တွေ့မြင်သူတိုင်းက မလေးစားပဲ မနေနိုင်လောက်တဲ့ ဒီလင်မယားရဲ့ လုပ်ရပ်ကို မျှဝေပေးလိုက်ပါတယ်
https://uptodatemm.com/%E1%80%B1%E1%80%90%E1%80%BC%E1%82%94%E1%80%BB%E1%80%99%E1%80%84%E1%80%B9%E1%80%9E%E1%80%B0%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8%E1%80%80-%E1%80%99%E1%80%B1%E1%80%9C%E1%80%B8%E1%80%85/
တွေ့မြင်သူတိုင်းက မလေးစားပဲ မနေနိုင်လောက်တဲ့ ဒီလင်မယားရဲ့ လုပ်ရပ်ကို မျှဝေပေးလိုက်ပါတယ်
သိန်း ၁၀၀ နီးပါးတန်တဲ့ ပစ္စည်းတွေ ကောက်ရတဲ့ ဇနီးမောင်နှံ နှစ်ဦးရဲ့ လေးစားအတုယူဖွယ် လုပ်ရပ်
ဒီပို့ကို တွေ့မြင်သူတိုင်း ကျိန်းသေ ရှယ်လုပ်ပြီး မျှဝေပေးသွားမယ်ဆိုတာ ယုံကြည်စွာဖြင့် ပြန်လည်မျှဝေပေးလိုက်ပါတယ်။ လူတိုင်းကလည်း အတုယူသင့်တဲ့ လုပ်ရပ်လေးပါ..။

ဒေါ်လာတွေ ၊ရွှေထည်ပစ္စည်းတွေ၊ လက်တော့ နဲ့ ဖုန်းအပါအ၀င် ခန့်မှန်းချေ သိန်း ၁၀၀ နီးပါး တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို ကောက်ရခဲ့တဲ့ Kophone Myatဆိုတဲ့ Facebook အကောင့် ပိုင်ရှင်က ခုလိုမျိုးတင်ထားပါတယ်
မနက်၆.၃၀မှာကျတော်အိတ်လိုက်ကောက်ရပါတယ်ဇနီးနဲ့အတူဖွင့်ကြည့်ပြီးချတ်ချင်ပြန်ပေးဘို့ဆုံးဖြတ်ပါတယ် ကျတော်တို့မိသားစုပြေလည်လို့ပိုလျှံနေလို့မဟုတ်ပါဗျာ သီလထိမ်းချင်လို့ပါ တန်ဘိုးအားဖြင့်သိန်း၈၀ နဲ့၁၀၀ကြားရှိပါတယ် ” ဆိုပြီး Post တင်ကာ Facebook က သူငယ်ချင်းတွေက ကှူShare ပေးပြီး ပိုင်ရှင်ကို ရှာဖွေခဲ့ကြပါတယ်
ဒါတွေက သူကောက်ရတဲ့ အိပ်ထဲမှာ ပါတဲ့ ပစ္စည်းတွေပါ. .

ဒေါ်လာတွေ ၊ရွှေထည်ပစ္စည်းတွေ လက်တော့နဲ့ဖုန်းတွေပါသလို Passport စာအုပ်လည်းပါဝင်ပါတယ်
သူဟာ ဒီပစ္စည်းတွေကို ကောက်ရထားကြောင်း Post တင်ခဲ့တာက 2.3.2019 နေ့ နံနက် ၉ နာရီလောက်ကပါ.. .”ပိုလျှံနေလို့ မဟုတ်ပေမယ့် သီလထိမ်းချင်လို့ပါ” ဆိုတဲ့ သူ့ရဲ့ စိတ်ဓာတ်ကတော့ အရမ်းကို လေးစားဖို့ကောင်းပါတယ်. .

2.3.2019 နံနက် ၁၁ နာရီလောက်မှာတော့ သူဟာ ပိုင်ရှင်ကို ရှာတွေ့သွားပါပြီ ပစ္စည်းတွေကို တစ်ခုချင်းသေချာ စစ်ဆေးပြီး အားလုံးပေးအပ်ခဲ့ပါတယ်. . .ရွှေအခေါက်၃ကျပ်သား ဒေါ်လာ၂၁၀၀ လက်တော့ ၁တတ်ပလက်၁ဟန်းဖုန်း၁. နားကပ်တစ်ရံ နဲ့ အခြား ပစ္စည်းအချို့လည်း ပါဝင်ပါတယ်
ပစ္စည်းပြန်ရတဲ့ ပိုင်ရှင်တွေက သူ့ကို နာရီတစ်လုံး လက်ဆောင်ပြန်ပေးခဲ့ပါတယ်. .
လက်ဆောင်နာရီပြန်ပေးတဲ့မနော်ရဲ့ညီမဇနီးမောင်နှံရဲ့ဂုဏ်ပြု့မူ့ပါ လိုင်မင်းဝင်းနဲ့ နော်အိထွေးရေ ကျေးဇူးပါ” ဆိုပြီး Post တင်ထားပါသေးတယ်

သိန်း ၁၀၀ နီးပါ တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို မမက်မောဘဲ ပိုင်ရှင်ကို ရှာဖွေပြီး ပြန်လည်ပေးအပ်ခဲ့ လေးစားဖွယ် စိတ်ဓာတ်ပိုင်ရှင် ကိုဖုန်းမြတ်တို့ ဇနီးမောင်နှံရဲ့ ပုံဖြစ်ပါတယ်. .

သူတို့ ဇနီးမောင်နှံဟာ ခုလိုမျိုး ကုသိုလ်ကောင်းမှုတွေလည်း အမြဲပြုလုပ်လေ့ရှိသူတွေဖြစ်ပါတယ်. .
ကဲ. .ပရိတ်သတ်ကြီးရေ. . ငွေလေး တစ်သိန်း နှစ်သိန်းလောက်အတွက်နဲ့ လူသတ်မှုထိ ကျူးလွန်ဆိုးသွမ်းနေကြတဲ့ ခုလိုခေတ်ကြီးမှာ အလွယ်တကူ ရနိုင်တဲ့ သိန်း ၁၀၀ နီးပါးတန်ဖိုးရှိတဲ့ ပစ္စည်းတွေကို မမက်မောက်ဘဲ ပိုင်ရှင်ကို ရှာဖွေပေးအပ်ခဲ့တဲ့ သူတို့ရဲ့ စိတ်ဓာတ်ကတော့ အရမ်းကို လေးစားဖို့ကောင်းသလို အတုယူဖို့လည်း ကောင်းပါတယ်နော်. .


ဒါကြောင့် ပရိတ်သတ်တွေ အတုယူနိုင်ဖို့ ကျနော်တို့ မဟာခေတ်သစ်မီဒီယာ နဲ့ Popping Hits မှ ဂုဏ်ယူစွာ တင်ဆက်ပေးလိုက်ရပါတ်ာခင်ဗျာ
ကြိုက်နှစ်သက်ရင် Share သွားပါနော် Credit – မဟာခေတ်သစ်မီဒီယာ..


လေးစားသူတိုင်းက ဒီပို့လေးကို ရှယ်ပေးသွားမယ်လို့ မျှော်လင့်မိပါသည်။

Facebook Comments
https://uptodatemm.com/%E1%80%B1%E1%80%90%E1%80%BC%E1%82%94%E1%80%BB%E1%80%99%E1%80%84%E1%80%B9%E1%80%9E%E1%80%B0%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8%E1%80%80-%E1%80%99%E1%80%B1%E1%80%9C%E1%80%B8%E1%80%85/
No comments:
Post a Comment