ads

sponsor

Saturday, April 20, 2019

စစ္ေတြေထာင္ထဲမွ ယေန႔ည ၇ နာရီေက်ာ္အခ်ိန္ ေသနတ္သံမ်ားထြက္ေပၚ

စစ္ေတြေထာင္ထဲမွ ယေန႔ည ၇ နာရီေက်ာ္အခ်ိန္ ေသနတ္သံမ်ားထြက္ေပၚ

စစ္ေတြေထာင္ထဲမွ ယေန႔ည ၇ နာရီေက်ာ္အခ်ိန္ ေသနတ္သံမ်ားထြက္ေပၚ


စစ္ေတြေထာင္ထဲမွ ယေန႔ည ၇ နာရီေက်ာ္အခ်ိန္ ေသနတ္သံမ်ားထြက္ေပၚ
ဧျပီ ၂၀
ရခိုင္ျပည္နယ္ျမိဳ႕ေတာ္ စစ္ေတြေထာင္မွ ယေန႕ညဥ့္ ၇ နာရီေက်ာ္ ေသနတ္ပစ္ခတ္သံမ်ား ဆက္တိုက္ ၾကားခဲ့ရသည္ဟု ေဒသခံမ်ားကေျပာသည္။
အနီးအနားရွိ ေဒသခံ တစ္ဦးက “ေထာင္ထဲကေန ေသနတ္ပစ္ခတ္သံ ၂၀ ေက်ာ္ေလာက္ ၾကားရပါတယ္။ ေထာင္ထဲမွာ ဘာျဖစ္ေနသလဲဆိုတာ မသိရေသးဘူး။
အခုအခ်ိန္ထိ ေထာင္ထဲမွာ ဆူညံေနတုန္းပါဘဲ။ ေသနတ္ပစ္ခတ္သံေတြကေတာ့ ဆက္မၾကားရေတာ့ပါဘူး။ ဆူဆူညံညံ အသံေတြေတာ့ ၾကားေနရတုန္းဘဲ” ဟု ယေန႕ ညဥ့္ ၉ နာရီ ၄၅ မိနစ္က နိရဥၥရာ သတင္းဌာနသို႕ ေျပာၾကာသည္။
စစ္ေတြေထာင္မွ ေသနတ္ပစ္ခတ္သံမ်ား ထြက္ေပၚလာသျဖင့္ အနီးအနားရွိ ျပည္သူမ်ားအေနျဖင့္ စိုးရိမ္ထိတ္လန္႕ခဲ့ၾကရသည္ဟုလည္း ၎က ေျပာဆိုသည္။
အဆိုပါ ကိစၥႏွင့္ ပတ္သက္ျပီး စစ္ေတြေထာင္သို႕ ဆက္သြယ္ရာ ဖုန္းရိန္းေသာ္လည္း လက္ခံ ေျဖဆိုျခင္း မရွိပါ။ ရခိုင္ ျပည္နယ္ရဲတပ္ဖြဲ႕ ရဲမွဴးၾကီး ၾကည္လင္းသို႕ ဆက္သြယ္ရာ ေလာေလာဆယ္ မေျပာႏိုင္ေသးဘူးဟုဆိုကာ ဖုန္းခ်သြားခဲ့သည္။
“ အခုေတာ့ ရဲတပ္ဖြဲ႕၀င္ေတြ ေတာ္ေတာ္မ်ား ေရာက္ေနပါျပီ။ ေထာင္အနီး၀န္းက်င္မွာ လူပ္ရွားသြားလာေနတာကို ျမင္ေနရပါတယ္” ဟု ေျပာၾကားသည္။
နိရဥၥရာ၊ ဧျပီ ၂၀
Unicode
စစ်တွေထောင်ထဲမှ ယနေ့ည ၇ နာရီကျော်အချိန် သေနတ်သံများထွက်ပေါ်
ဧပြီ ၂၀
ရခိုင်ပြည်နယ်မြို့တော် စစ်တွေထောင်မှ ယနေ့ညဉ့် ၇ နာရီကျော် သေနတ်ပစ်ခတ်သံများ ဆက်တိုက် ကြားခဲ့ရသည်ဟု ဒေသခံများကပြောသည်။
အနီးအနားရှိ ဒေသခံ တစ်ဦးက “ထောင်ထဲကနေ သေနတ်ပစ်ခတ်သံ ၂၀ ကျော်လောက် ကြားရပါတယ်။ ထောင်ထဲမှာ ဘာဖြစ်နေသလဲဆိုတာ မသိရသေးဘူး။
အခုအချိန်ထိ ထောင်ထဲမှာ ဆူညံနေတုန်းပါဘဲ။ သေနတ်ပစ်ခတ်သံတွေကတော့ ဆက်မကြားရတော့ပါဘူး။ ဆူဆူညံညံ အသံတွေတော့ ကြားနေရတုန်းဘဲ” ဟု ယနေ့ ညဉ့် ၉ နာရီ ၄၅ မိနစ်က နိရဥ္စရာ သတင်းဌာနသို့ ပြောကြာသည်။
စစ်တွေထောင်မှ သေနတ်ပစ်ခတ်သံများ ထွက်ပေါ်လာသဖြင့် အနီးအနားရှိ ပြည်သူများအနေဖြင့် စိုးရိမ်ထိတ်လန့်ခဲ့ကြရသည်ဟုလည်း ၎င်းက ပြောဆိုသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး စစ်တွေထောင်သို့ ဆက်သွယ်ရာ ဖုန်းရိန်းသော်လည်း လက်ခံ ဖြေဆိုခြင်း မရှိပါ။ ရခိုင် ပြည်နယ်ရဲတပ်ဖွဲ့ ရဲမှူးကြီး ကြည်လင်းသို့ ဆက်သွယ်ရာ လောလောဆယ် မပြောနိုင်သေးဘူးဟုဆိုကာ ဖုန်းချသွားခဲ့သည်။
“ အခုတော့ ရဲတပ်ဖွဲ့ဝင်တွေ တော်တော်များ ရောက်နေပါပြီ။ ထောင်အနီးဝန်းကျင်မှာ လူပ်ရှားသွားလာနေတာကို မြင်နေရပါတယ်” ဟု ပြောကြားသည်။
နိရဥ္စရာ၊ ဧပြီ ၂၀
https://updatenew.net/archives/18612

No comments:

Post a Comment