" ဘာ့ကြောင့် အမျိုးသမီးများ ဘုရားဖြစ်ခွင့်မရှိ
တာလဲ "
မိန်းမဘဝနဲ့ ဘုရားဖြစ်နိုင်သလားဆိုရင် လုံးဝမ
ဖြစ်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုရင် မိန်းမသဘာဝ
ကြောင့်ပါပဲ။ ဒီလိုပြောခြင်းဟာ တော်တော်အတ္တ
ဆန်တယ်လို့ ထင်ခြင်ကောင်းထင်နေပါလိမ့်မယ်။
တွေးကြည့်ရအောင်။ မိန်းမတို့မရကောင်းသော
ဘ၀ရာထူးကြီး ၅-ပါး ကို ဗုဒ္ဓက ဥပရိပဏ္ဏာသပါ
ဠိတော် စာမျက်နှာ ၁၁၀ မှာ ဟောထားတော်မူခဲ့
ပါတယ်။ မိန်းမသားဘဝအဖြစ်ဖြင့် မရကောင်း
မဖြစ်ကောင်းသော ဘ၀ကြီး ( ၅ ) ခုရှိပါတယ်။
(၁) ဘုရားဘ၀ အဖြစ်၊။
(၂) စကြ၀တေးမင်းကြီး။
(၃) ဗြဟ္မာမင်းကြီး။
(၄) သိကြားမင်းကြီး။
(၅) မာရ်နတ်မင်းကြီး။
ဒါဟာ မိန်းမတွေကို ဘုရားကခွဲခြားပြီး နှိမ်ချခဲ့တာ
မဟုတ်ပါဘူး။ မိန်းမဘဝနဲ့ မရနိုင်တာမို့ မရနိုင်
ကြောင်း သဘာဝအရှိကိုအရှိအတိုင်း ဟောကြားခဲ့
ခြင်းဖြစ်ပါတယ်။ ဗုဒ္ဓက မိန်းမတွေ ဒီဘဝငါးခုမရ
စေနဲ့လို့ အားကြီးနဲ့ ပညတ်ခဲ့တာမဟုတ်ဘူး။ တန်
ခိုးနဲ့ တားမြစ်ခဲ့တာမဟုတ်ပြန်ပါဘူး။ မိန်းမသဘာ
ဝကိုက ထိုဘဝငါးခုနှင့် လုံးဝမထိုက်တန်လို့သာပဲ
ဖြစ်ပါတယ်။ ဒါပေမဲ့ ဘုရားဖြစ်ရန် အမျိုးသမီးများ
ဆုထူးပန်နိုင်ပါတယ်။ ဘုရားအဖြစ်ကို ဆုတောင်း
ကြသော အမျိုးသမီးတို့သည် အမျိုးသမီးဘ၀အဖြစ်
တော့ ဘုရားအဖြစ်ကိုမရနိုင်၊ ထို့ကြောင့် ဘုရားဆု
ပန်သော အမျိုးသမီးသည် အမျိုးသားဖြစ်နိုင်ကြောင်း
တရားကို အရင်လိုက်နာကျင့်ကြံရပါမယ်။
အမျိုးကောင်းသား ယောကျာင်္းတစ်ဦးဖြစ်ရန် အမျိုး
သမီးများလိုက်နာကျင့်ကြံရမည့် တရားတွေရှိပါ
တယ်။
( ၁ ) ရတနာသုံးပါးတို့၌ ကြည်ညိုခြင်း။
( ၂ ) ငါးပါးသီလကို ဖြည့်ကျင့်ခြင်း။
( ၃ ) အမျိုးသမီးအဖြစ်၊ မိန်းမအဖြစ်ကို မနှစ်
သက်ခြင်း။
( ၄ ) အမျိုးသားအဖြစ်၊ ယောကျာင်္းအဖြစ်ကို နှစ်
သက်ခြင်း ဟူသော တရားလေးပါးကို လိုက်နာ
ကျင့်ကြံရမည်။ ရတနာသုံးပါး ကြည်ညိုရမည်ဟု
ဆိုရာတွင် ဘုရားဂုဏ်တော် ကိုးပါး၊ တရားဂုဏ်
တော် ခြောက်ပါး၊ သံဃာဂုဏ်တော် ကိုးပါးတို့၌
ဉာဏ်သက်ဝင်ကာ ယုံကြည်ကြည်ညိုရမည်ကို
ဆိုလိုသည်။ ငါးပါးသီလကို ဖြည့်ကျင့်ရမည်ဟု
ဆိုရာတွင် ငါးပါးသီလ၏ အကျိုးနှင့်အပြစ်ကို
သိ၍ လုံခြုံအောင်စောင့်ထိန်း ဖြည့်ကျင့်ရမည်ကို
ဆိုလိုခြင်း ဖြစ်ပါတယ်။
အမျိုးသမီးအဖြစ်၊ မိန်းမအဖြစ်ကို မနှစ်သက်ခြင်း
ဟုဆိုရာတွင် မိန်းမအဖြစ်၌ တည်ရှိပါက စကြဝ
တေးမင်း၊ သိကြားမင်း၊ ဗြဟ္မာမင်းတို့၏ စည်းစိမ်
ကိုမရနိုင်။ ပစ္စေကဗုဒ္ဓါ၊ သဗ္ဗညု မြတ်စွာဘုရား
အဖြစ်ကို မရနိုင်။ ထို့ကြောင့် အမျိုးသမီးအဖြစ်
မိန်းမအဖြစ်ကိုမလိုချင် မနှစ်သက်ခြင်းရှိနေရမည်။
ထိုကဲ့သို့ မနှစ်သက်ခြင်းသည်ပင် အမျိုးကောင်း
သား ယောကျာင်္းဖြစ်ဖို့ရာ အကြောင်းတစ်ပါးဖြစ်
တယ်။ အမျိုးသား ယောကျာင်္းအဖြစ်ကို နှစ်သက်
ခြင်းဟုဆိုရာတွင် အမျိုးသားယောကျာင်္းအဖြစ်၌
တည်ရှိပါက စကြ၀တေးမင်းမှအစ နောက်ဆုံး
သဗ္ဗညုမြတ်ဗုဒ္ဓတိုင်အောင် ဖြစ်နိုင်သည်။
တရားသိနိုင်သော တိဟိတ်ညဏ် ရှိသူတိုင်း
ယောက်ျား မိန်းမမဟူ မည်သူမဆို နိဗ္ဗာန်ရောက်
နိုင်သည်။ ကျင့်ကြံ အားထုတ် ရနိုင်ပါသည်။ အ
မျိုးသမီးများလည်း အမျိုသားဘဝ ရရှိအောင်ကျင့်
ကြံအားထုတ်နိုင်ပါတယ်။ ဘုရားဖြစ်ရန်မှာ အမျိုး
သားများကဲ့သို့ ဆန္ဒ၊ စိတ္တ၊ ဝီရိယ၊ ဝီမံသ၊ တို့တွင်
ဓိပတိ အားဖြင့် သဘာဝအလျောက် ပိုမိုအား
ကာင်းသောကြောင့် ဘုရားဖြစ်ရန် ကြိုးစားနိုင်
သည်ဟု ဆိုလိုသည်။ နာက်ဆုံးအနေဖြင့် ပြောလို
သည် အမျိုးသမီးသည်လည်း လူထဲကလူသာဖြစ်
သည်။ ယောက်ျားတို့ကဲ့သို့ တရားထူးတရားမြတ်
တို့နှင့် ထိုက်တန်သူသာဖြစ်သည်။ မြင့်မြတ်မှုယုတ်
ညံ့မှုစသည်တို့မှာလည်း မိမိ၏စိတ်သဘောထား
နှင့်သာ အဓိကသက်ဆိုင်ပေသည်။ မြင့်မြတ်သူ
ဖြစ်လိုလျှင် မြင့်မြတ်သူဖြစ်အောင် ပြုလုပ်နိုင်ပါ၏။
တန်ဖိုးရှိသူဖြစ်လိုလျှင်လည်း တန်ဖိုးရှိအောင်နေ
ထိုင်နိုင်ပါသည်။မည်သည့်အရာ၌မဆို မိမိသာလျှင်
ပဓါနကျကြောင်း အမျိုးသမီးတိုင်းသိထားနားလည်
သင့်ပေသည်။
ကိုးကားး။ ဆရာတော် အရှင်ဆန္ဒာဓိက ( ရွှေပါရမီ
တောရ ) တရားတော်များ။
https://www.facebook.com/groups/TheBUMi/permalink/2187029074920301/

No comments:
Post a Comment