ads
sponsor
Monday, April 22, 2019
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ တန်းမျက်ချောင်းကျေးရွာအနီး ချောင်းဝတွင် ယနေ့နံနက်ပိုင်းက အမျိုးသမီးငယ်တစ်ဦးရေနစ်သေဆုံးလျှက်တွေ့ရှိခဲ့ကြောင်း ဒေသခံများပြောကြားချက်အရ သိရသည်။
သေဆုံးနေသည့်အမျိုးသမီးငယ်မှာ ပေါက်တောမြို့နယ်၊ ငပြီးတက်ကျေးရွာမှ မအေးဝင်းနိုင် အသက် (၂၁)နှစ် (ဘ)ဦးသာဇံဦးဖြစ်ကြောင်း၊ အဆိုပါမျိုးသမီးငယ်မှာ ယမန်နေ့ ညအချိန်တွင် ပျောက်ဆုံးနေခြင်း ဖြစ်ကြောင်း ငပြီတက်ကျေးရွာမှ ကျေးရွာသူတစ်ဦးက နိရဉ္စရာသတင်းဌာန သို့ပြောသည်။
Unicode
ညကတည်းကပျောက်ဆုံးနေသူ မိန်းကလေးကို သေဆုံးလျက်ပြန်တွေ့
လူမှုကွန်ယက်(fb)သတင်းကြောင့် သေဆုံးသူမိန်းကလေးဘယ်ရွာမှာနေတယ်ဆိုတာသိရှိခဲ့ပြီး ညကတည်းကပျောက်ဆုံးနေသူဖြစ်နေ
ရခ်ိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ တန်းမျက်ချောင်းကျေးရွာအနီး ချောင်းဝတွင် ယနေ့နံနက်ပိုင်းက အမျိုးသမီးငယ်တစ်ဦးရေနစ်သေဆုံးလျှက်တွေ့ရှိခဲ့ကြောင်း ဒေသခံများပြောကြားချက်အရ သိရသည်။
သေဆုံးနေသည့်အမျိုးသမီးငယ်မှာ ပေါက်တောမြို့နယ်၊ ငပြီးတက်ကျေးရွာမှ မအေးဝင်းနိုင် အသက် (၂၁)နှစ် (ဘ)ဦးသာဇံဦးဖြစ်ကြောင်း၊ အဆိုပါမျိုးသမီးငယ်မှာ ယမန်နေ့ ညအချိန်တွင် ပျောက်ဆုံးနေခြင်း ဖြစ်ကြောင်း ငပြီတက်ကျေးရွာမှ ကျေးရွာသူတစ်ဦးက နိရဥ္စရာသတင်းဌာန သို့ပြောသည်။
“သူက မနေ့ညကတည်းကနေ ပျောက်နေတယ်လို့တော့ ရွာမှာပြောသံကြားပါတယ်။ပြီးတော့ ဒီနေ့မနက်က ကျမတို့ရွာအနီးကတန်းမျက်ချောင်းကျေးရွာသားများက ရေနစ်သေနေတဲ့ မိန်းကလေးအလောင်း တစ်လောင်းတွေ့တယ်ဆိုပြီးပြောတော့
အလောင်းကို လူမှုကွန်ယက် ထက်ကို တင်ပြီးမှ အရုပ်ကိုမြင်ပြီးမှ ကျမတို့ရွာက မနေ့ညကပျောက်နေတဲ့မိန်းကလေးဆိုတာသိတာပါ”ဟု ၎င်းငပြီတက် ကျေးရွာသူ ကပြောဆိုသည်။
ရေနစ်သေဆုံးလျှက်တွေ့ရသည့် အမျိုးသမီးငယ်နှင့် ပတ်သက်ပြီး မိသားစုများထံ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မှုမရရှိခဲ့ပါ။
ဆက်လက်ပြီး ပေါက်တော ရဲစခန်းသို့ ဆက်သွယ်မေးမြန်းခဲ့ရာ ပေါက်တောရဲစခန်းမှ တပ်ကြပ်ကြီး ဦးအောင်သန်းက “သတင်းအရတော့ ရေထဲမှာနစ်သေပြီးသေနေတာတွေတယ်ဆိုပြီးသတင်းရပါတယ်။ အဲ့ဒီအလောင်းကိုပေါက်တောယူလာမယ်ဆိုကြားပါတယ်။
အခုတော့ မရောက်သေးဘူး။ ကျနော်က ဂတ်စာရေး ဆိုတော့ အလောင်းရောက်ပြီးစစ်ဆေးပြီးမှ အသေးစိတ်ပြောပြလို့ရမှာပါ”ဟု ဦးအောင်သန်းကဆိုသည်။
မအေးဝင်းနိုင် သေဆုံးမှုနှင့် ပတ်သက်ပြီး သေဆုံးရခြင်းကို စိစစ်ဆဲဖြစ်သဖြင့် အသေးစိတ်မသိရှိရသေးပါ။
https://updatenew.net/archives/18733
No comments:
Post a Comment