“လူ့အသက်သေစေနိုင်လောက်သောဆေးဝါးမှားယွင်းမှု့တဲ့” C လေးတစ်လုံးလွဲတာနဲ့နော်
ကြည့်လိုက်တော့ Meftal-Spas /Ranatid/Musol ၃ မျိုး…လွဲနေပြီလို့စိတ်ထဲက သိလိုက်လို့ဆေးစာအုပ်ယူ ကြည့်လိုက်တော့

Musol(Acetylcysteine)…
Muscol နဲ့ Musol ဆေး ၂ မျိုးက စာလုံးပေါင်းခြင်း အင်္ဂလိပ်အက္ခရာ ( C) တလုံးပဲကွာပါတယ်…


ဘဲ မှားပေးတာမျိုးလဲရှိပါ့…မှားပေးလို့ကတော့ နာရေးကူညီမှု့ အဖွဲ့တွေအလုပ်ရှုပ်ပြီပဲ)…
(ဒီလိုမဖြစ်ရလေအောင်)…
လူတိုင်းမှာ မွေးကတည်းက အသက်တစ်ချောင်းစီပဲပါလာပါတယ်…ဘယ်သူမှအပိုမပါလာပါဘူး…အခုကိစ္စမှားယွင်းမှု့ကလူ့အသက်မသေစေနိုင်တာမှန်ပေမဲ့ အချို့ သောဆေးတွေကအမှားမခံပါဘူး…(သေတတ်ပါတယ်) ဆေးပေးတာမှားလို့သေသွားမှ အထူးကုဆေးခန်းပိုင်ရှင်/ညွှန်ကြားတဲ့ဆရာဝန်ကြီး /ဆေးပေးတဲ့ဝန်ထမ်း ၃ ဦးလုံးဆီက အသက်ပြန်တောင်းလို့မရပါဘူး…
so sorry ဆိုတဲ့စကားလေးနဲ့ပဲနှစ်သိမ့်ခံရမှာပေါ့…ဒီလို အလားတူဖြစ်ရပ်တွေ လူသိတာကော/မသိလိုက်တာတွေပါ အများကြီးဖြစ်ခဲ့ဖူးမှပါ…ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတွေပီပီ ကံတရားကိုပဲ ပုံချလိုက်ကြတာများပါတယ်…
(ဒါကြောင့်)…ဥစ္စာကံစောင့်/အသက်ဥာဏ်စောင့် ဆိုသလို မိမိရဲ့တန်ဖိုးရှိလှတဲ့အသက်တစ်ချောင်း အလဟဿ မဆုံးရှုံး ရလေအောင် ဆေးရုံ/ဆေးခန်းသွားပြပြီး ဆေးစာညွှန်ကြားလိုက်လို့ ဆေးဆိုင်ကဆေးဝယ်ပြီးတဲ့အခါတိုင်း ဆရာဝန်ထံဆေး မှန်/မမှန်ပြန်လည်ပြသဖို့ အရေးကြီးပါတယ်ဆိုတာ…public အကျိုးမျှော်ကိုးကာ ရေးသားလိုက်ပါတယ်…
Khin Win Facebook
Unicode
လူ့အသက်သေစေနိုင်လောက်သောဆေးဝါးမှားယွင်းမှု့များအားအများသတိထားမိစေရန်ရည်ရွယ်ပါသည်…
ဒီညနေ… ရွာဘက်ကလူနာတစ်ယောက်ကဆေးကဒ်တွေလာပြပြီး.…
မနေ့က ရန်ကုန်ကနာမည်ကြီးအထူးကုဆေးခန်းမှာ အထူးကု ဆရာဝန်ကြီးတစ်ယောက်နဲ့ပြသပါတယ်…ဒူးနာနေလို့ပါတဲ့
အခုဆရာဝန်ပေးတဲ့ဆေး ၂ ခွက်သောက်ပြီး ရင်တွေတအား တုန်လာလို့ လာပြတာပါတဲ့…
ကြည့်လိုက်တော့ Meftal-Spas /Ranatid/Musol ၃ မျိူ း…လွဲနေပြီလို့စိတ်ထဲက သိလိုက်လို့ဆေးစာအုပ်ယူ ကြည့်လိုက်တော့
prof : ရေးပေးလိုက်တဲ့ဆေးတွေက…
Meftal-Spas /Ranatid/Muscol ပါ…
professor ရေးပေးလိုက်တာက အကိုက်အခဲပျောက်ဆေး
Muscol(paracetamol + orphenadrine)…

ဆေးရောင်းတဲ့ကောင်တာကပေးလိုက်တာက ချွဲပျော်ဆေး
Musol(Acetylcysteine)…
Muscol နဲ့ Musol ဆေး ၂ မျိူ းက စာလုံးပေါင်းခြင်း အင်္ဂလိပ်အက္ခရာ ( C) တလုံးပဲကွာပါတယ်…
ဒါပေမဲ့သောက်ရမယ့် ရောဂါခြင်းက အဝေးကြီးကွာသွားပါပြီ…ချွဲပျော်ဆေးနဲ့ အကိုက်အခဲပျောက်ဆေး (ဘာမှ မဆိုင်ပါ)…

အကိုက်အခဲပျောက်ဆေးသောက်ရမဲ့လူနာကို ချွဲပျော်ဆေးပေးလိုက်တော့ သောက်ရတဲ့လူနာခမျာ ရင်တွေတုန်…ခြေဖျားလက်
ဖျားတွေအေးစက်လာပါတော့တယ်…နဂိုကိုယ်ခံအားလဲနည်း တာလဲပါတာပေါ့…(သေလောက်တဲ့)မှားယွင်းမှု့သာဆိုရင် ဘယ့်နှယ်လုပ်မလဲဗျာ…
ဒီတော့…fri များအားလုံးလဲ အထူးကုဆေးခန်းကြီးတွေက အထူးကုဆရာဝန်ကြီးတွေနဲ့ပြတာပဲဆိုပြီး ပေါ့ပေါ့ဆဆမနေကြပါနဲ့…ဆရာဝန်ကြီးက ရောဂါစမ်းသပ်ပြီးဆေးစာရေးပေးတာ…
ဆေးပေးတာက ဆေးကောင်တာကပေးတာ…(တခါတလေမှာဆေးကောင်တာအရောင်းစာရေးချင်း ရည်းစားအကြောင်း…မင်းသား/မင်းသမီးအကြောင်းပြောရင်း ဆေးစာသေချာမဖတ်

ဘဲ မှားပေးတာမျိူ းလဲရှိပါ့…မှားပေးလို့ကတော့ နာရေးကူညီမှု့ အဖွဲ့တွေအလုပ်ရှုပ်ပြီပဲ)…
(ဒီလိုမဖြစ်ရလေအောင်)…
ဆရာဝန်ကြီးရေးပေးတဲ့နဲ့ဆေးကောင်တာကပေးတဲ့ဆေးမှန်လာ/မမှန်လား ဆရာဝန်ကြီးထံပြန်ပြပါ…ဆရာဝန်ကြီးထံပြန်ပြဖို့အခက်အခဲရှိရင်…ရင်းနှီးတဲ့ဆရာဝန်/ကျွမ်းကျင်မှု့ရှိတဲ့ ဆေးဆိုင်တို့မှာ ဆေးစာနဲ့ဆေး မှန်လား…လွဲနေလားတိုက်ဆိုင်စစ်ဆေးပါ…(ဆေးခန်းပြသူ 90% မစစ်ဆေးပါဘူး)…
ဘာမှအပမ်းကြီးတာမဟုတ်ပါဘူး…ဆေးစာနဲ့ဆေးလွဲနေရင် အပ်နဲ့ထွင်းရမယ့်ကိစ္စပုဆိန်နဲ့ပေါက်ရပါလိမ့်မယ်…အထူးကုဆေးခန်းပဲ…ကျွမ်းကျင်ဝန်ထမ်းတွေပဲဆိုပြီး အထင်တကြီးနဲ့သွားပြပြီး မျက်နှာလွဲခဲပစ်မလုပ်ကြပါနဲ့ဗျာ…
လူတိုင်းမှာ မွေးကတည်းက အသက်တစ်ချောင်းစီပဲပါလာပါတယ်…ဘယ်သူမှအပိုမပါလာပါဘူး…အခုကိစ္စမှားယွင်းမှု့ကလူ့အသက်မသေစေနိုင်တာမှန်ပေမဲ့ အချိူ့သောဆေးတွေကအမှားမခံပါဘူး…(သေတတ်ပါတယ်) ဆေးပေးတာမှားလို့သေသွားမှ အထူးကုဆေးခန်းပိုင်ရှင်/ညွှန်ကြားတဲ့ဆရာဝန်ကြီး /ဆေးပေးတဲ့ဝန်ထမ်း ၃ ဦးလုံးဆီက အသက်ပြန်တောင်းလို့မရပါဘူး…
so sorry ဆိုတဲ့စကားလေးနဲ့ပဲနှစ်သိမ့်ခံရမှာပေါ့…ဒီလို အလားတူဖြစ်ရပ်တွေ လူသိတာကော/မသိလိုက်တာတွေပါ အများကြီးဖြစ်ခဲ့ဖူးမှပါ…ဗုဒ္ဓဘာသာဝင် မြန်မာလူမျိူ းတွေပီပီ ကံတရားကိုပဲ ပုံချလိုက်ကြတာများပါတယ်…
(ကျနော်တို့တောမြို့တွေမှာပိုဆိုးပေါ့ဗျာ…ဘာဖြစ်ဖြစ် သူ့ဘာသာနေတဲ့ ကံကိုပဲအပြစ်ပုံချတော့တာပါ)…
နိုင်ငံတကာမှာ ဒီလိုဖြစ်ရပ်တွေဖြစ်လာရင် သက်ဆိုင်ရာဝန်ကြီးဌာနက အပြစ်ရှိသူတွေကို ပြင်းပြင်းထန်ထန်အရေးယူသလို ကျနော်တို့ဆီမှာလဲ အရေးယူဖို့လိုအပ်နေပါပြီ…
(ဒါကြောင့်)…ဥစ္စာကံစောင့်/အသက်ဉာဏ်စောင့် ဆိုသလို မိမိရဲ့တန်ဖိုးရှိလှတဲ့အသက်တစ်ချောင်း အလဟဿ မဆုံးရှုံး ရလေအောင် ဆေးရုံ/ဆေးခန်းသွားပြပြီး ဆေးစာညွှန်ကြားလိုက်လို့ ဆေးဆိုင်ကဆေးဝယ်ပြီးတဲ့အခါတိုင်း ဆရာဝန်ထံဆေး မှန်/မမှန်ပြန်လည်ပြသဖို့ အရေးကြီးပါတယ်ဆိုတာ…public အကျိူ းမျှော်ကိုးကာ ရေးသားလိုက်ပါတယ်…
ဒီ ပို့စ်ကို share ပေးခြင်းဖြင့်လဲ ဆေးဝါးမှားယွင်းမှု့များအ န္တရာယ်မှကင်းဝေးစေခြင်းဖြင့် ကုသိုလ်ယူကြနိုင်ပါတယ်ခင်ဗျား
Khin Win Facebook
လူ့အသက်သေစေနိုင်လောက်သောဆေးဝါးမှားယွင်းမှု့တဲ့” C လေးတစ်လုံးလွဲတာနဲ့နော်
https://myanmedia.com/archives/24321?fbclid=IwAR1vq7RgxbXpThrfaIslKwPnFuirHRKfN6Ek-O5XYHUUEbYvHg7qr-VPVoQ
https://myanmedia.com/archives/24321?fbclid=IwAR1vq7RgxbXpThrfaIslKwPnFuirHRKfN6Ek-O5XYHUUEbYvHg7qr-VPVoQ
No comments:
Post a Comment