ေနာက္ဆက္တြဲသတင္း–အုပ္စုဖြဲ႕ မုဒိန္းက်င့္ အသတ္ခံခဲ့ရသည္ဆိုသည့္ မိန္းကေလးငယ္(ျမျမ)

https://updatenew.net/archives/18746
ေနာက္ဆက္တြဲသတင္း–အုပ္စုဖြဲ႕ မုဒိန္းက်င့္ အသတ္ခံခဲ့ရသည္ဆိုသည့္ မိန္းကေလးငယ္(ျမျမ)


ေနာက္ဆက္တြဲသတင္း–အုပ္စုဖြဲ႕ မုဒိန္းက်င့္ အသတ္ခံခဲ့ရသည္ဆိုသည့္ မိန္းကေလးငယ္(ျမျမ)
ေတာင္ဒဂုံလိုင္စင္ရုံးအနီးနားတြင္ အုပ္စုဖြဲ႕ မုဒိန္းက်င့္ အသတ္ခံခဲ့ရသည္ဆိုသည့္ မိန္းကေလးငယ္(ျမျမ)က၀င္ပူး ၍ေျပာသည္ဆိုသည့္ဗီဒီယိုလူမႈကြန္ယက္တြင္ပ်ံ႕ႏွံ႕
အဆိုပါျဖစ္စဥ္မရွိဟု ေတာင္ဒဂံု ရဲစခန္းမွ ေျဖၾကားထား..
ရန္ကုန္တိုင္းေဒသႀကီးေတာင္ဒဂုံၿမိဳ႕နယ္အတြင္းရွိလိုင္စင္ရုံးအနီးနားအတြင္ အုပ္စုဖြဲ႕မုဒိန္းက်င့္ အသတ္ခံခဲ့ရသည့္ မိန္းကေလးငယ္တစ္ဦးက သူမအသတ္ခံခဲ့ရသည့္ျဖစ္စဥ္ ဇာတိႏွင့္ မိဘအမည္မ်ားကို အျခားမိန္းကေလးငယ္တစ္ဦးသို႕ ၀င္ပူးကာေျပာၾကားခဲ့မႈကိုရိုက္ကူးထားသည့္ ရုပ္သံဗီဒီယိုဖိုင္တစ္ခုမွာ Youtube ႏွင့္လူမႈကြန္ယက္မ်ားတြင္ပ်ံ႕ႏွံ႕ေနသည္။
အဆိုပါမိန္းကေလးငယ္မွာ သၾကၤန္အႀကိဳေန႕က အသတ္ခံခဲ့ရျခင္းျဖစ္ၿပီး ႏွစ္ဆန္းတစ္ရက္ေန႕တြင္ ၀င္ပူး၍ ေျပာသြား ျခင္းဟုဆိုသည္။ သူမ၀င္ပူး၍ ေျပာခဲ့သည့္ေနရာတြင္ သူမ၏ ရုပ္အေလာင္းကို ျပန္ရွာေတြ႕ခဲ့သည္ဟုလည္းဆိုသည္။

အသတ္ခံခဲ့ရသည့္မိန္းကေလးငယ္မွာ ဧရာ၀တီတိုင္းေဒသႀကီးငါးသိုင္းေခ်ာင္းမွျမျမျဖစ္ၿပီး သူမ၏မိဘမ်ားအမည္ ( ဦးသာေအးႏွင့္ ေဒၚခင္ၾကည္)ကိုလည္းေျပာၾကားခဲ့ကာသိပၸံပာျဖက္ျဖင့္လိုက္မမီသည့္သဘာ၀လြန္ျဖစ္ရပ္ဆန္းအျဖစ္လူမႈကြန္ယက္တြင္ေျပာၾကားမႈမ်ားရွိေနသည္။
အဆိုပါ ျဖစ္စဥ္ႏွင့္ပတ္သက္၍ အခ်ိဳ႕ေသာ လူမႈကြန္ယက္အသုံးျပဳသူမ်ားကလည္း ၎တို႕သိရွိထားသည့္ ျဖစ္စဥ္အခ်ိဳ႕ကို ၀င္ေရာက္မွတ္ခ်က္ေပးထားၾကသည္ကိုေတြ႕ရသည္။
အဆိုပါမိန္းကေလးငယ္ကို ႏွစ္သက္သေဘာက်ေနသည့္ ေယာက်ၤားေလးမ်ားရွိေနၿပီး နစ္နစ္နာနာေျပာၾကားခဲ့သည့္ အတြက္ အဆိုပါေယာက်ၤားေလးမ်ားက “တစ္ေန႕ နင္ေတြ႕ မယ္”ဟု ႀကိမ္း၀ါးခဲ့မႈမ်ားရွိခဲ့ေၾကာင္းလည္း လူမႈကြန္ယက္ အသုံးျပဳသူအခ်ိဳ႕ ကမွတ္ခ်က္ေပးထားၾကသည္။
ထို ့အတူအမႈမွန္ေပၚေပါက္ရန္ႏွင့္ တရားခံအျမန္ဆုံးမိရန္ မွတ္ခ်က္ေပးထားသူမ်ားလည္းရွိေနသည္။

ျဖစ္စဥ္ကို အတည္ျပဳႏိုင္ေရးအတြက္ ေတာင္ဒဂုံရဲစခန္းသို႕ The Ladies News က ယေန႕ (ဧၿပီ ၂၂ ရက္ မြန္းလြဲ ၂နာရီ ၄၂ မိနစ္)တြင္ဆက္သြယ္ခဲ့ရာတြင္တာ၀န္က်ရဲအရာရွိတစ္ ဦးက“ဘာမွကို မရွိပါဘူးခင္ဗ်ာ၊အခုပဲတစ္ဖြဲ႕ၿပီးတစ္ဖြဲ႕ေမးေနလို႕ေျဖေနရတယ္”ဟုျပန္လည္ေျဖၾကားခဲ့သည္။
Credit-TheLadiesNews
Unicode
နောက်ဆက်တွဲသတင်း–အုပ်စုဖွဲ့ မုဒိန်းကျင့် အသတ်ခံခဲ့ရသည်ဆိုသည့် မိန်းကလေးငယ်(မြမြ)
တောင်ဒဂုံလိုင်စင်ရုံးအနီးနားတွင် အုပ်စုဖွဲ့ မုဒိန်းကျင့် အသတ်ခံခဲ့ရသည်ဆိုသည့် မိန်းကလေးငယ်(မြမြ)ကဝင်ပူး ၍ပြောသည်ဆိုသည့်ဗီဒီယိုလူမှုကွန်ယက်တွင်ပျံ့နှံ့
အဆိုပါဖြစ်စဉ်မရှိဟု တောင်ဒဂုံ ရဲစခန်းမှ ဖြေကြားထား..
ရန်ကုန်တိုင်းဒေသကြီးတောင်ဒဂုံမြို့နယ်အတွင်းရှိလိုင်စင်ရုံးအနီးနားအတွင် အုပ်စုဖွဲ့မုဒိန်းကျင့် အသတ်ခံခဲ့ရသည့် မိန်းကလေးငယ်တစ်ဦးက သူမအသတ်ခံခဲ့ရသည့်ဖြစ်စဉ် ဇာတိနှင့် မိဘအမည်များကို အခြားမိန်းကလေးငယ်တစ်ဦးသို့ ဝင်ပူးကာပြောကြားခဲ့မှုကိုရိုက်ကူးထားသည့် ရုပ်သံဗီဒီယိုဖိုင်တစ်ခုမှာ Youtube နှင့်လူမှုကွန်ယက်များတွင်ပျံ့နှံ့နေသည်။
အဆိုပါမိန်းကလေးငယ်မှာ သင်္ကြန်အကြိုနေ့က အသတ်ခံခဲ့ရခြင်းဖြစ်ပြီး နှစ်ဆန်းတစ်ရက်နေ့တွင် ဝင်ပူး၍ ပြောသွား ခြင်းဟုဆိုသည်။ သူမဝင်ပူး၍ ပြောခဲ့သည့်နေရာတွင် သူမ၏ ရုပ်အလောင်းကို ပြန်ရှာတွေ့ခဲ့သည်ဟုလည်းဆိုသည်။
အသတ်ခံခဲ့ရသည့်မိန်းကလေးငယ်မှာ ဧရာဝတီတိုင်းဒေသကြီးငါးသိုင်းချောင်းမှမြမြဖြစ်ပြီး သူမ၏မိဘများအမည် ( ဦးသာအေးနှင့် ဒေါ်ခင်ကြည်)ကိုလည်းပြောကြားခဲ့ကာသိပ္ပံပာဖြက်ဖြင့်လိုက်မမီသည့်သဘာဝလွန်ဖြစ်ရပ်ဆန်းအဖြစ်လူမှုကွန်ယက်တွင်ပြောကြားမှုများရှိနေသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ အချို့သော လူမှုကွန်ယက်အသုံးပြုသူများကလည်း ၎င်းတို့သိရှိထားသည့် ဖြစ်စဉ်အချို့ကို ဝင်ရောက်မှတ်ချက်ပေးထားကြသည်ကိုတွေ့ရသည်။
အဆိုပါမိန်းကလေးငယ်ကို နှစ်သက်သဘောကျနေသည့် ယောကျင်္ားလေးများရှိနေပြီး နစ်နစ်နာနာပြောကြားခဲ့သည့် အတွက် အဆိုပါယောကျင်္ားလေးများက “တစ်နေ့ နင်တွေ့ မယ်”ဟု ကြိမ်းဝါးခဲ့မှုများရှိခဲ့ကြောင်းလည်း လူမှုကွန်ယက် အသုံးပြုသူအချို့ ကမှတ်ချက်ပေးထားကြသည်။
ထို ့အတူအမှုမှန်ပေါ်ပေါက်ရန်နှင့် တရားခံအမြန်ဆုံးမိရန် မှတ်ချက်ပေးထားသူများလည်းရှိနေသည်။
ဖြစ်စဉ်ကို အတည်ပြုနိုင်ရေးအတွက် တောင်ဒဂုံရဲစခန်းသို့ The Ladies News က ယနေ့ (ဧပြီ ၂၂ ရက် မွန်းလွဲ ၂နာရီ ၄၂ မိနစ်)တွင်ဆက်သွယ်ခဲ့ရာတွင်တာဝန်ကျရဲအရာရှိတစ် ဦးက“ဘာမှကို မရှိပါဘူးခင်ဗျာ၊အခုပဲတစ်ဖွဲ့ပြီးတစ်ဖွဲ့မေးနေလို့ဖြေနေရတယ်”ဟုပြန်လည်ဖြေကြားခဲ့သည်။
Credit-TheLadiesNews
No comments:
Post a Comment