ads

sponsor

Tuesday, April 2, 2019

ခလုပ္တိုက္လဲတာ ျမင္လို႔ ရီမိတာနဲ႔ ဓားနဲ႔ ထိုးသတ္ခံရ

ခလုပ္တိုက္လဲတာ ျမင္လို႔ ရီမိတာနဲ႔ ဓားနဲ႔ ထိုးသတ္ခံရ

ခလုပ္တိုက္လဲတာ ျမင္လို႔ ရီမိတာနဲ႔ ဓားနဲ႔ ထိုးသတ္ခံရ


ခလုပ္တိုက္လဲတာ ျမင္လို႔ ရီမိတာနဲ႔ ဓားနဲ႔ ထိုးသတ္ခံရ
ခလုတ္တိုက္၍…ေခ်ာ္လဲသြားသည္ကို..ရီေမာခဲ့သျဖင့္ ..မေက်မနပ္ျဖစ္ကာ..ဓားျဖင့္ထိုး၍ ေသဆုံးမႈျဖစ္ပြား
ေနျပည္ေတာ္၊ ဧၿပီ ၁။ ။
၂၀၁၉ ခုႏွစ္၊ မတ္လ ၃၀ ရက္ေန႔ နံနက္ ၁ နာရီ ၃၀ မိနစ္အခ်ိန္ ပဲခူးတိုင္း ေဒသႀကီး၊ ျပည္ၿမိဳ႕၊ ေရႊကူရပ္ကြက္ေန ကိုေအာင္ေအာင္ဦးသည္ ေနအိမ္၌ရွိေနစဥ္
နဝင္းရပ္ကြက္ေန ညီျဖစ္သူ ေမာင္ေအာင္ဆန္းမိုး(၂၅)ႏွစ္သည္ ဓားထိုးခံရ၍ ေဆး႐ုံသို႔ ေရာက္ရွိေနေၾကာင္း ၾကားသိရသျဖင့္ သြားေရာက္ၾကည့္ရႈရာ ေအာင္ဆန္းမိုးတြင္ ဒဏ္ရာမ်ားရရွိ၍ ေသဆုံး ေနသည္ကိုေတြ႕ရွိရပါသည္။
ေသဆုံးမႈႏွင့္ပတ္သက္၍ စုံစမ္းေမးျမန္းရာ ေအာင္ဆန္းမိုးသည္ ၎၏သူငယ္ခ်င္းမ်ား ႏွင့္အတူ “နတ္ျပည္နန္းေတာ္” စားေသာက္ဆိုင္၌ စားေသာက္ေနစဥ္
အျခားဝိုင္းရွိ ေခတၱရာၿမိဳ႕သစ္ ရပ္ကြက္ေန သန္းထိုက္ (ခ) သဲစြဲေမာင္(၁၉)ႏွစ္မွ ဆိုင္အျပင္သို႔ထြက္ရာ ခလုတ္တိုက္၍ ေခ်ာ္လဲသြား သည္ကို ေအာင္ဆန္းမိုးမွ ရီေမာခဲ့သျဖင့္ သန္းထိုက္ (ခ)သဲစြဲေမာင္ က မေက်မနပ္ျဖစ္ၿပီး ေအာင္ဆန္းမိုး ဆိုင္အေနာက္သို႔ အေပါ့သြားစဥ္..
သန္းထိုက္(ခ) သဲစြဲေမာင္ႏွင့္အတူ အမည္မသိ(၂)ဦးတို႔မွ ေနာက္မွ လိုက္၍ ဓားျဖင့္ထိုးၿပီး ရိုက္ႏွက္ခဲ့သျဖင့္ ဒဏ္ရာမ်ား ရရွိေသဆုံးသြားျခင္းျဖစ္ေၾကာင္းသိရွိရ ေသာေၾကာင့္အေရးယူေပးရန္တိုင္တန္းခ်က္အရ
သန္းထိုက္(ခ) သဲစြဲေမာင္ ပါ(၃)ဦးအား ျပည္ၿမိဳ႕မရဲ စခန္း(ပ)၄၆၀/၂၀၁၉၊ ရာဇသတ္ ႀကီးပုဒ္မ ၃၀၂/၁၁၄ ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္းႏွင့္ အမည္ မသိတရားခံ(၂)ဦးမွာ တာယာ (စိစစ္ဆဲ)ႏွင့္ ဆက္နိုင္(စိစစ္ဆဲ) တို႔ျဖစ္ေၾကာင္း သိရွိရသျဖင့္ ဖမ္းဆီးရမိေရးေဆာင္ရြက္လ်က္ရွိ ေၾကာင္းသတင္းရရွိသည္။
Credit- ရဲဇာနည္
Unicode
ခလုပ်တိုက်လဲတာ မြင်လို့ ရီမိတာနဲ့ ဓားနဲ့ ထိုးသတ်ခံရ
ခလုတ်တိုက်၍…ချော်လဲသွားသည်ကို..ရီမောခဲ့သဖြင့် ..မကျေမနပ်ဖြစ်ကာ..ဓားဖြင့်ထိုး၍ သေဆုံးမှုဖြစ်ပွား
နေပြည်တော်၊ ဧပြီ ၁။ ။
၂၀၁၉ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့ နံနက် ၁ နာရီ ၃၀ မိနစ်အချိန် ပဲခူးတိုင်း ဒေသကြီး၊ ပြည်မြို့၊ ရွှေကူရပ်ကွက်နေ ကိုအောင်အောင်ဦးသည် နေအိမ်၌ရှိနေစဉ်
နဝင်းရပ်ကွက်နေ ညီဖြစ်သူ မောင်အောင်ဆန်းမိုး(၂၅)နှစ်သည် ဓားထိုးခံရ၍ ဆေးရုံသို့ ရောက်ရှိနေကြောင်း ကြားသိရသဖြင့် သွားရောက်ကြည့်ရှုရာ အောင်ဆန်းမိုးတွင် ဒဏ်ရာများရရှိ၍ သေဆုံး နေသည်ကိုတွေ့ရှိရပါသည်။
သေဆုံးမှုနှင့်ပတ်သက်၍ စုံစမ်းမေးမြန်းရာ အောင်ဆန်းမိုးသည် ၎င်း၏သူငယ်ချင်းများ နှင့်အတူ “နတ်ပြည်နန်းတော်” စားသောက်ဆိုင်၌ စားသောက်နေစဉ်
အခြားဝိုင်းရှိ ခေတ္တရာမြို့သစ် ရပ်ကွက်နေ သန်းထိုက် (ခ) သဲစွဲမောင်(၁၉)နှစ်မှ ဆိုင်အပြင်သို့ထွက်ရာ ခလုတ်တိုက်၍ ချော်လဲသွား သည်ကို အောင်ဆန်းမိုးမှ ရီမောခဲ့သဖြင့် သန်းထိုက် (ခ)သဲစွဲမောင် က မကျေမနပ်ဖြစ်ပြီး အောင်ဆန်းမိုး ဆိုင်အနောက်သို့ အပေါ့သွားစဉ်..
သန်းထိုက်(ခ) သဲစွဲမောင်နှင့်အတူ အမည်မသိ(၂)ဦးတို့မှ နောက်မှ လိုက်၍ ဓားဖြင့်ထိုးပြီး ရိုက်နှက်ခဲ့သဖြင့် ဒဏ်ရာများ ရရှိသေဆုံးသွားခြင်းဖြစ်ကြောင်းသိရှိရ သောကြောင့်အရေးယူပေးရန်တိုင်တန်းချက်အရ
သန်းထိုက်(ခ) သဲစွဲမောင် ပါ(၃)ဦးအား ပြည်မြို့မရဲ စခန်း(ပ)၄၆၀/၂၀၁၉၊ ရာဇသတ် ကြီးပုဒ်မ ၃၀၂/၁၁၄ ဖြင့် အမှုဖွင့်အရေးယူထားကြောင်းနှင့် အမည် မသိတရားခံ(၂)ဦးမှာ တာယာ (စိစစ်ဆဲ)နှင့် ဆက်နိုင်(စိစစ်ဆဲ) တို့ဖြစ်ကြောင်း သိရှိရသဖြင့် ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိ ကြောင်းသတင်းရရှိသည်။
Credit- ရဲဇာနည်

https://updatenew.net/archives/17088

No comments:

Post a Comment