ဘာသာမဲ့ ဗုဒ္ဓ
**************
လွန်ခဲ့တဲ့ နှစ် ၂၆၀၀ ကျော်က
ကလေးတစ်ယောက် နီပေါနယ် ထဲမှာ မွေးတယ်
သူကတကယ့် ဘာသာမဲ့ပဲ
သမာရိုးကျ ဘာသာရေးတွေမှာ
ပိတ်မနေဘူး မကိုင်းရှိုင်းဘူး
သူ့ ခေတ် သူအခါက ရှိသမျှ
ဘာသာရေးအကုန်
လေ့လာတယ် သုံးသပ်တယ် ကျင့်ကြည့်တယ်
ဘဝင်မကျလို့ အကုန်ပယ်တယ်
ဇွဲကလည်း အံ့မခန်းပဲ
အလွန်ဆင်းရဲတဲ့ အကျင့်ကို
တကိုယ်လုံး စုတ်ပြတ်သွားအောင်
၆ နှစ် ကျင့်လိုက်တယ်
ကျင့်စရာကုန်လို့ ရပ်လိုက်ပြီး ပြန်သုံးသပ်တယ်
အစွန်းနှစ်ဘက်ကိုတွေ့ တယ်
အလယ်အလတ်လမ်းကိုတွေ့ တယ်
အဲဒီမှာ ဥာဏ်အလင်းရတယ်
ဗုဒ္ဓအဖြစ်ကို ရောက်တယ်
တရားဦး ဓမ္မစကြာ ဟောတယ်
အနတ္တလက္ခဏသုတ် ဟောပြီး
အနတ္တကို အတ္တ လောကထဲ ချပြလိုက်တယ်
ရဲရဲတောက် ဝေဖန်ဆန်းစစ်ခိုင်းတဲ့
ကာလာမ သုတ် ဟောတယ်
အဲဒီ ဘာသာမဲ့ပြီး တရားမမဲ့တဲ့
ဂေါတမ ဗုဒ္ဓကို ကျွန်တော်
အထူး လေးစားကြည်ညိုပါတယ်
crd Ko Pho Kyaw https://www.facebook.com/profile.php?id=100027195420509
ဗုဒ္ဓကကုလားမဟုတ်ပါဘူး
သာကီအနွယ်ပါသူ့မျိုးနွယ်က။
ဗုဒ္ဓရဲ့အမျိုးအနွယ်တွေကအခုတော့မရှိတော့ပါဘူး။သာကီဝင်တွေကအရမ်းမာနကြီးတယ်ဗျ။သူတို့အချင်းချင်းရွှေရွှေချင်းထပ်မြတ်တယ်ဆိုပြီးသူတို့အမျိုး ၂ဝမ်းကွဲလောက်တွေကိုနဲ့ပဲလက်ထပ်ကြတာ။တစ်နေ့တော့ကောသလဘုရင်ကဂေါတမမြတ်စွာဘုရားနဲ့အမျိုးတော်ချင်တော့သာကီနွယ်ဝင်တွေဆီကသတို့သမီးတောင်းတယ်။ကောသလဘုရင်အာဏာစက်ကသူတို့သာကီဝင်တွေထက်သာနေတော့ သူတို့မပေးလို့လဲမရဘူးပေါ့။အဲ့တာနဲ့အမေကကျွန်မျိုးရိုးအဖေကသာကီမျိုးနွယ်သွေးပါတဲ့မိန်းကလေးတစ်ယောက်ကိုပေးလိုက်တယ်။ကောသလဘုရင်နဲ့ရပြီးသားလေးတစ်ယောက်ရတယ်။အဲ့ကလေးကသာကီဝင်တွေဆီသွားလည်တယ်အရွယ်ရောက်တော့။ပြန်လဲပြန်ရော အဲ့ဒီမင်းသားထိုင်သွားတဲ့နေရာကိုကျွန်မသားထိုင်သွားတာဆိုပြီးနွားနို့နဲ့ဆေးလိုက်တယ်။အဲ့သတင်းကိုအဲ့ဒီ့မင်းသားကြားသွားတော့အငြိုးထားတယ်။သူအာဏာရရင်သတ်ပစ်မယ်ဆိုပြီး။သူအာဏာတကယ်ရှိလာတဲ့အခါစစ်တပ်ကြီးနဲ့ချီပြီးသာကီဝင်တွေကိုသတ်ဖို့သွားတယ်။မြတ်စွာဘုရားကနှစ်ကြိမ်တောင်တားတယ်။နောက်ဆုံးတစ်ကြိမ်တော့သူတို့ကိုကယ်လို့မရတော့ဘူး။သူတို့အရင်ဘဝကစုပေါင်းပြီးမြစ်ကိုအဆိပ်ခတ်ခဲ့တဲ့အကုသို်လ်ကြောင့်သူတို့သေကိုသေကြရတယိ။အဲ့အချိနိကစပြီးသာကီဝင်တွေအကုန်အသတ်ခံရတာ။အိန္ဒယမှာသာကီဝင်တွေရှိတော့ရှိမယ်။ဒါပေမဲ့အရမ်းရှားသွားပြီ။
crd Htet Paing Ko https://www.facebook.com/paing.ko.14473
https://www.facebook.com/groups/TheBUMi/permalink/2186671954956013/?_

No comments:
Post a Comment