ျမစ္ဆံု ကိစၥရပ္တန္႔ဖို႔ ေလ်ာ္ေၾကးေပးရန္ ျပည္သူတစ္ေယာက္ကို တစ္ေဒၚလာ ထည့္ဝင္ဖို႔ ပန္ၾကား

https://updatenew.net/archives/18593?fbclid=IwAR3qRqaQG21tMW1V-dXoQXlaYEISklr0LkwF_LJq7yGvSc5wRrGoaljjBjg
ျမစ္ဆံု ကိစၥရပ္တန္႔ဖို႔ ေလ်ာ္ေၾကးေပးရန္ ျပည္သူတစ္ေယာက္ကို တစ္ေဒၚလာ ထည့္ဝင္ဖို႔ ပန္ၾကား


ျမစ္ဆံု ကိစၥရပ္တန္႔ဖို႔ ေလ်ာ္ေၾကးေပးရန္ ျပည္သူတစ္ေယာက္ကို တစ္ေဒၚလာ ထည့္ဝင္ဖို႔ ပန္ၾကား
ျမစ္ဆံုႏွင့္ပတ္သက္ၿပီး ကုန္က်စရိတ္ ျပန္ေလ်ာ္ေပးမည္ဟု တ႐ုတ္သမၼတထံ ကမ္းလွမ္းျပီ
ျမစ္ဆုံစီမံကိန္း အၿပီးတုိင္ ရပ္တန္႔ဖုိ႔နဲ႔ ျမစ္ဆံုနဲ႔ပတ္သက္ၿပီး တ႐ုတ္ႏိုင္ငံက တရားဝင္ကုန္က်ထားတာေတြကုိ ျပန္ေပးေလ်ာ္မယ္လို႔ ဧရာဝတီကိုျပန္ေရြးယူဖို႔ ဦးေဆာင္လႈပ္ရွားေနသူေတြက တ႐ုတ္သမၼတဆီထံ စာေပးပို႔ကမ္းလွမ္းလိုက္ပါတယ္။
ရပ္ဆုိင္းထားတဲ့ ျမစ္ဆုံစီမံကိန္းကုိ ျမန္မာႏုိင္ငံဆုိင္ရာ တ႐ုတ္သံအမတ္ႀကီးက ျပန္တည္ေဆာက္လုိေၾကာင္းသတင္းေတြ ထြက္ေပၚေနတာေၾကာင့္ ျမန္မာျပည္သူေတြ အထူးစုိးရိမ္ေနၾကတယ္လုိ႔လည္း အိတ္ဖြင့္ေပးစာမွာ ေဖာ္ျပထားပါတယ္။
အဲဒီ အိတ္ဖြင့္ေပးစာကို ရန္ကုန္မွာ ဒီေန႔ျပဳလုပ္ေနတဲ့ ဧရာဝတီကို ျပန္ေရြးယူၾကမယ္ဆိုတဲ့ ေဟာေျပာပြဲကေန ထုတ္ျပန္လိုက္တာပါ။
ဒီေဟာေျပာပြဲမွာ ႏိုင္ငံေရးသမားေတြ၊ မိုးေလဝသပညာရွင္၊ သဘာဝပတ္ဝန္းက်င္ဆိုင္ရာ ပညာရွင္၊ ကာတြန္းဆရာ၊ စာေရးဆရာ၊ သ႐ုပ္ေဆာင္၊ ေတးေရးဆရာနဲ႔ အဆိုေတာ္ စတဲ့သူေတြ ပါဝင္ေဆြးေႏြးေျပာဆိုေနၾကပါတယ္။
တ႐ုတ္သမၼတ ရွီက်င့္ပင္ဆီကို ေပးပို႔တဲ့စာမွာ ျမစ္ဆံုစီမံကိန္းကို ျပန္လုပ္မယ္ဆိုတာေၾကာင့္ ယဥ္ေက်းမႈအေမြအႏွစ္ေတြ၊ သဘာဝပတ္ဝန္းက်င္ေတြ ပ်က္စီးမယ့္အျပင္ ျမန္မာျပည္ရဲ႕ ၿငိမ္းခ်မ္းေရး အလားအလာေကာင္းလည္း ထိခိုက္မွာကို ျမန္မာျပည္သူေတြ စိတ္ပူပန္ေနၾကတယ္လို႔ အစခ်ီထားပါတယ္။
ဒါကို လ်စ္လ်ဴ႐ႈၿပီး ဆက္လုပ္မယ္ဆိုရင္ေတာ့ ျမန္မာေတြဟာ ဂုဏ္သိကၡာအခ်ိဳးႏွိမ္ခံရတယ္၊ အႏိုင္က်င့္ခံရတယ္ဆိုၿပီး စြဲမွတ္ယူၾကႏိုင္လို႔ တ႐ုတ္- ျမန္မာဆက္ဆံေရးမွာ ျပင္ဆင္ဖို႔ခက္တဲ့ ဆိုးက်ိဳးေတြ ရင္ဆိုင္ရႏိုင္တယ္လို႔ ဆိုပါတယ္။

ဒါေၾကာင့္ ျမစ္ဆံုနဲ႔ပတ္သက္ၿပီး စာခ်ဳပ္ပါအတိုင္း တ႐ုတ္ႏိုင္ငံက တရားဝင္ ကုန္က်ထားတာေတြကို ေပးေလ်ာ္ဖို႔အတြက္လည္း ကမ္းလွမ္းလိုက္သလို ဒါကို အေျဖအျဖစ္ လက္ခံဖို႔လည္း တိုက္တြန္းထားပါတယ္။
ဒီအတြက္ ျမန္မာျပည္သူေတြ တေယာက္ကို တေဒၚလာထည့္ဝင္ၾကဖို႔ကိုလည္း ဧရာဝတီကို ျပန္ေရြးယူဖို႔ ဦးေဆာင္လႈပ္ရွားေနသူေတြက ပန္ၾကားလိုက္ပါတယ္။
တေယာက္ကို တစ္ေဒၚလာႏႈန္းနဲ႔ ၁၀ ႀကိမ္၊ ၁၅ ႀကိမ္ေလာက္ ထည့္ဝင္မယ္ဆိုရင္ေတာ့ ဧရာဝတီကို ျပန္ေရြးယူလို႔ရႏိုင္မယ္လို႔လည္းသူတုိ႔က ဆိုပါတယ္။
ဒီစကားဝိုင္း ေဆြးေႏြးပြဲကို ရန္ကုန္ၿမိဳ႕က ႏိုဗိုတယ္ဟိုတယ္မွာ ျပဳလုပ္ေနၿပီး လူဦးေရ ေထာင္နဲ႔ခ်ီတက္ေရာက္ေနပါတယ္။Credit-
Unicode
မြစ်ဆုံ ကိစ္စရပ်တန့်ဖို့ လျော်ကြေးပေးရန် ပြည်သူတစ်ယောက်ကို တစ်ဒေါ်လာ ထည့်ဝင်ဖို့ ပန်ကြား
မြစ်ဆုံနှင့်ပတ်သက်ပြီး ကုန်ကျစရိတ် ပြန်လျော်ပေးမည်ဟု တရုတ်သမ္မတထံ ကမ်းလှမ်းပြီ
မြစ်ဆုံစီမံကိန်း အပြီးတိုင် ရပ်တန့်ဖို့နဲ့ မြစ်ဆုံနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံက တရားဝင်ကုန်ကျထားတာတွေကို ပြန်ပေးလျော်မယ်လို့ ဧရာဝတီကိုပြန်ရွေးယူဖို့ ဦးဆောင်လှုပ်ရှားနေသူတွေက တရုတ်သမ္မတဆီထံ စာပေးပို့ကမ်းလှမ်းလိုက်ပါတယ်။
ရပ်ဆိုင်းထားတဲ့ မြစ်ဆုံစီမံကိန်းကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက ပြန်တည်ဆောက်လိုကြောင်းသတင်းတွေ ထွက်ပေါ်နေတာကြောင့် မြန်မာပြည်သူတွေ အထူးစိုးရိမ်နေကြတယ်လို့လည်း အိတ်ဖွင့်ပေးစာမှာ ဖော်ပြထားပါတယ်။
အဲဒီ အိတ်ဖွင့်ပေးစာကို ရန်ကုန်မှာ ဒီနေ့ပြုလုပ်နေတဲ့ ဧရာဝတီကို ပြန်ရွေးယူကြမယ်ဆိုတဲ့ ဟောပြောပွဲကနေ ထုတ်ပြန်လိုက်တာပါ။
ဒီဟောပြောပွဲမှာ နိုင်ငံရေးသမားတွေ၊ မိုးလေဝသပညာရှင်၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်၊ ကာတွန်းဆရာ၊ စာရေးဆရာ၊ သရုပ်ဆောင်၊ တေးရေးဆရာနဲ့ အဆိုတော် စတဲ့သူတွေ ပါဝင်ဆွေးနွေးပြောဆိုနေကြပါတယ်။
တရုတ်သမ္မတ ရှီကျင့်ပင်ဆီကို ပေးပို့တဲ့စာမှာ မြစ်ဆုံစီမံကိန်းကို ပြန်လုပ်မယ်ဆိုတာကြောင့် ယဉ်ကျေးမှုအမွေအနှစ်တွေ၊ သဘာဝပတ်ဝန်းကျင်တွေ ပျက်စီးမယ့်အပြင် မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေး အလားအလာကောင်းလည်း ထိခိုက်မှာကို မြန်မာပြည်သူတွေ စိတ်ပူပန်နေကြတယ်လို့ အစချီထားပါတယ်။
ဒါကို လျစ်လျူရှုပြီး ဆက်လုပ်မယ်ဆိုရင်တော့ မြန်မာတွေဟာ ဂုဏ်သိက္ခာအချိုးနှိမ်ခံရတယ်၊ အနိုင်ကျင့်ခံရတယ်ဆိုပြီး စွဲမှတ်ယူကြနိုင်လို့ တရုတ်- မြန်မာဆက်ဆံရေးမှာ ပြင်ဆင်ဖို့ခက်တဲ့ ဆိုးကျိုးတွေ ရင်ဆိုင်ရနိုင်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် မြစ်ဆုံနဲ့ပတ်သက်ပြီး စာချုပ်ပါအတိုင်း တရုတ်နိုင်ငံက တရားဝင် ကုန်ကျထားတာတွေကို ပေးလျော်ဖို့အတွက်လည်း ကမ်းလှမ်းလိုက်သလို ဒါကို အဖြေအဖြစ် လက်ခံဖို့လည်း တိုက်တွန်းထားပါတယ်။
ဒီအတွက် မြန်မာပြည်သူတွေ တယောက်ကို တဒေါ်လာထည့်ဝင်ကြဖို့ကိုလည်း ဧရာဝတီကို ပြန်ရွေးယူဖို့ ဦးဆောင်လှုပ်ရှားနေသူတွေက ပန်ကြားလိုက်ပါတယ်။
တယောက်ကို တစ်ဒေါ်လာနှုန်းနဲ့ ၁၀ ကြိမ်၊ ၁၅ ကြိမ်လောက် ထည့်ဝင်မယ်ဆိုရင်တော့ ဧရာဝတီကို ပြန်ရွေးယူလို့ရနိုင်မယ်လို့လည်းသူတို့က ဆိုပါတယ်။
ဒီစကားဝိုင်း ဆွေးနွေးပွဲကို ရန်ကုန်မြို့က နိုဗိုတယ်ဟိုတယ်မှာ ပြုလုပ်နေပြီး လူဦးရေ ထောင်နဲ့ချီတက်ရောက်နေပါတယ်။Credit
https://updatenew.net/archives/18593?fbclid=IwAR3qRqaQG21tMW1V-dXoQXlaYEISklr0LkwF_LJq7yGvSc5wRrGoaljjBjg
No comments:
Post a Comment