ads
sponsor
Saturday, April 13, 2019
အခု ကျမတင်တာ သူ့သားကို ဒီမအေအိုကြီးရဲ့အဖြစ်မြင်တွေ့ပါစေ ဆန္ဒနဲ့တင်ပါတယ် မိခင်အိုကို အသိကျွမ်းမရှိဆွေမျိုးမဲ့ နေရာမှာဒီလိုပစ်ချတဲ့ သား မြင်ပါစေ သိပါစေ
Daw Nway Nway (မြဝတီ)
Unicode
သားအရင်းက သူ့မိခင်မဟုတ်ဘူးငြင်းပြီး ပစ်ချခံရသော အမေအိုရဲ့ဘဝ…
ဒီမနက်အစော မြဝတီဆေးရုံကြီးက ကျမထံဆက်သွယ်လာတယ် ဒီအမေအိုကြီးဟာ သူ့ဘဝနောက်ဆူံးနေဝင်ချိန်ကို သူ့ဇာတိဖာပွန်မှာ အမှီပြန်ခေါင်းချချင်လို့ ငိုယိုနေရှာတယ်။
သူ့မှာလူနာစောင့်မရှိ စားရိတ်ရယ် တပြားမှမရှိဘူး သူ့သားတစ်ယောက်က ဒီမြဝတီထဲတင်ရှိတယ်တဲ့ သူ့သားရဲ့လိပ်စာအတိုင်း ဆေးရုံကစုံစမ်းပြီး သွားခဲ့တဲ့အခါ သူ့သားက ဒီနေဝင်ချိန်ရောက်နေတဲ့ ရောဂါသည်မိခင်ကြီးကို တာဝန်ယူရမစိုးလို့ ငြင်းပါတယ။်
သူ့မိခင်မဟုတ်ဘူးလို့ ရက်ရက်စက်စက်ကို ငြင်းလွှတ်ပါတယ် မိခင်အိုခမျာ ကူကယ်ရာမဲ့ဘဝနဲ့ မြဝတီဆေးရုံမှာ တက်ရောက်နေရပါတယ။်
အခုရောဂါသည်းလာတော့ သူ့ကို နောက်ဆူံးဆန္ဒက ိုဖြည့်ပေးဖို့ သူ့ဇာတိ ဖာပွန်ကိုပြန်ပို့ဖို့ မြင်သမျှ ဆရာမတွေကို ငိုကာတောင်းဆိုနေပါတယ။် ကျမလည်း ဒီအမေအိုကြီးကို လမ်းစားရိတ် ၁၇၀၀၀၀ ကျပ် လှူခဲ့ပါပြီးအားပေးခဲ့ပါတယ်..
အခု ကျမတင်တာ သူ့သားကို ဒီမအေအိုကြီးရဲ့အဖြစ်မြင်တွေ့ပါစေ ဆန္ဒနဲ့တင်ပါတယ် မိခင်အိုကို အသိကျွမ်းမရှိဆွေမျိူးမဲ့ နေရာမှာဒီလိုပစ်ချတဲ့ သား မြင်ပါစေ သိပါစေ
မွေးမိခင်ကျေးဇူးကို ဒီလို ရက်ရက်စက်စက်နဲ့ဆပ်တဲ့သား မြင်ပါစေ ဆေးရုံကဆရာမတွေက ဖာပွန်ကို ပို့လို့ ဟိုမှာ ထပ်ပြီးကယ်သူမဲ့ရင် ဒီဆေးရုံကိုပြန်သယ်လာပေးဖို့ ပြုလုပ်မှာ ကြားနေပါတယ်။
အဖွားရဲ့ဝဋ်တွရှိခဲ့ရင် ဒီဘဝဒီမျှသာ ကြေပါစေတော့…
Daw Nway Nway (မြဝတီ)
https://updatenew.net/archives/18000
No comments:
Post a Comment