အရက္မူးၿပီး ေအာ္ဟစ္ဆဲဆိုေနသူ ဝါးရင္းတုတ္ျဖင့္ ႐ိုက္သတ္ခံရ…

https://updatenew.net/archives/17551
အရက္မူးၿပီး ေအာ္ဟစ္ဆဲဆိုေနသူ ဝါးရင္းတုတ္ျဖင့္ ႐ိုက္သတ္ခံရ…


အရက္မူးၿပီး ေအာ္ဟစ္ဆဲဆိုေနသူ ဝါးရင္းတုတ္ျဖင့္ ႐ိုက္သတ္ခံရ
မိတၳီလာၿမိဳ႕နယ္ အိုင္ႀကီး အလယ္ေက်းရြာတြင္ အရက္မူးၿပီး ေအာ္ဟစ္ဆဲဆိုသည့္ အမ်ိဳးသား တစ္ဦး ဝါးရင္းတုတ္ျဖင့္ ႐ိုက္သတ္ ခံရမႈ ဧၿပီ ၄ရက္ ည ၉နာရီ မိနစ္ ၃၀ခန္႔က ျဖစ္ပြားခဲ့ေၾကာင္း မိတၳီလာၿမိဳ႕နယ္ ၿမိဳ႕မရဲစခန္းမွ သိရသည္။
မိတၳီလာၿမိဳ႕နယ္ အိုင္ႀကီးအလယ္ေက်းရြာတြင္ ဧၿပီ ၄ရက္ည ၉နာရီ မိနစ္ ၃၀ခန္႔က ေဝယံၿဖိဳးသည္ ေနအိမ္တြင္ရွိေနစဥ္၄င္း၏ဦးေလးေတာ္စပ္သူ ဦးျမတ္မင္းေဆြသည္ အရက္မူးၿပီး ေနအိမ္သို႔ ေရာက္ရွိလာေၾကာင္း သိရသည္။
ထို႔ေနာက္ ဦးျမတ္မင္းေဆြသည္ မိတၳီလာၿမိဳ႕နယ္ ပန္းတြင္းေက်းရြာရွိ ပညာဗိမာန္ေဘာ္ဒါေဆာင္တြင္ ျပင္ပေက်ာင္းဆရာအျဖစ္ သင္ၾကားေနသည့္အတြက္အဆိုပါေဘာ္ဒါေဆာင္သို႔ စာသင္သြားမည္ဟုဆိုေသာေၾကာင့္ ေဝယံၿဖိဳး၏ဖခင္ျဖစ္သူ ဦးဝင္းျမင့္ကဆိုင္ကယ္တစ္စီးျဖင့္ ဦးျမတ္မင္းေဆြကိုတင္ေဆာင္၍ လိုက္ပို႔ခဲ့သည္။
ေဝယံၿဖိဳးကလည္း ေနာက္ထပ္ ဆိုင္ကယ္တစ္စီးျဖင့္လိုက္ပို႔ခဲ့ရာေက်းရြာအေနာက္ဘက္ သုသာန္အေရာက္တြင္ ဦးျမတ္မင္းေဆြသည္ အရက္မူးၿပီးေအာ္ဟစ္ေနစဥ္အနီးသို႔အမ်ိဳးသားတစ္ဦး ဆိုင္ကယ္ျဖင့္ေရာက္ရွိလာၿပီး ၄င္းကိုေအာ္ဟစ္ေနသည္ဟုအထင္လြဲကာဦးျမတ္မင္းေဆြကို မိုက္ရင္လိုက္ခဲ့ဟုစိန္ေခၚကာ ဆိုင္ကယ္ျဖင့္ေရွ႕မွေမာင္းႏွင္သြားေၾကာင္းသိရသည္။
ထိုသို႔ စိန္ေခၚၿပီး ေမာင္းႏွင္သြားသည့္အတြက္ ဦးဝင္းျမင့္ကျပႆနာျဖစ္မည္စိုး၍ အုပ္ခ်ဳပ္ေရးမွဴးထံ အေၾကာင္းၾကားရန္ထြက္သြားေၾကာင္း၊ ေဝယံၿဖိဳးက ဦးျမတ္မင္းေဆြကို ဆိုင္ကယ္ျဖင့္တင္ေဆာင္၍ ဆက္လက္ထြက္ခြာလာရာ ပန္းတြင္းေက်းရြာ အေရွ႕ဘက္ကုကၠိဳပင္အနီးအေရာက္တြင္ ဦးျမတ္မင္းေဆြကို စိန္ေခၚသြားသူ အမည္မသိအမ်ိဳးသားသည္ ကုကၠိဳပင္အကြယ္မွထြက္လာၿပီး ဦးျမတ္မင္းေဆြ၏ဦးေခါင္းေနာက္ေစ့ကို ေလးေပခန္႔ရွိ ဝါးရင္းတုတ္ျဖင့္႐ိုက္ရာ…
ဦးျမတ္မင္းေဆြသည္ ဆိုင္ကယ္ေပၚမွျပဳတ္က်သြားၿပီး ဆိုင္ကယ္လဲက်စဥ္အဆိုပါအမ်ိဳးသားသည္ လမ္းအေနာက္ဘက္ေတာထဲသို႔ ထြက္ေျပးသြားေၾကာင္း၊ ေဝယံၿဖိဳးကဦးျမတ္မင္းေဆြကိုေပြ႕ထူရာ ေသဆံုးေနေၾကာင္းသိရသည္။
ျဖစ္စဥ္ႏွင့္စပ္လ်ဥ္း၍ ယေန႔တြင္ ေဝယံၿဖိဳးက တရားလိုျပဳလုပ္တိုင္တန္းသျဖင့္ အမည္မသိအမ်ိဳးသားကိုမိတၳီလာၿမိဳ႕နယ္ျမိဳ႕မရဲစခန္းက(ပ)၁၄၅/၂၀၁၉၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ- ၃၀၂ျဖင့္ အမႈဖြင့္ထားေၾကာင္းသတင္းရရွိသည္။
Unicode
အရက်မူးပြီး အော်ဟစ်ဆဲဆိုနေသူ ဝါးရင်းတုတ်ဖြင့် ရိုက်သတ်ခံရ
မိတ္ထီလာမြို့နယ် အိုင်ကြီး အလယ်ကျေးရွာတွင် အရက်မူးပြီး အော်ဟစ်ဆဲဆိုသည့် အမျိုးသား တစ်ဦး ဝါးရင်းတုတ်ဖြင့် ရိုက်သတ် ခံရမှု ဧပြီ ၄ရက် ည ၉နာရီ မိနစ် ၃ဝခန့်က ဖြစ်ပွားခဲ့ကြောင်း မိတ္ထီလာမြို့နယ် မြို့မရဲစခန်းမှ သိရသည်။
မိတ္ထီလာမြို့နယ် အိုင်ကြီးအလယ်ကျေးရွာတွင် ဧပြီ ၄ရက်ည ၉နာရီ မိနစ် ၃ဝခန့်က ဝေယံဖြိုးသည် နေအိမ်တွင်ရှိနေစဉ်၄င်း၏ဦးလေးတော်စပ်သူ ဦးမြတ်မင်းဆွေသည် အရက်မူးပြီး နေအိမ်သို့ ရောက်ရှိလာကြောင်း သိရသည်။
ထို့နောက် ဦးမြတ်မင်းဆွေသည် မိတ္ထီလာမြို့နယ် ပန်းတွင်းကျေးရွာရှိ ပညာဗိမာန်ဘော်ဒါဆောင်တွင် ပြင်ပကျောင်းဆရာအဖြစ် သင်ကြားနေသည့်အတွက်အဆိုပါဘော်ဒါဆောင်သို့ စာသင်သွားမည်ဟုဆိုသောကြောင့် ဝေယံဖြိုး၏ဖခင်ဖြစ်သူ ဦးဝင်းမြင့်ကဆိုင်ကယ်တစ်စီးဖြင့် ဦးမြတ်မင်းဆွေကိုတင်ဆောင်၍ လိုက်ပို့ခဲ့သည်။
ဝေယံဖြိုးကလည်း နောက်ထပ် ဆိုင်ကယ်တစ်စီးဖြင့်လိုက်ပို့ခဲ့ရာကျေးရွာအနောက်ဘက် သုသာန်အရောက်တွင် ဦးမြတ်မင်းဆွေသည် အရက်မူးပြီးအော်ဟစ်နေစဉ်အနီးသို့အမျိုးသားတစ်ဦး ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး ၄င်းကိုအော်ဟစ်နေသည်ဟုအထင်လွဲကာဦးမြတ်မင်းဆွေကို မိုက်ရင်လိုက်ခဲ့ဟုစိန်ခေါ်ကာ ဆိုင်ကယ်ဖြင့်ရှေ့မှမောင်းနှင်သွားကြောင်းသိရသည်။
ထိုသို့ စိန်ခေါ်ပြီး မောင်းနှင်သွားသည့်အတွက် ဦးဝင်းမြင့်ကပြဿနာဖြစ်မည်စိုး၍ အုပ်ချုပ်ရေးမှူးထံ အကြောင်းကြားရန်ထွက်သွားကြောင်း၊ ဝေယံဖြိုးက ဦးမြတ်မင်းဆွေကို ဆိုင်ကယ်ဖြင့်တင်ဆောင်၍ ဆက်လက်ထွက်ခွာလာရာ ပန်းတွင်းကျေးရွာ အရှေ့ဘက်ကုက္ကိုပင်အနီးအရောက်တွင် ဦးမြတ်မင်းဆွေကို စိန်ခေါ်သွားသူ အမည်မသိအမျိုးသားသည် ကုက္ကိုပင်အကွယ်မှထွက်လာပြီး ဦးမြတ်မင်းဆွေ၏ဦးခေါင်းနောက်စေ့ကို လေးပေခန့်ရှိ ဝါးရင်းတုတ်ဖြင့်ရိုက်ရာ…
ဦးမြတ်မင်းဆွေသည် ဆိုင်ကယ်ပေါ်မှပြုတ်ကျသွားပြီး ဆိုင်ကယ်လဲကျစဉ်အဆိုပါအမျိုးသားသည် လမ်းအနောက်ဘက်တောထဲသို့ ထွက်ပြေးသွားကြောင်း၊ ဝေယံဖြိုးကဦးမြတ်မင်းဆွေကိုပွေ့ထူရာ သေဆုံးနေကြောင်းသိရသည်။
ဖြစ်စဉ်နှင့်စပ်လျဉ်း၍ ယနေ့တွင် ဝေယံဖြိုးက တရားလိုပြုလုပ်တိုင်တန်းသဖြင့် အမည်မသိအမျိုးသားကိုမိတ္ထီလာမြို့နယ်မြို့မရဲစခန်းက(ပ)၁၄၅/၂၀၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ- ၃၀၂ဖြင့် အမှုဖွင့်ထားကြောင်းသတင်းရရှိသည်။
No comments:
Post a Comment