https://updatenew.net/archives/18833
Credit – Aung Ko Ko
Unicode
နောက်တစ်ယောက်ကို ထပ်ပြီးဝင်ပူးရတဲ့ အကြောင်းအရင်း
မဇာခြည်က မြမြဆိုတဲ့ ကောင်မလေးကိုပြောလိုက်လို့ နောက်တစ်ယောက်ဝင်ပူးသွားခဲ့ခြင်းဖြစ်
ခု ကျွန်တော်ပြောတဲ့ စကားကို ယုံချင်မှ ယုံပါလိမ့်မယ်။ ယုံပါ မယုံပါ မပြောချင်ပါ။ တိုက်ဆိုင်မှု ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။
ဒီနေ့ နေ့လည် ၁၂နာရီက မဇာခြည်နဲ့ ကျွန်တော် ဖုန်းပြောတယ်။ သူကလည်း စိတ်မကောင်း ငိုလျှက်။ အကို သမီး ဘယ်လိုလုပ်ရမလဲ။ အားလုံးက သမီးကို စိတ္တဇလို့ ပြောနေကြတယ်။ သမီးကို ရူးနေတယ်ဆိုပြီး ပုံချေနေကြတယ်။ သမီးလည်း အရမ်းရှက်တယ်လို့ ပြောလာတယ်။
သူမ အနေနဲ့လည်း ရှက်ချင်စရာပါ။ ဘာလို့လဲဆိုတော့ ဘုမသိ ဘမသိဘဲ ဒီဖြစ်စဉ်တရားခံလို သူဖြစ်နေတော့ သူလည်း ကြောက်ရှာမှာပေါ့။
မြမြဆိုတဲ့ မိန်းခလေး အပြင်မှာ ပျောက်နေတာ မသိရ။ အလောင်းလည်း မတွွေ့ဆိုတော့ အားလုံးက တရားခံ သူမဖြစ်နေရှာတာကိုး။
ဒါနဲ့ ကျွန်တော် အကြံတခုပေးလိုက်တယ်။ မြမြနဲ့ ညီမ အဆက်သွယ် တကယ်ရှိတယ်ဆိုရင် မြမြရေ.. နင့်ဖြစ်စဉ်တွေကို ငါ့တယောက်တည်း ဝင်ပူးပြောမနေနဲ့။
စက်ရုံမှာ ရှိတဲ့ နင်ပူးပြီး ပြောလို့ရမဲ့ သူတစ်ယောက်ကို နင်ဝင်ပူးပြီး ပြောပေးပါလို့ ပြောလိုက်လို့။ နင့်တုန်းကလည်း ငါကူညီ ခဲ့ရတာ ငါ့လည်း ပြန်ကူညီဟာ လို့ပြောလိုက် အကြံပေးခဲ့လိုက်တယ်။
သိပ်မကြာဘူး နေ့လည် ၃နာရီကျော်မှာ စက်ရုံက နောက်တစ်ယောက်ကို ထပ်ဝင်ပူးတယ်ဖြစ်လာတယ်။ဒါနဲ့ မဇာခြည်ကို ဖုန်းဆက်ပြောလိုက်တော့ သူတို့တအိမ်လုံး အော်ပြီး ဝမ်းသာနေကြတယ်။
မဇာခြည်က မြမြဆိုတဲ့ ကောင်မလေးကို အဲလိုပြောလိုက်တာကို တအိမ်လုံးကသိတယ်။ ကြားတယ်။ တကယ်ဖြစ်လာလို့ ဝမ်းသာနေကြတယ်။
တိုက်ဆိုင်မှု ဖြစ်ပါစေ…မြမြညီမလေးရေ..ဓာတ်ပုံမှာ သတင်းဌာနက တင်ထားသောပုံဖြစ်ပါသည်။
Credit – Aung Ko Ko
No comments:
Post a Comment