မရှိလို့ ငွေတိုးယူပြီး ဆေးမကုပါနဲ့ ဆေးရုံကြီးကိုသာ ရောက်အောင်လာခဲ့ပါ ကူညီပါ့မယ် ဆိုတဲ့ လူငယ်လေး

https://updatenew.net/archives/17734?fbclid=IwAR1zmTBMx7R2tv55btg2jSXTLsSpg0KCc3t715LCIeD1Wev9J82_Ux2jaBM
မရှိလို့ ငွေတိုးယူပြီး ဆေးမကုပါနဲ့ ဆေးရုံကြီးကိုသာ ရောက်အောင်လာခဲ့ပါ ကူညီပါ့မယ် ဆိုတဲ့ လူငယ်လေး


မရှိလို့ ငွေတိုးယူပြီး ဆေးမကုပါနဲ့ ဆေးရုံကြီးကိုသာ ရောက်အောင်လာခဲ့ပါ ကူညီပါ့မယ် ဆိုတဲ့ လူငယ်လေး
မုံရွာပြည်သူ့ဆေးရုံကြီး မှာ ဆေးရုံတက်ရင်း ဆေးဖိုးအတွက် ငွေကြေးအခက်ခဲဖြစ်နေလား ကျွန်တော့်ဆီကို ဆက်သွယ်လိုက်ပါ၊၊
စီစစ်ပြီး တကယ်နွမ်းပါးလူနာဖြစ်ပါက ရေချမ်းဆေးဆိုင်မှာ ဘေဖွင့်ပေးပြီး လူနာရေးရုံဆင်းသည်အထိ တာဝန်ယူပေးပါ့မယ်ခင်ဗျာ လက်ရှိ ကူညီပေးနေတဲ့ လူနာနှစ်ယောက်ကတော့ ဆေးရုံဆင်းသွားကြပါပြီ။
လူနာနှစိဦးအတွက် စုစုပေါင်းဆေးဖိုး ၁၄၂၆၀၀ ရှင်းပေးခဲ့ပါပြီခင်ဗျ။ တကယ်ကို နွမ်းပါးပါက တကယ်ကူညီပေးပါမယ။်

မိတ်ဆွေကိုယ်တိုင်ဖြစ်စေ ဒါမှမဟုတ် မိတ်ဆွေ အသိမိတ်ဆွေဖြစ်စေ မိတ်ဆွေ ပတ်ဝန်းကျင်မှာ နွမ်းပါးလူ တွေ့သည်ဖြစ်စေ ဆက်သွယ်လို့ရပါတယ်ခင်ဗျာ။
အကူညီလို လို့ခေါ်ရင် ပထမဦးစွာလိုက်ကြည့်ပါတယ် လိုက်ကြည်တိုင်းတော့ မကူညီပါဘူးခင်ဗျ။ ကူညီထိုက်မှ တကယ်နွမ်းပါးမှသာ ကူညီမှာပါခင်ဗျာ (မုံရွာ မြို့တစ်မြို့တည်းသာ)
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းမြို့များဖြစ်တ ဖောင်ပြင် မော်လိုက် ကလေး မင်းကင်း ဟုမ္မလင်းခန္တီး အစရှိတဲ့ မြို့များကနေ မုံရွာဆေးရုံကြီးကိုလွဲတဲ့အခါ ဆေးဝါးအတွက် ငွေကြေးအခက်ခဲဖြစ်ရင်လဲ ဆက်သွယ်ပါနော့
မုံရွာ ဆေးရုံကြီး ကိုသာရောက်အောင် လာခဲ့ပါ အဆင်ပြေသလိုကူညီပေးပါမယ်၊၊ ပစ်မထားပါဘူး တချို့လဲ ရှိတယ်လေ တစ်နေ့လုပ်တစ်နေ့စား စားဝတ်နေရေးတောင် ရုန်းကန်နေရချိန် ကျန်းမာရေး ရုတ်တရက်ထဖြစ်ရင် အခက်ခဲ ဖြစ်ကြတယ်လေ ငွေတိုးယူပီးဆေးမကုပါနဲ့ တစ်ပူပေါ် နှစ်ပူဆင့်ပါတယ်။

ကိုယ်ချင်းစာလို့ ပြောတာပါ ဒီမှာ အလှူရှင်တွေနဲ့အတူ လက်တွဲပြီး အခက်ခဲဖြစ်တဲ့ မိတ်ဆွေတွေကို ကူညီပေးပါမယ်ခင်ဗျကျွန်တော် ဇာတိက ဖောင်းပြင်မြို့နယ် နန်းမော်လိုက်ရွာလေးကပါခင်ဗျာ လက်ရှိ မုံရွာ မှာနေပါတယ်ကူညီပေးနိုင်တဲ့ အရာမှန်သမျှ ကူညီပေးပါ့မယ်ဗျာ။
သူက ကူညီတာနဲ့ ပတ်သတ်ပြီး ခုလိုရေးသား ထားပါသေးတယ။် မုံရွာ မြို့ပေါ်မှာရှိတဲ့ နွမ်းပါးလူနာနဲ့ မုံရွာဆေးရုံကြီးမှာ အနယ်နယ်အရပ်ရပ်က တက်ရောက်လာကြသော နွမ်းပါးလူနာများအတွက်ရည်ရွယ်ပါတယ်။
နောက်လကစပြီး နွမ်းပါးလူနာတွေအတွက် လစဉ် အလှူငွေစု ဘဏ်မှာအပ် (ဘဏ်အပ်တဲ့အခါမှာ ၃ ယောက် ထားပါမယ်)

လှူနာတစ်ဦးပေါ်လာတိုင်း ပျာယာပျာယာ ပြေးပြေးလွှားလွှား အလှူခံနေရတာ မလွယ်လွန်းလို့ပါ လူနာတွေကလဲ များလာတော့ အခက်ကြုံလာတယ် ။ ကျွန်တော်ကလဲ စီးပွားရေးတစ်ဖက် လူမူရေးတစ်ဖက် အလှူရှင်တွေကလဲ စီးပွားရေးတစ်ဖက်နဲ့ဆိုတော့ တစ်ခါလေ အလှူငွေတွေသွားကောက်ရတဲ့အခါ အခက်ခဲ အများကြီးရှိလို့ပါ။
ဒါကြောင့် လစဉ်အလှူငွေ ကောက်ပီးကူညီမူလုပ်ဖို့ အစီစဉ်ဆွဲလိုက်တာပါ ကူရာမဲ့နေသော အမှန်တကယ် ဒုက္ခဖြစ်နေသော လူနာများကိုသာ ကူညီမှာပါခင်ဗျာ။

လူနာလက်ထဲကို ပိုက်ဆံမထည့်ပေးပါဘူး။ ရေချမ်းဆေးဆိုင်မှာ ဘေဖွင့်ပြီးဆေးဖိုးဝါးခကိုသာ ကူညီပေးမှာပါ ဆေးရုံတက်နေစဉ် လူနာနဲ့ အလူနာစောင့် စားသောက်ဖို့အတွက်လဲ ကူညီပေးပါမယ်။
ကျန်းမာရေးကိုသာ သီးသန့်ကူညီပေးမှာပါခင်ဗျာ အဓိကတော့ ငွေကြေးမရှိလို့ ဆေးရုံမတက်နိုင်ဘူးဆိုတာ မဖြစ်ချင်လို့ပါဗျာ တကယ်အခက်ခဲ ဖြစ်နေသူတွေကို တကယ်ကူညီပေးပါ့မယ်ခင်ဗျာ။

အလှူငွေကိုလဲ တစ်လတစ်ခါ မိမိနိုင်သလောက်သာ ထည့်ဝင်လှူဒါန်းလို့ ရပါတယ်ခင်ဗျာ လူနာတစ်ဦး ကူညီပေးပြီးတိုင်းရှင်းတမ်း Bank statement ထုတ်ပေးသွားပါမယ်ခင်ဗျာ။
ပူးပေါင်းကူညီ လက်တွဲလိုပါက ဖုန်းဖြင့်ဖြစ်စေ cb ကနေဖြစ်စေ com ကနေဖြစ်စေ ဆက်သွယ်လို့ရပါတယ်ဗျ။
မိမိတို့ပတ်ဝန်းကျင်မှာ ကူရာမဲ့နေတဲ့လူနာ အဖိုးကြီး အဖွားကြီး ရှိရင်လဲ ဆက်သွယ်ပါခင်ဗျာ တကယ်ကို အကူညီလိုအပ်နေတယ်ဆိုရင် တကယ်ကို ကူညီပေးပါမယ်ဗျ။

(မုံရွာ မြို့တစ်မြို့ထဲသာ ကူညီနိုင်အုံးမှာပါခင်ဗျာ)
မုံရွာမြို့ မွန်မြတ် သွေးလှူရှင်အသင်း
ကိုမွန်မြတ် 09974114919 – 09793035326
No comments:
Post a Comment