ကချင်ပြည်နယ်မြစ်ကြီးနားမြို့ ရွှေညောင်ပင်ရပ်ကွက်မှာ ဒီနေ့ ဖြစ်ရပ်(ရုပ်သံ)

https://updatenew.net/archives/18181
ကချင်ပြည်နယ်မြစ်ကြီးနားမြို့ ရွှေညောင်ပင်ရပ်ကွက်မှာ ဒီနေ့ ဖြစ်ရပ်(ရုပ်သံ)


ကချင်ပြည်နယ်မြစ်ကြီးနားမြို့ ရွှေညောင်ပင်ရပ်ကွက်မှာ ဒီနေ့ ဖြစ်ရပ်(ရုပ်သံ)
ကချင်ပြည်နယ်မြစ်ကြီးနားမြို့ ရွှေညောင်ပင်ရပ်ကွက် ၂၀၁၉.၄.၁၅ ရက်နေ့ ၁၂ နာရီ အတွင်းဖြစ်ပွါးခဲ့တယ်လို့ သိရပါတယ်..။ သနားပါတယ်ဗျာ.. ဝိုင်းရှယ်ပေးကြပါဦးနော်…
နာမည်က မနီလာအောင် ပါတဲ့ အသက်က ၃၉ နှစ်ပါ နေရပ်လိပ်စာက မြောက်ဥက္ကလာ ဝေဘာဂီကလို့ ပြောပါတယ်။ ကျမကိုခေါ်လာတာ ဗျူတီပါလာ ခေါင်းလျှော်ဆိုင် အနှိပ်ခန်းဆိုပြီး ရန်ကုန်ကနေပြီး ပွဲစား အဒေါ်ကြီးက ခေါ်လာတာပါလို့ ပြောပါတယ်။ ဆိုင်ရောက်တော့ အနှိပ်ခန်းကို ဗန်းပြပြီးတော့ ဖာခံစားကြတာ..။

ကျမက ကောင်းရောင်း ကောင်းဝယ်လုပ်ဖို့ လာတာ ကျမ ဖာခံစားတဲ့ အလုပ်ကို မလုပ်နိုင်ဘူး ပြောတော့ ကျမကို ဝိုင်းရိုက်ကြတယ် ပါးတွေ နားတွေလည်း ရိုက်တယ်. တံမြက်စည်းတွေနဲ့လည်း ရိုက်တယ်။ ဆံပင်တွေလည်း အထွေးလိုက် ကျွတ်ကျကုန်တဲ့ အထိရရိုက်ကြတယ်။
အခုဆိုရင် ကျမ ဆီးအုံတွေရော ရင်ဘတ်တွေရော တအားအောင့်နေတယ်တဲ့..။ ကျမရဲတိုင်မယ်လို့ ပြောတော့ ပိုပြီး ဝိုင်းရိုက်ကြတယ်။ ပိုက်ဆံတွေလည်း ရှိတာလေး တစ်သိန်းကျော်လည်း ပျောက်သွားခဲ့တယ်လို့ ပြောပါတယ်။
အမျိုးသမီးက သင်္ကြန်ရက်မှာ ဘုန်းကြီးကျောင်းမှာ အချိုရည်ကပ်မယ်လုပ်တော့ အပြင်ထွက်ခွင့် မရှိဘူး ကပ်ခွင့် မရှိဘူးဆိုပြီး တားဆီးကြောင်း၊ ဘေးကပ်လျှက်အခန်းမှာ ဖာခန်းလုပ်ကိုင်နေကြောင်း ၊ ဖာသည်မလို့ ဆဲဆိုကြီမ်းမောင်းပြီး ဝိုင်းဝန်းရိုက်နှက်လွှတ်လိုက်ကြောင်း ပြောပြနေတာကိုတွေ့ရပါတယ်။
လောလောဆယ်တော့ အမျိုးသမီး အချိုရည် ကပ်ဖို့ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ကပ်နိုင်အောင် ဘေးနားက လူတွေက ၀ိုင်းပြီးစီစဉ်ပေးနေကြတာ ကိုတွေ့ရပါတယ်..။
တာဝန်ရှိသူများ ဒီအမျိုးသမီးကို ဝိုင်းဝန်းရိုက်နှက် လွှတ်လိုက်တဲ့ ဆိုင်နှင့် ဆိုင်ပိုင်ရှင်များကို စစ်ဆေးအရေးယူ သင့်ပါကြောင်း လေးစားစွာဖြင့် တင်ပြအပ်ပါသည်။ လေးစားစွာဖြင့်…ApannPyay – Video Source – Ye Lin Aung
https://updatenew.net/archives/18181
No comments:
Post a Comment