား ၉ဦး အစာအဆိပ္သင့္..


မံုရြာမိဘမဲ့ေဂဟာမွ ေက်ာင္းသား ၉ဦး အစာအဆိပ္သင့္
မံုရြာမိဘမဲ့ေဂဟာမွ ေက်ာင္းသား ၉ဦး အစာအဆိပ္သင့္၍ ေဆးရံုတင္​ထားရ
ထက္ၿဖိဳး မံုရြာ၊ ဧၿပီ –၂၄ ။ ။
မံုရြာၿမိဳ႕ သလႅာရပ္ကြက္ရွိ မိဘမဲ့ေဂဟာ ဖြံ႔ၿဖိဳးေရးေက်ာင္းမွ ေက်ာင္းသားငယ္ ၉ ဦးသည္ အစာအဆိပ္သင့္၍ အိုးဘိုေတာင္ရပ္ကြက္ရွိ အိႏၵယ-ျမန္မာ ခ်စ္ၾကည္ေရး ကေလးေဆးရံုသုိ႔ တက္ေရာက္ကုသေနရသည္။
ကေလးငယ္မ်ားသည္ အသက္ ၁၀ ႏွစ္ပတ္၀န္းက်င္ ေက်ာင္းသားငယ္ေလးမ်ားျဖစ္သည္။
ယခုကဲ့သို႔ျဖစ္ရျခင္းသည္ ပုပ္သုိးေနသည့္ ၾကက္သားမ်ားကို ျပန္ေၾကာ္ေကြ်းသည့္အတြက္ျဖစ္ရျခင္းျဖစ္သည္ဟု အဆိုပါ မိဘမဲ့ေဂဟာမွ ေက်ာင္းသားႀကီးမ်ားကဆိုသည္။
’’ၾကက္သားေတြကို ရွိရင္ရွိသေလာက္ခ်မေကြ်းဘူး။ ေၾကာင္အိမ္ထဲမွာပဲထားတယ္။ေနာက္ပိုင္း ခ်ေကြ်းေတာ့ သိုးေနၿပီ။ နံေနၿပီ။ အဲနံေနတဲ့ဟာကိုလည္း သြင္မပစ္ဘူး။ ျပန္ၿပီးေၾကာ္တယ္။ အဲဒါေတြကို ေကြ်းတယ္။

တစ္ခါတစ္ေလက်ရင္ အရည္ေတြပါထြက္လို႔’’ဟု မိဘမဲ့ေဂဟာမွ အသက္ ၁၆ ႏွစ္ခန္႔အရြယ္ ေက်ာင္းသားႀကီး တစ္​​ေယာက္​ကေျပာသည္။
ျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး အဆိုပါေဂဟာမွ ေက်ာင္းဆရာဟု ယူဆရသည့္ အျဖဴအစိမ္း၀တ္စံု၀တ္ဆင္ထားၿပီး အမ်ိဳးသားတစ္ဦးအား ေဆးရံုတြင္ ေမးျမန္းရာ သူကယခုလိုဆိုသည္။

’’ဟုတ္ပါတယ္။ မိဘမဲ့ေဂဟာကပါ။ က်ေနာ္က အဒီကေက်ာင္းဆရာပါ။က်ဳပ္တုိ႔လည္း ဘာလုပ္ရမွန္မသိေတာ့ဘူး။ ကေလးႏွစ္ေယာက္ဆုိ ေသမလိုေတာင္ျဖစ္တယ္’’ဟု ေျပာသည္။
ေက်ာင္းဆရာအား ျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး ဆက္လက္ေမးျမန္းရာတြင္ သူေျဖဆို၍ မသင့္ေၾကာင္းေျပာသည္။
’’ဘာေၾကာင့္ျဖစ္တယ္ဆိုတာ ခင္ဗ်ားက တကယ္ေရးမွာလား။ ေရးမွာဆိုရင္ က်ေနာ့္ေက်ာင္းသားေတြကို ေခၚေပးမယ္။ က်ေနာ္ကက် ေျဖလို႔မေကာင္းဘူး’’ဟု ၄င္းကဆက္ေျပာသည္။

အစာစားေသာက္ခ်ိန္သည္ ဧၿပီလ ၂၄ရက္​ ညေန ၅ နာရီကျဖစ္ၿပီး စားေသာက္ၿပီး တစ္နာရီေက်ာ္အၾကာတြင္ ကေလးမ်ား ေအာ့အန္ျခင္း၊ ၀မ္းေလွ်ာျခင္းမ်ားျဖစ္ကာ အေရးအေပၚအေျခအေနျဖင့္ ကေလးေဆးရံုးသို႔ ယခုကဲ့သို႔ အျမန္ပို႔ေဆာင္လိုက္ရျခင္းျဖစ္သည္။
Unicode
မုံရွာမိဘမဲ့ဂေဟာမှ ကျောင်းသား ၉ဦး အစာအဆိပ်သင့်
မုံရွာမိဘမဲ့ဂေဟာမှ ကျောင်းသား ၉ဦး အစာအဆိပ်သင့်၍ ဆေးရုံတင်​ထားရ
ထက်ဖြိုး မုံရွာ၊ ဧပြီ –၂၄ ။ ။
မုံရွာမြို့ သလ္လာရပ်ကွက်ရှိ မိဘမဲ့ဂေဟာ ဖွံ့ဖြိုးရေးကျောင်းမှ ကျောင်းသားငယ် ၉ ဦးသည် အစာအဆိပ်သင့်၍ အိုးဘိုတောင်ရပ်ကွက်ရှိ အိန္ဒယ-မြန်မာ ချစ်ကြည်ရေး ကလေးဆေးရုံသို့ တက်ရောက်ကုသနေရသည်။
ကလေးငယ်များသည် အသက် ၁၀ နှစ်ပတ်ဝန်းကျင် ကျောင်းသားငယ်လေးများဖြစ်သည်။
ယခုကဲ့သို့ဖြစ်ရခြင်းသည် ပုပ်သိုးနေသည့် ကြက်သားများကို ပြန်ကြော်ကျွေးသည့်အတွက်ဖြစ်ရခြင်းဖြစ်သည်ဟု အဆိုပါ မိဘမဲ့ဂေဟာမှ ကျောင်းသားကြီးများကဆိုသည်။
’’ကြက်သားတွေကို ရှိရင်ရှိသလောက်ချမကျွေးဘူး။ ကြောင်အိမ်ထဲမှာပဲထားတယ်။နောက်ပိုင်း ချကျွေးတော့ သိုးနေပြီ။ နံနေပြီ။ အဲနံနေတဲ့ဟာကိုလည်း သွင်မပစ်ဘူး။ ပြန်ပြီးကြော်တယ်။ အဲဒါတွေကို ကျွေးတယ်။
တစ်ခါတစ်လေကျရင် အရည်တွေပါထွက်လို့’’ဟု မိဘမဲ့ဂေဟာမှ အသက် ၁၆ နှစ်ခန့်အရွယ် ကျောင်းသားကြီး တစ်​​ယောက်​ကပြောသည်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး အဆိုပါဂေဟာမှ ကျောင်းဆရာဟု ယူဆရသည့် အဖြူအစိမ်းဝတ်စုံဝတ်ဆင်ထားပြီး အမျိုးသားတစ်ဦးအား ဆေးရုံတွင် မေးမြန်းရာ သူကယခုလိုဆိုသည်။
’’ဟုတ်ပါတယ်။ မိဘမဲ့ဂေဟာကပါ။ ကျနော်က အဒီကကျောင်းဆရာပါ။ကျုပ်တို့လည်း ဘာလုပ်ရမှန်မသိတော့ဘူး။ ကလေးနှစ်ယောက်ဆို သေမလိုတောင်ဖြစ်တယ်’’ဟု ပြောသည်။
ကျောင်းဆရာအား ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဆက်လက်မေးမြန်းရာတွင် သူဖြေဆို၍ မသင့်ကြောင်းပြောသည်။
’’ဘာကြောင့်ဖြစ်တယ်ဆိုတာ ခင်ဗျားက တကယ်ရေးမှာလား။ ရေးမှာဆိုရင် ကျနော့်ကျောင်းသားတွေကို ခေါ်ပေးမယ်။ ကျနော်ကကျ ဖြေလို့မကောင်းဘူး’’ဟု ၄င်းကဆက်ပြောသည်။
အစာစားသောက်ချိန်သည် ဧပြီလ ၂၄ရက်​ ညနေ ၅ နာရီကဖြစ်ပြီး စားသောက်ပြီး တစ်နာရီကျော်အကြာတွင် ကလေးများ အော့အန်ခြင်း၊ ဝမ်းလျှောခြင်းများဖြစ်ကာ အရေးအပေါ်အခြေအနေဖြင့် ကလေးဆေးရုံးသို့ ယခုကဲ့သို့ အမြန်ပို့ဆောင်လိုက်ရခြင်းဖြစ်သည်။
https://updatenew.net/archives/18925?fbclid=IwAR11U7hofv3ko-YKkdVH3L6mSltmJvBFcGZ2DPLgD_QRAAmrYBAnCDbwAEk

No comments:

Post a Comment