ads

sponsor

Monday, April 15, 2019

အင်ယျားကန်ဘောင်က ထီးတွေ ဖြုတ်ယူနေကြတဲ့ ဗွီဒီယိုဖိုင် …

အင်ယျားကန်ဘောင်က ထီးတွေ ဖြုတ်ယူနေကြတဲ့ ဗွီဒီယိုဖိုင် …

အင်ယျားကန်ဘောင်က ထီးတွေ ဖြုတ်ယူနေကြတဲ့ ဗွီဒီယိုဖိုင် …


အင်ယျားကန်ဘောင်က ထီးတွေ ဖြုတ်ယူနေကြတဲ့ ဗွီဒီယိုဖိုင် …
၂၀၁၉ မြန်မာ့နှစ်ကူး အတာသင်္ကြန်အတွက် ရန်ကုန်မြို့ရဲ့ ကျက်သရေဆောင် အင်းလျားကန်ဘောင်မှာ တာဝန်ရှိသူတွေက လျှောက်လမ်းလေးလုပ်ပေးထားတယ် အမယ် .. လျှောက်လမ်းဆိုလို့ ပေါ့သေးသေးမဟုတ်ဘူးဗျ .. လာတဲ့သူတွေ နေပူမှာစိုးလို့ ပုသိမ်ထီးလေးတွေ ခေါင်းပေါ်မှာမိုးပေးထားတယ်။ စေတနာနဲ့ပေါ့ဗျာ။…
် ကျွန်တော်က သင်္ကြန်မှာ နောက်ဆုံးနေ့ပဲ လည်တာ များတယ်ဗျ ရှေ့သုံးရက်မှာ ဘာတွေဖြစ်မလဲ အိမ်ထဲကနေ စောင့်ကြည့်တာ များတယ်။ အခြေအနေကောင်းရင် အပြင်ထွက်တာပေါ့ ပထမ နဲ့ ဒုတိယ ရက်က သိပ်ပြီး ထူးထူးခြားခြားမရှိဘူး။ ဒီနေ့လည်းကျရော အင်းလျားကန်ဘောင်ပေါ်က ရုပ်ဆိုးဆိုးမြင်ကွင်းတွေ့ရတယ်။…ရုပ်သံ အောက်ဆုံးမှာ ဖော်ပြေးထားပါတယ်

Pyae Phyo Naing ဆိုတဲ့ လူမှုကွန်ယက် အကောင့်ပိုင်ရှင်က တင်ထားတာပါ။ ပုံကြည့်လိုက်တော့ ကန်ဘောင်လျှောက်လမ်းမှာ မိုးပေးထားတဲ့ အလှဆင်ပုသိမ်ထီးလေးတွေ တစ်လက်မှ မကျန်တော့ဘူးဗျ ဘယ်ဟုတ်မလဲ .. ကန်ဘောင်ပေါ် လမ်းလျှောက်လာကြတဲ့ အမျိုးကောင်းသား သမီးတစ်ချို့က ဆွဲချယူသွားတာတဲ့ အကုန်လုံး မဟုတ်ဘူးနော် ..
ဓာတ်ပုံကိုသေချာကြည့် .. ယူတဲ့သူတွေက ဘယ်လိုတွေဆိုတာ .. အဟုတ်ပြောတာ .. ဘုရားစူး .. ဆွဲချမရလို့ ဒီအတိုင်းထားပစ်ခဲ့တဲ့ ထီးလေးတစ်လက်စ နှစ်လက်စပဲ ကျန်တယ်။…

ပုံထဲမှာ မြင်ရတာကတော့ ဆွဲယူထားတဲ့ ထီးတွေကိုင်ပြီး ဓာတ်ပုံရိုက် နေကြတဲ့သူနဲ့ .. ထီးကိုလက်ထဲမှာ လိပ်ပြီးကိုင်ထားတဲ့သူနဲ့ .. နေပူလို့ ထီးဆောင်းနေတဲ့သူနဲ့ ဟုတ်နေတာပဲ .. အော် .. ထီးတွေလက်ဆောင်ပေးတယ်လို့ ထင်နေပုံရတယ် .. ဒါမှမဟုတ်လဲ public မှာ ချပြထားတဲ့ပစ္စည်းဆိုတော့ ယူလို့ရတယ်ထင်ပုံပဲ .. ပြည်သူပိုင်ပစ္စည်းတို့ပစ္စည်း ဆိုတဲ့ စကားအတိုင်းပါလား လို့တောင်တွေးမိတယ်။…
public မှာ ဒီအတိုင်းချပြပြီး အလှဆင်ထားရုံနဲ့ အိမ်မှာ ချိတ်ထားတဲ့ ထီးလို သွားချင်တဲ့အချိန် ကောက်ဆောင်းသွားဖို့ မဟုတ်ဘူးဆိုတာ သိဖို့လိုမယ်ထင်တယ်။ နောက်ပြီး တာဝန်ရှိသူတွေဘက်ကလည်း ဒီထီးတွေဟ အလှဆင်သက်သက်ဖြစ်ပြီး ဖြုတ်ယူလို့မရဘူးဆိုတာလည်း သတိပေးထားသင့်တယ်။

ပြောမယ့်သာပြောတာပါ။ သတိပေးထားပြီဆိုမှ ပိုလုပ်ချင်ကြတာ လူတော်တော်များများပဲ။ မြန်မာဆိုတော့လေ .. ကိုယ့်လူမျိုးအကြောင်းကိုယ်သိတာပေါ့။
ရှက်ကြစမ်းပါဗျာ။ ဒီ အာတီကယ်ကို ဖတ်နေတဲ့အထဲမှာ ထီးကိုခပ်တည်တည်ဖြုတ်ယူသွားတဲ့ခင်ဗျားလည်း ပါရင်ပါနေမယ်။ အဲ့ဒီကျမှ ပို့စ်အောက်မှာ စည်းကမ်းမရှိတဲ့ကောင်တွေ ဘာညာနဲ့နင်ပဲငဆ ဝင်ပြီးဆဲဖို့၊ မန့်ဖို့မစဉ်းစားလေနဲ့။

ကိုယ်မပိုင်တဲ့ပစ္စည်းကို ပိုင်ရှင်မသိပဲယူတာ သူခိုးပဲ … ဘယ်သူတွေယူသွားတယ်၊ စည်းကမ်းပျက်တယ်ဆိုတာ ကျွန်တော်မသိဘူး .. တခြားသူတွေလည်းမသိဘူး .. ဒါပေမယ့် ခင်ဗျားကိုယ်တိုင်နဲ့ခင်ဗျားရဲ့ ကိုယ်စောင့်နတ်ကတော့သိတယ် ..
အဲ့တော့ ခင်ဗျားတို့ ( ဓာတ်ပုံထဲက ထီးဖြုတ်တဲ့သူတိုင်း ) ဒီလိုသင်္ကြန်မျိုးနဲ့ မတန်ဘူးဗျ။ ဗွက်ရေနဲ့ပက်ပြီး ဗွက်တောထဲမှာ လူးနေတဲ့ ဆင်ခြေဖုံးသင်္ကြန်မျိုးနဲ့ပဲ တန်တယ်။
ရုပ်သံ
Gabriel
Source – Pyae Phyo Naing

https://updatenew.net/archives/18156?fbclid=IwAR0ZaOR020NdUJiFhXSQd4jtVWsl1SSe7f7k5Y5aSy1aZO8JYmWCZqEC9ac

No comments:

Post a Comment