ads

sponsor

Wednesday, April 24, 2019






Unicode
သတိထားကြပါ..လက်ရှိ အပူချိန်ကြောင့် (၁၅)နှစ်အရွယ် လူငယ်လေး ကြွေလွင့်ခဲ့ရပြီ
နေပူထဲမှ ပြန်လာကာ ရေတန်းချိုးခဲ့သော (၁၅) နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံး
ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် တလုပ်လပ်အရှေ့ကျေးရွာတွင် ယနေ့ ဧပြီလ (၂၄) ရက်နေ့ နေ့လည်ပိုင်းက နေပူထဲမှ ပြန်လာသော ကလေးငယ်တစ်ဦးမှ ရေဆင်းချိုးရာ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
“ကလေးကနေ့ခင်းဘက် ကွင်းထဲကပြန်အလာ ရာသီဥတုအရမ်းပူလွန်းလို့..ရေဆင်းချိုးလိုက်တာ ဒီရာသီဥတုရဲ့..ဒီ နေအပူဒါဏ်နဲ့..လေတန်းဖြတ်ပြီး မကြွေသင့်တဲ့အရွယ်လေးကြွေလွင့်သွားခဲ့တယ်”ဟု တလုပ်လပ်ကျေးရွာရှိ
အနှိုင်းမဲ့ နာရေးကူညီရေးအသင်း၏ တာဝန်ရှိသူက ၎င်း၏ဖေ့စ်ဘုတ် လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြထားတာတွေရသည်။
ယင်းနေပူထဲမှ ပြန်လာကာပူလွန်သောကြောင့်ရေဆင်းချိုး၍ ကွယ်လွန်ခဲ့သူမှာ မအူပင်တံတားဘေးတွင်နေထိုင်သော မောင်ထွေးဖြစ်ကာ အသက်(15) နှစ်သာရှိသေးသောကလေးငယ်တစ်ဦးလည်းဖြစ်ကြောင်းသိရသည်။
Photo-San Shin ပြည့်ဖြိုးပိုင် (MHT)
MHTNewsAgency Localnews
https://updatenew.net/archives/18922

No comments:

Post a Comment