ကားတံခါ်းအားလော့မချဘဲ ထားခဲ့ရာမှကားတံခါးကိုဖွင့်ကာ သိန်း(၁၉၀) ကျပ်ခိုးယူသူအား ဖမ်မိ

https://updatenew.net/archives/17994
ကားတံခါ်းအားလော့မချဘဲ ထားခဲ့ရာမှကားတံခါးကိုဖွင့်ကာ သိန်း(၁၉၀) ကျပ်ခိုးယူသူအား ဖမ်မိ


ကားတံခါးကိုဖွင့်ကာ သိန်း(၁၉၀) ကျပ်ခိုးယူသူအား ဖမ်းမိ
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်နေ ဦးသန်းဇော်စိုး (၄၃) နှစ်သည် ဧပြီလ ၉ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ် အချိန်တွင် ဇနီးဖြစ်သူ ဒေါ်အေးမြတ်ဝင်း၊ ယောက္ခမဖြစ်သူ ဒေါ်နွယ်လေးမြင့် တို့နှင့်အတူ ၎င်းပိုင် 5D/××××Parado ခဲရောင်ယာဉ်ဖြင့်
ဥတ္တရသီရိမြို့၊ ကမ္ဘောဇဘဏ် (၁) သို့ သွားရောက်ကာ ၎င်း၏ ဘဏ်ငွေစာရင်းစာအုပ်မှ သိန်း(၁၄၀)ကျပ်၊ ယောက္ခမဖြစ်သူ၏ ဘဏ်ငွေ စာရင်းစာအုပ်မှ သိန်း(၅၀)ကျပ်၊ စုစုပေါင်းသိန်း(၁၉၀)ကျပ်အား ထုတ်ယူ၍ ကမ္ဘောဇဘဏ် တံဆိပ်ပါ ကျွပ်ကျွပ်အိတ်တွင်ထည့်လျှက်
ကားနောက်ခန်းခုံ ခြေရင်းရှေ့တွင် တင်ကာ အိုးရှင်း စင်တာသို့ ဈေးဝယ်ရန် သွားရောက်ခဲ့ပြီး အိုးရှင်းစင်တာအောက်ရှိ ကားပါကင်တွင် ကားတံခါး သော့ပိတ်လော့ချကာ ရပ်တန့်ထားခဲ့သည်။
ထို့နောက် ဦးသန်းဇော်စိုး မှ မိသားစုနှင့်အတူ စင်တာအတွင်း ၀င်ရောက်၍ ဈေးဝယ်ယူခဲ့ပြီးနေအိမ်သို့ ပြန်လာခဲ့ကြောင်း၊ နံနက် ၁၁ နာရီအချိန်ခန့်တွင် ၎င်းသည် ရွှေပုဇွန်မုန့်တိုက်သို့ အဆိုပါယာဉ်ဖြင့် ထွက်ခွာလာခဲ့စဉ် ရွှေပုဇွန်မုန့်တိုက် အနီးသို့ အရောက်တွင်

ကားနောက်ခန်း၌ ထည့်ထားသည့် ငွေထုတ်ပါရှိလာခြင်းမရှိသဖြင့် ဇနီးဖြစ်သူအား ဖုန်းဆက်မေးမြန်းရာ ကားပေါ်မှချထားခြင်း မရှိကြောင်းသိရသဖြင့် စုံစမ်းခဲ့ရာ အိုးရှင်း CCTV မှတ်တမ်းများအရ အိုးရှင်းတွင် ဈေးဝယ်ရန် ရပ်ထားစဉ်
သော့တုနှင့်ဖွင့်လှစ် ခိုးယူခံရကြောင်း သိရှိခဲ့ရသောကြောင့် အရေးယူပေးရန် တိုင်တန်းချက်အရ ဥတ္တရသီရိမြို့နယ်၊ ဘုရားကုန်းမြို့မရဲစခန်း(ပ)၂၅/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်ဆောင်ရွက်ခဲ့သည်။
ရဲတပ်ဖွဲ့ဝင်များက တရားခံဖမ်းဆီးရမိရေးအတွက် စုံစမ်း ဆောင်ရွက်ခဲ့ရာ အိုးရှင်းစင်တာရှိ CCTV မှတ်တမ်း အထောက်အထားများအရ ပြစ်မှုကျူးလွန်သူ အသုံးပြုသည့် ယာဉ်မှာ 2M/×××× Honda Fit အနက်ရောင်ယာဉ်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့်
နယ်မြေအတွင်း လိုက်လံစုံစမ်းခဲ့ရာ ဧပြီလ ၁၁ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် အဆိုပါယာဉ်အား ဒက္ခိဏသီရိမြို့၊ ဂျန်းရှင်းစင်တာ တောင်ဘက်တွင် ရပ်ထားကြောင်း သတင်းရရှိသဖြင့် သက်သေများနှင့်အတူ သွားရောက်ပိတ်ဆို့ ဖမ်းဆီးခဲ့ရာ
ပျဉ်းမနားမြို့နယ်၊ အောင်မင်္ဂလာ(၁)ရပ်ကွက်နေ မင်းဆက်မောင်မောင် (၂၉)နှစ်အား သက်သေခံကားနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
စစ်ဆေးဖော်ထုတ်ချက်အရ မင်းဆက်မောင်မောင်သည် အခင်းဖြစ်နေ့က ဥတ္တရသီရိမြို့၊ ကမ္ဘောဇဘဏ်(၁)တွင် KBZ ATM ကတ်ကို ငွေဖြည့်ပေးပို့လာခြင်း ရှိ/မရှိ စစ်ဆေးပြီး ဘဏ်ဝင်းအတွင်းရှိနေစဉ် တရားလိုဦးသန်းဇော်စိုးမှ ငွေအိတ်ဆွဲ၍ ဘဏ်အတွင်းမှ ထွက်လာကာ
၎င်း၏ ဇနီးနှင့်အတူ မော်တော်ယာဉ်ဖြင့် ထွက်သွားသည်ကို တွေ့ရှိရသဖြင့် နောက်မှလိုက်ပါ၍ ကြည့်ရှုခဲ့ကြောင်း၊ ဦးသန်းဇော်စိုး၏ မော်တော်ယာဉ်မှာ အိုးရှင်းစင်တာသို့ဝင်ရောက်ပြီး ကားပါကင်တွင် ရပ်တန့်ကာ မော်တော်ယာဉ်အားလော့မချဘဲ ထားခဲ့ပြီး
၎င်းတို့သည် စင်တာအတွင်းသို့ ဝင်ရောက်နေစဉ် မင်းဆက်မောင်မောင်မှ မော်တော်ယာဉ်၏ ယာဘက်နောက်တံခါးကို လှပ်၍ ငွေထုတ်အား ခိုးယူခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့သောကြောင့် သက်သေခံပစ္စည်းများအား သိမ်းဆည်းပြီး မင်းဆက်မောင်မောင် အား ဘုရားကုန်းမြို့မရဲစခန်း၌ အမှုဖြင့်ဆက်လက် စစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိသည်။ Source – ရဲဇာနည်
https://updatenew.net/archives/17994
No comments:
Post a Comment