မြမြ ဝင်ပူးတဲ့ကိစ္စ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ကလည်းစိတ်ဝင်တစားရှိနေပြီ

https://updatenew.net/archives/18900
မြမြ ဝင်ပူးတဲ့ကိစ္စ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ကလည်းစိတ်ဝင်တစားရှိနေပြီ


မြမြ ဝင်ပူးတဲ့ကိစ္စ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ကလည်းစိတ်ဝင်တစားရှိနေပြီ
မြမြဆိုသောအမျိုးသမီးငယ်ကဝိဥာဉ်ဘဝနှင့်ဝင်ပူးသည့်ဖြစ်စဉ်မှာလတ်တလော လွဲချော်နေသေးဟုဆို
“မြမြ”ဆိုသောအမျိုးသမီးငယ်ကဝိဥာဉ်ဘဝနှင့်ဝင်ပူးသည့်ဖြစ်စဉ်မှာလတ်တလောတွင် လွဲချော်နေသေးကြောင်း ဒဂုံမြို့သစ်တောင်ပိုင်း မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးညီညီကပြောသည်။
အဆိုပါ ဖြစ်စဉ်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ကလည်းစိတ်ဝင်တစားရှိနေပြီး ဖြစ်စဉ်အမှန် ပေါ်ပေါက်စေရန် သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်နေကြကြောင်းလည်း သိရသည်။
“ဒါကတော့ ဒီအကြောင်းအရာကတော့ဝန်ကြီးချုပ်တင်မဟုတ်ဘူး သိတဲ့လူမည်သူမဆို စိတ်ဝင်စားမှာအမှန်ပဲလေ။ စိတ်ဝင်စားတာအပြင်ကို ဒီအပေါ်မှာ သက်ဆိုင်ရာရဲစခန်းတွေ ရဲတပ်ဖွဲ့တွေ အုပ်ချုပ်ရေးပိုင်းတွေကိုမေးတဲ့အခါမှာလည်း ဒီဖြစ်စဉ်မှာပါတဲ့ မိန်းကလေးရဲ့အမည်က စက်ရုံမှာမရှိဘူးဆိုတာသိထားရတယ်။

လက်ရှိလူမှုကွန်ရက်စာမျက်နှာပေါ်မှာပျံ့နှံ့နေတဲ့ ကိစ္စကိုမှန်တယ်ဆိုလည်းအမှန် မှားတယ်ဆိုလည်းအမှား တစ်ခုခုကိုတော့ အမြန်ဆုံးထုတ်ပြန်နိုင်ဖို့ ရဲတပ်ဖွဲ့တွေရောစက်ရုံနဲ့ပက်သက်တဲ့အလုပ်သမားအဖွဲ့တွေရော သူတို့တွေလည်း ဒီအပေါ်မှာကြိုးစားနေပါတယ်။ အခုအခြေအနေထိတော့ ဖြစ်စဉ်နဲ့လွဲနေတယ်လို့ သက်ဆိုင်ရာတွေပြောကြားထားတာကိုတော့သိရှိထားတယ်” ဟုယင်းကပြောသည်။
လက်ရှိအချိန်တွင် ကျောက်စိမ်းဖိနပ်စက်ရုံဘက်ကလည်း ၎င်းတို့၏အလုပ်သမားစာရင်းနှင့် ရောက်လာသောအလုပ်သမားများစာရင်းကိုပိုက်စိပ်တိုက် စစ်ဆေးရှာဖွေနေကြေကြောင်း၊သို့သော်လည်း မြမြ ဟူသောအမည်နှင့် မိန်းကလေးမတွေ့ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် သင်္ကြန်အကြိုနေ့က ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် လိုင်စင်ရုံးအနီးတွင် အုပ်စုဖွဲ့၍မုဒိန်းကျင့်ကာအသတ်ခံခဲ့ရသည်ဆိုသောမိန်းကလေးငယ်တစ်ဦးက သူမအသတ်ခံခဲ့ရသည့်ဖြစ်စဉ်၊သူမအမည်၊မွေးရပ်ဇာတိနှင့် မိဘအမည်များကိုနှစ်ဆန်းတစ်ရက်နေ့(ဧပြီလ ၁၇ ရက်)တွင်အခြားအမျိုးသမီးငယ်ထံဝင်ပူး၍ကာပြောကြားခဲ့သောရုပ်သံဗီဒီယိုဖိုင်တစ်ခုလူမှုကွန်ယက်များတွင်ပျံ့နှံ့နေသော်လည်းယင်းကိစ္စနှင့်ပတ်သက်၍ တိုင်တန်းထားခြင်းမရှိသေးကြောင်းဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ရဲစခန်းကသိရသည်။
ယင်းနောက် ဧပြီလ ၂၃ ရက်ကလည်း မြမြဆိုသော အမျိုးသမီးငယ် အလုပ်လုပ်သည်ဆိုသည့်ကျောက်စိမ်းဖိနပ်စက်ရုံမှအလုပ်သမတစ်ဦးအားထပ်မံ၍ ဝိဥာဉ်ပူးကပ်ပြောကြားကြောင်း လူမှုကွန်ရက်တွင် ထပ်မံ ပျံ့နှံ့ခဲ့သည်။

အဆိုပါရုပ်သံ Video တွင် မြမြ အမည်ရှိမိန်းကလေးငယ်ဝင်ပူးနေသည်ဆိုသော အမျိုးသမီးငယ်က မိမိ(မြမြ)မှာ ဧရာဝတီတိုင်းဒေသ ကြီးငါးသိုင်းချောင်းမှဖစ်ပြီးမိဘများမှာ ဦးသာအေးနှင့် ဒေါ်ခင်ကြည်ဖြစ်ကြောင်း၊လူသတ်သမားများမှာ အသားညိုကြောင်း၊အရပ်မြင့်သူတစ်ဦးပါပြီး စုစုပေါင်း သုံးဦးဖြစ်ကြောင်း၊မီးမလင်းသည့် ဓာတ်တိုင်အောက်အနီးတွင် မိမိအား သတ်ခဲ့ကြကြောင်းပြောဆိုထားသည်ကိုတွေ့ရသည်။
စိုင်းမျိုးဟိန်းခန့်
ပုံစာ-မြမြဝင်ပူးသည်ဟုပြောနေသည်ဆိုသည့် အမျိုးသမီးငယ်များအားတွေ့ရစဉ်
Credit – Ko Pho Toke
No comments:
Post a Comment