ads

sponsor

Tuesday, April 16, 2019

ဘုရားဖူးကားတစ်စီး ချောက်ထဲကျ ၅ ဦးသေဆုံး ၄၂ ဦးဒဏ်ရာရ

ဘုရားဖူးကားတစ်စီး ချောက်ထဲကျ ၅ ဦးသေဆုံး ၄၂ ဦးဒဏ်ရာရ

ဘုရားဖူးကားတစ်စီး ချောက်ထဲကျ ၅ ဦးသေဆုံး ၄၂ ဦးဒဏ်ရာရ


ဘုရားဖူးကားတစ်စီး ချောက်ထဲကျ ၅ ဦးသေဆုံး ၄၂ ဦးဒဏ်ရာရ
ဘုရားဖူးကားတစ်စီး ချောက်ထဲကျ တိမ်းမှောက် ၅ ဦးသေဆုံး ၄၂ ဦးဒဏ်ရာရ
ဆိပ်ဖြူ- ဆော ကားလမ်း ဆောမြိုနယ် ပြုံရွာ (ရွာဟောင်း) အနီး မိုင်တိုင် အမှတ် ၅၅/ ၁ နှင့် ၅၅/ ၂ အကြားတွင် ဧပြီ (၁၄) ရက် ည ၉ နာရီခန့် က မော်တော်ယာဉ်တစ်စီး တိမ်းမှောက်ခဲ့သဖြင့် စီးနင်းလိုက်ပါ လာသူ ၅ ဦး သေဆုံးပြီး ၄၂ ဦးတို့ ဒဏ်ရာ ရရှိမှုဖြစ်ပွားခဲ့သည်။
ဖြစ်ပွားပုံမှာ ယာဉ်မောင်း ဝင်းညွန့်မောင်းနှင်သည့် ယာဉ်အမှတ် ၃ဌ/ ——- လေးလုံးထိုး မှန်ထောင် အစိမ်းရောင် ခြောက်ဘီး ယာဉ်သည် ခရီးသည် ၄၇ ဦးအား တင်ဆောင်မောင်းနှင်စဉ် ချောက်ထဲသို့ တိမ်းမှောက်ရာမှ ယာဉ်ပေါ်ပါလာသူ ၅ ဦးသေဆုံးပြီး ၄၂ ဦးတို့ ဒဏ်ရာရရှိခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ခရီးသည်များမှာ ဆိပ်ဖြူမြို့နယ် ဖလံမ ကျေးရွာမှ ဆောမြို့နယ် သိန်းကျင်းကျေးရွာတွင် သင်္ကြန်အခါ၌ ဗုဒ္ဒပူဇနိယ ပွဲတော်အဖြစ် ကျင်းပသည့် သိန်းကျင်းရွှေတန်ဆာစေတီတော် ဘုရားပွဲသို့ ဘုရားဖူးသွားရောက်ကြသူများဖြစ်ကြောင်းနှင့်
မော်တော်ယာဉ်တိမ်းမှောက်ရာသို့ ဆောမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ ဒုရဲအုပ် ဝင်းဦးနှင့်အဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ကြပ်ဌေးလင်းဦးနှင့်အဖွဲ့၊ သီရိရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးညီညီညွန့်နှင့်အဖွဲ့တို့ ရောက်ရှိကြပြီး လိုအပ်သည်များ ကူညီလုပ်ဆောင်ပေးကြသည်။
ဖြစ်စဉ်နှင့် စပ်လျဉ်း၍ မော်တော်ယာဉ်အား မဆင်မခြင်ပေါ့လျော့စွာ မောင်းနှင်သူ ဝင်းညွှန့်အား ဆောမြို့မ ရဲတပ်ဖွဲ့စခန်းက ဥပဒေ အရ အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။ IPRD/ SAW

https://updatenew.net/archives/18260

No comments:

Post a Comment