နေ့ပြန်တိုးတွေ မနိုင်တော့လို့ ကလေးနှစ်ဦးနဲ့ မိန်းမကို ဓါးနဲ့ထိုးသတ်ပြီး မိမိလည်ပင်းကိုပါ ထိုးသတ်မှု
http://www.myanmarnews1.com/%E1%80%B1%E1%80%94%E1%82%94%E1%80%BB%E1%80%95%E1%80%94%E1%80%B9%E1%80%90%E1%80%AD%E1%80%AF%E1%80%B8%E1%80%B1%E1%80%90%E1%80%BC-%E1%80%99%E1%82%8F%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B1%E1%80%90/2019/0/?fbclid=IwAR0Lc2rDwWh3x6kNQILWMUBmjsIWyBW_UY0pY40kjJa94jNaZUjHyyJIjKI
နေ့ပြန်တိုးတွေ မနိုင်တော့လို့ ကလေးနှစ်ဦးနဲ့ မိန်းမကို ဓါးနဲ့ထိုးသတ်ပြီး မိမိလည်ပင်းကိုပါ ထိုးသတ်မှု
နေ့ 
April 27,2019
ထိုင်းနိုင်ငံမှာ နေ့ ပြန်တိုး ဟာ အဆိုးဆုံးေ၇ာဂါဖြစ်ပြီး အတိုးမတတ်နိုင်လို့  ခုလို သတ်သေသူတွေ အလွန်များလာနေတာကြောင့် ရဲတပ်ဖွဲ့ က နေပြန်အကြွေး ပေးနေတဲ့ သူတွေကို အရေးယူဖမ်းဆီးမှုတွေ ပြုလုပ်နေရပါတယ်။ SAW
Unicode version
ပြန်တိုး မပေးနိုင်လို ့ မိသားစု အားလုံး သတ်သေ
April 27,2019
မူးယစ်ဆေးမစွဲ အပျော်အပါး မလိုက် တဲ့ အလုပ်ကျိုးစားသူ လူရိုး လူအေးကြီးလို ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို ့ မင်ဘူရီရပ်ကွက်သားတွေက သိနေတဲ့
ထိုင်းနိုင်ငံသား နိုင်နထစပ် (၄၆) နှစ်ရဲ ့ စိတ်မကောင်းစရာ .. မယုံကြည်နိုင်စရာ ဖြစ်ရပ်ဆိုး ကို ရပ်ကွက်သားတွေက တွေ ့မြင်ခဲ့ကြရပါတယ်။
ဆောင်းဘောက် တတ်ဆင် လုပ်ငန်း ဆိုင် ဖွင့်ထားတဲ့ သူ ့ဆိုင်မှာ ဧပြီလ ၂၅ ရက်နေ ့ည က နထစပ်ဟာ ဇနီးနဲ ့ ကလေးနှစ်ဦး ကို ရက်ရက်စက်စက် ဓါးနဲ ့ထိုးသတ်ပြီး ကိုယ်တိုင်းလည်း ကို ယ့်လည်ပင်းကို ဒါးနဲ ့ ထိုးသေကြောင်းကြံ ခဲ့ပေမယ့် မသေခဲ့ပဲ အရေးပေါ်ဆေးရုံတင်ခဲ့ရပါတယ်။
အားလုံးက ဒီသတင်းကိုကြားရတဲ့အချိန် မှာ အလွန်အံအားသင့်ပြီး တကယ်ပဲ မိမိ မိသားစုကို သတ်လောက်အောင် ဘာကြောင့်များ ခုလို ဆုံးဖြတ်ရတာလည်းဆိုတာ ထိုင်းနိုင်ငံသားတွေ အကြားမှာ မတွေးတတ်အောင် ဖြစ်ခဲ့ကြတယ်။
သူတို ့ဇနီးမောင်နှံဟာ နေ ့ပြန်တိုး အကြွေးရှင် (၈)ဦးထံကနေ ငွေချေးပြီး စီးပွားရေးလုပ်နေတာလို ့ သိရပါတယ် ၊ တနေ ့ကို အတိုး ထိုင်း ဘတ်ငွေ( ၈၀၀၀)ကျပ်ငွေ သုံးသိန်းခုနှစ်သောင်း ကျော် ပေးနေရတာကို မပေးနိုင်တော့တဲ့အဆုံး လင်မယားနှစ်ဦးဟာ မိမိကိုယ်(ကလေးတွေပါ) သတ်သေကြဘို ့ ဆုံးဖြတ်ခဲ့တာလို ့ သိရပါတယ်။
ထိုင်းနိုင်ငံမှာ နေ ့ပြန်တိုး ဟာ အဆိုးဆုံး ရောဂါဖြစ်ပြီး အတိုးမတတ်နိုင်လို ့ ခုလို သတ်သေသူတွေ အလွန်များလာနေတာကြောင့် ရဲတပ်ဖွဲ ့က နေပြန်အကြွေး ပေးနေတဲ့ သူတွေကို အရေးယူဖမ်းဆီးမှုတွေ ပြုလုပ်နေရပါတယ်။ SAW
No comments:
Post a Comment