ads

sponsor

Tuesday, April 2, 2019

၉ လအရြယ္ သမီးေလး စြဲျဖဳတ္လိုက္တဲ့ ထီလက္မွတ္ကို ထိုးလိုက္တာပါ

၉ လအရြယ္ သမီးေလး စြဲျဖဳတ္လိုက္တဲ့ ထီလက္မွတ္ကို ထိုးလိုက္တာပါ

၉ လအရြယ္ သမီးေလး စြဲျဖဳတ္လိုက္တဲ့ ထီလက္မွတ္ကို ထိုးလိုက္တာပါ


၉ လအရြယ္ သမီးေလး စြဲျဖဳတ္လိုက္တဲ့ ထီလက္မွတ္ကို ထိုးလိုက္တာပါ
ကန္စြန္းရြက္ေရာင္းခဲ့ရသူ လူငယ္ ဇနီးေမာင္ႏွံ က်ပ္သိန္းတစ္ေသာင္းခြဲဆု ဆြတ္ခူး
(၂)ႀကိမ္ေျမာက္ ေအာင္ဘာေလ က်ပ္သိန္းတစ္ေသာင္းခြဲဆုကို ဧရာဝတီတိုင္းေဒသႀကီး၊ ပုသိမ္ခ႐ိုင္၊ ေက်ာင္းကုန္းၿမိဳ႕နယ္၊ အမွတ္(၃)ရပ္ကြက္၊ နယ္ေျမ(၇) မဟာေဗာဓိလမ္းမွာ ေနထိုင္တဲ့ ျပည့္ၿဖိဳးေမာင္နဲ႔ မလြင္လြင္ဦးတို႔က ဆြတ္ခူးသြားခဲ့ပါတယ္။
ေယာကၡမဆီက ရတဲ့ ေငြတစ္ေထာင္နဲ႔ ထိုးခဲ့တာျဖစ္ၿပီး အသက္(၉)လအရြယ္သမီးေလးက လက္နဲ႔ ဆြဲျဖဳတ္လိုက္တဲ့ ထီလက္မွတ္က ေပါက္တာလို႔ ကိုျပည့္ၿဖိဳးေမာင္က ေျပာပါတယ္။
“သၾကၤန္ႏွစ္ဆန္းတစ္ရက္ေန႔ ဆြမ္းဆန္ေတာ္ေလာင္းလွဴပြဲမွာ ေက်ာင္းတစ္ေက်ာင္းကို က်ပ္တစ္သိန္းစီလွဴဒါန္းပါမယ္၊ ကြန္ကရစ္လမ္းခင္းေပးမယ္၊ ရဟန္းခံ႐ွင္ျပဳလည္းလုပ္သြားမယ္”လို႔ ကိုျပည့္ၿဖိဳးေမာင္ ကေျပာပါတယ္။

“ကြၽန္မက အရင္ကဆင္းရဲပါတယ္၊ ကန္စြန္းရြက္ေရာင္းရတယ္၊ ပန္းေရာင္းရတယ္၊ ဒီသမီးေလးေမြးမွ အက်ိဳးေပးလို႔ ကံေကာင္းတာပါ၊ အခုလို သိန္းတစ္ေသာင္းခြဲဆုေပါက္တာ အတိုင္းမသိဝမ္းသာပါတယ္၊ ထင္ေတာင္ထင္မထားဘူး”လို႔လည္း ဇနီးျဖစ္သူ မလြင္လြင္ဦးကေျပာပါတယ္။
ကံထူးရွင္ ကိုျပည့္ၿဖိဳးေမာင္ဟာ အသက္(၂၁)ႏွစ္သာ႐ွိေသးၿပီး မလြင္လြင္ဦးကေတာ့ (၁၉)ႏွစ္သာ႐ွိပါေသးတယ္။ လက္ရွိမွာ ထီလက္မွတ္ကို အမွတ္(၃)ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴးက ထိန္းသိမ္းေပးထားၿပီး ဆုေငြထုတ္ေပးသြားမယ္လို႔ သိရပါတယ္။

သတင္း-၀င္းႀကိဳင္(ေက်ာင္းကုန္း) OneNewsMyanmar
Unicode
၉ လအရွယ် သမီးလေး စွဲဖြုတ်လိုက်တဲ့ ထီလက်မှတ်ကို ထိုးလိုက်တာပါ
ကန်စွန်းရွက်ရောင်းခဲ့ရသူ လူငယ် ဇနီးမောင်နှံ ကျပ်သိန်းတစ်သောင်းခွဲဆု ဆွတ်ခူး

(၂)ကြိမ်မြောက် အောင်ဘာလေ ကျပ်သိန်းတစ်သောင်းခွဲဆုကို ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ နယ်မြေ(၇) မဟာဗောဓိလမ်းမှာ နေထိုင်တဲ့ ပြည့်ဖြိုးမောင်နဲ့ မလွင်လွင်ဦးတို့က ဆွတ်ခူးသွားခဲ့ပါတယ်။
ယောက္ခမဆီက ရတဲ့ ငွေတစ်ထောင်နဲ့ ထိုးခဲ့တာဖြစ်ပြီး အသက်(၉)လအရွယ်သမီးလေးက လက်နဲ့ ဆွဲဖြုတ်လိုက်တဲ့ ထီလက်မှတ်က ပေါက်တာလို့ ကိုပြည့်ဖြိုးမောင်က ပြောပါတယ်။

“သင်္ကြန်နှစ်ဆန်းတစ်ရက်နေ့ ဆွမ်းဆန်တော်လောင်းလှူပွဲမှာ ကျောင်းတစ်ကျောင်းကို ကျပ်တစ်သိန်းစီလှူဒါန်းပါမယ်၊ ကွန်ကရစ်လမ်းခင်းပေးမယ်၊ ရဟန်းခံရှင်ပြုလည်းလုပ်သွားမယ်”လို့ ကိုပြည့်ဖြိုးမောင် ကပြောပါတယ်။
“ကျွန်မက အရင်ကဆင်းရဲပါတယ်၊ ကန်စွန်းရွက်ရောင်းရတယ်၊ ပန်းရောင်းရတယ်၊ ဒီသမီးလေးမွေးမှ အကျိုးပေးလို့ ကံကောင်းတာပါ၊ အခုလို သိန်းတစ်သောင်းခွဲဆုပေါက်တာ အတိုင်းမသိဝမ်းသာပါတယ်၊ ထင်တောင်ထင်မထားဘူး”လို့လည်း ဇနီးဖြစ်သူ မလွင်လွင်ဦးကပြောပါတယ်။
ကံထူးရှင် ကိုပြည့်ဖြိုးမောင်ဟာ အသက်(၂၁)နှစ်သာရှိသေးပြီး မလွင်လွင်ဦးကတော့ (၁၉)နှစ်သာရှိပါသေးတယ်။ လက်ရှိမှာ ထီလက်မှတ်ကို အမှတ်(၃)ရပ်ကွက် အုပ်ချုပ်ရေးမှူးက ထိန်းသိမ်းပေးထားပြီး ဆုငွေထုတ်ပေးသွားမယ်လို့ သိရပါတယ်။
သတင်း-ဝင်းကြိုင်(ကျောင်းကုန်း) OneNewsMyanmar

https://updatenew.net/archives/17082?fbclid=IwAR1jUJeJLVdWKgvG6wGJvLRV6nJAyd8ef8jFL4XgFjAl1OLuko0zNph4NVE

No comments:

Post a Comment