ကိုယ်တန်ဖိုးထား မြတ်နိုးတဲ့အရာကပဲ ကိုယ့်ကို ဒုက္ခပြန်ပေးတတ်တယ်…

https://updatenew.net/archives/18534?fbclid=IwAR3tYQ6t-o9m0IBODp8_tUz-BgqMK9y-NiVpDJSRU0hsE0F3kJEUvE4tY-I
ကိုယ်တန်ဖိုးထား မြတ်နိုးတဲ့အရာကပဲ ကိုယ့်ကို ဒုက္ခပြန်ပေးတတ်တယ်…


ကိုယ်တန်ဖိုးထား မြတ်နိုးတဲ့အရာကပဲ ကိုယ့်ကို ဒုက္ခပြန်ပေးတတ်တယ်…
တကယ်လို့သာ…
၁။ တကယ်လို့ မင်းနှစ်သက်တဲ့ လူတစ်ယောက်ကို မက်ဆေ့ခ်ျပို့လို့ တော်တော်ကြာကြာ စောင့်ပြီး ပြန်မလာဘူးဆိုရင် ထပ်မပို့ပါနဲ့တော့…သူ မင်းကို ဂရုမစိုက်လို့ပါ အပင်ပန်းခံပြီး မစောင့်ပါနဲ့တော့…။
၂။ တကယ်လို့ တစ်ယောက်တည်း ၀မ်းနည်းတဲ့အခါ အခန်းထောင့် တစ်နေရာ (သို့မဟုတ်) အိပ်ရာထဲမှာလှဲပြီး ငိုချလိုက်ပါ… ကိုယ်ချင်းစာ သနားပေးမဲ့သူကို လိုက်မရှာနေပါနဲ့…. ငိုပြီးတာနဲ့ ပျော်ရွှင်စွာ အသက်ဆက်ရှင်ပါ…..။
၃။ တကယ်လို့ လူတစ်ယောက်က တဖြည်းဖြည်းနဲ့ မင်းကို ဥပက္ခာပြု လျစ်လျူရှုလာတယ်ဆိုရင်…သူနဲ့ ခွဲခွာဖို့ ပြင်ဆင်ပါ….။ မင်းကို နားမလည်တဲ့ လူတစ်ယောက်ဟာ မင်းနဲ့ မလိုက်ဖက်ပါဘူး….။
ကိုယ်တန်ဖိုးထား မြတ်နိုးတဲ့အရာ မင်းရဲ့အကြင်နာ မေတ္တာ ၊ ချစ်ခြင်းတွေကို ဆက်လက် ပေးဆပ်ဖို့မလိုပါဘူး
ဘာလို့လဲဆိုတော့ အဆုံးသတ် နာကျင်မှုဟာ မင်းကိုယ်တိုင် ဖြစ်နေလို့ပါပဲ သူကတော့ ဘယ်တော့မှ မင်းအတွက် ၀မ်းနည်းမှာ မဟုတ်ပါဘူး..။
၎။ ဆေးလိပ် မသောက်လို့ ရတယ်ဆိုရင် ဆေးလိပ်မသောက်ပါနဲ့ အရက် မသောက်လို့ ဖြစ်တယ်ဆိုရင် အရက် မသောက်ပါနဲ့ ဒါတွေဟာ မင်းရဲ့ ကျန်းမာရေး အန္တရာယ်တွေဖြစ်တယ်။
လူတစ်ယောက်အတွက် ဒီလောက် တုံးအဖို့ မသင့်တော်ပါဘူး ။ မင်းကို တကယ်ချစ်တဲ့သူဆိုရင်လဲ မင်းကို နာကျင်အောင် လုပ်မှာ မဟုတ်ဘူးလေ
၅။ လူတွေ အလေးအနက်ထားလွန်းကြတဲ့ တချို့အရာတွေကို အသည်းအသန် အလေးမထားပါနဲ့ သဘာဝအတိုင်း စိတ်ကို တည်ငြိမ်စွာ ထားတတ်ပါစေ ။
ဒီလောကမှာ မညီညာတဲ့ အခြေအနေတွေ အများကြီး ကြုံကြရမှာပါပဲ ရုပ်ပိုင်း ၀တ္ထုတွေကို တန်ဖိုးထားလွန်းတဲ့ သူတွေဟာ မိမိရဲ့ တန်ဖိုး ကျဆင်းသွားတတ်ပါတယ် ။
၆။ လူတစ်ယောက် ဒါမှမဟုတ် အခြေအနေတစ်ခုကြောင့် အရုပ်ကြိုးပြတ် စိတ်ဓာတ်ကျတာမျိုး မဖြစ်စေနဲ့ ။ မစားနိုင် မအိပ်နိုင် မျက်ရည်လည်ရွဲကျတာ မှိုင်တွေ ငေးမော အထီးကျန်ဆန်တာ တွေဟာ တုံးအသူတွေသာ လုပ်တတ်တဲ့ အပြုအမူမျိုးတွေပါ ။
တခါတလေမှာ လိုအပ်ရင်တော့ တုံးအမှု နားမလည်မှု လေးတွေတော့ ရှိတတ်ပါတယ် ။ လူဆိုတာ အမြဲ ထက်မြက်ထူးချွန်နေဖို့မှ မလိုတာပဲ ဒါပေမဲ့ သိရဲ့သားနဲ့ တုံးအတာမျိုးတော့ မဖြစ်သင့်ပါဘူး ။
၇။ အမုန်းမပွားနဲ့ လောဘမများနဲ့ တခြားသူတွေကို မနာလိုမဖြစ်နဲ့ မင်း သူများကို အားကျနေစဉ်မှာ မင်းကို လေးစားသူတွေ အများကြီး ရှိနိုင်တယ်ဆိုတာလဲ မမေ့နဲ့ဦးလေ။
Credit
https://updatenew.net/archives/18534?fbclid=IwAR3tYQ6t-o9m0IBODp8_tUz-BgqMK9y-NiVpDJSRU0hsE0F3kJEUvE4tY-I
No comments:
Post a Comment