နေပူရင်လည်း အပြင်မထွက်ပါနဲ့ မိုးရွာရင်လည်း အပြင်မထွက်ပါနဲ့ လူတစ်ဦး သေဆုံးရပြန်ပြီ…

https://updatenew.net/archives/18984
နေပူရင်လည်း အပြင်မထွက်ပါနဲ့ မိုးရွာရင်လည်း အပြင်မထွက်ပါနဲ့ လူတစ်ဦး သေဆုံးရပြန်ပြီ…


နေပူရင်လည်း အပြင်မထွက်ပါနဲ့ မိုးရွာရင်လည်း အပြင်မထွက်ပါနဲ့ လူတစ်ဦး သေဆုံးရပြန်ပြီ…
မိုးသီးများနှင့်အတူ မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် နေအိမ်၊ သွပ်မိုးများ နှင့် သီးနှံစိုက်ခင်းများ အများအပြား ပျက်စီးဆုံးရှုံးကာ လူတစ်ဦး မိုးကြိုးစက်ကွင်း ထိမှန်သေဆုံး။
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့ အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် ဧပြီလ (၂၃) ရက်နေ့ ညနေ (၄) နာရီခွဲ အချိန်က မိုးသီးများနှင့်အတူ မိုးသည်းထန်စွာ ရွာသွန်းခဲ့၍ နေအိမ်၊ သွပ်မိုး များ အများအပြားပေါက်ပြဲ ပျက်စီးခဲ့ကြောင်းသိရှိရပါသည်။

အဆိုပါ မိုးများ မိုးသီးများနှင့်အတူ မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် ရွာငံမြို့ပေါ် ဈေးတန်းရပ်ကွက်တွင် အိမ်ခြေ (၅၄၀)၊ သွပ်ချပ်ရေ (၂၈၂၁၁)၊ ရွာမရပ်ကွက်တွင် အိမ်ခြေ (၃၁၅) သွပ်ချပ်ရေ (၁၆၆၀၂)၊ မြို့ကုန်း ရပ်ကွက်တွင် အိမ်ခြေ (၁၅၇)၊ သွပ်ချပ်ရေ (၆၅၆၅) နှင့် ရွာငံမြို့နယ်ကျေးရွာများဖြစ်သည့် အင်းကုန်းကျေးရွာတွင် အိမ်ခြေ (၉၇)၊ သွပ်ချပ်ရေ (၁၉၉၆)၊ ငါးဆူကျေးရွာ အိမ်ခြေ (၈၆)၊ သွပ်ချပ်ရေ (၁၈၂၁)၊ ကျောက်ပုံကျေးရွာတွင် အိမ်ခြေ (၃၇)၊ သွပ်ချပ်ရေ (၃၉၆)၊ ထမင်းပေါင်းကျေးရွာတွင်

အိမ်ခြေ (၅၈)၊ သွပ်ချပ်ရေ (၉၃၀)၊ တောင်ခေါင်းပွာကျေးရွာတွင် အိမ်ခြေ (၇)လုံး၊ သွပ်ချပ်ရေ (၁၁၅)၊ ကဇက်ကျေးရွာတွင် အိမ်ခြေ (၂၈၃)၊ သွပ်ချပ်ရေ (၇၁၇၈)၊ ကပြင်ကျေးရွာတွင် အိမ်ခြေ (၅၆)၊ သွပ်ချပ်ရေ (၁၂၀၁)၊ နွားဘန်းကြီးကျေးရွာတွင် အိမ်ခြေ (၁၆၁)၊ သွပ်ချပ်ရေ (၂၃၀၄)၊ ပွေးနဖားကျေးရွာတွင် အိမ်ခြေ (၁၂၅)၊

သွပ်ချပ်ရေ (၂၁၅၉)၊ ကျောက်က္ကူပြင်ကျေးရွာတွင် အိမ်ခြေ (၃)၊ သွပ်ချပ်ရေ (၆၄) ချပ် တို့ ပျက်စီးဆုံးရှူံးခဲ့ပြီး စုစုပေါင်းအိမ်ခြေ (၁၉၂၅)၊ သွပ်ချပ်ရေ (၆၉၅၄၂) ဖြစ်ကြောင်းနှင့် ဆုံးရှုံးမှု တန်ဖိုးမှာ ကျပ် (၃၇၈၁၀၃၇၀၀) ဖြစ်ကြောင်းနှင့် အုတ်တွင်း ကျေးရွာတွင်လည်း ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ဆက်လက် စာရင်းပြုစုလျှက်ရှိပြီး

အဆိုပါ ဖြစ်စဉ်ကြောင့် မြင်းကျဒိုးကျေးရွာအုပ်စု၊ ရေလှကျေးရွာတွင် မိုးကြိုးစက်ကွင်း ထိမှန်၍ ဒေါ်ခင်သောင်းအသက် (၄၂) နှစ်မှာ သေဆုံးခဲ့ကြောင်းနှင့် ကော်ဖီစိုက်ခင်းများ၊ ငှက်ပျောစိုက်ခင်းများ၊ နှစ်ရှည် သီးနှံပင်ဖြစ်သည့် ထောပတ်သီးပင်များ၊ သရက်ပင်များ၊ လက်ဖက်စိုက်ခင်းများ စသည့် သီးနှံပင်များ ဖူးပွင့်စချိန်ဖြစ်သဖြင့် အများအပြား ကြွေကျပျက်စီး ဆုံးရှုံးခဲ့ကြောင်းသိရှိရပါသည်။

ယခု ရွာသွန်းခဲ့သည့် မိုးနှင့်အတူ ကျရောက်ခဲ့သည့် မိုးသီး အရွယ်အစားမှာ အချင်း (၁) လက်မခွဲ မှ (၂) လက်မ ခန့် ရှိပြီး ရွာသွန်းချိန်မှာ (၁၅) မိနစ်အချိန်ခန့်သာကြာမြင့်ခဲ့ကြောင်းလည်း သိရှိရပါသည်ll ဓနုရေဒီယို အစီစဉ်
No comments:
Post a Comment