ads

sponsor

Tuesday, April 2, 2019

သူဆရာက်သည္ ငါဆရာက်သည္ ဟု စကားနိုင္လုေျပာဆိုရာမွ လူသတ္မႈ ျဖစ္

သူဆရာက်သည္ ငါဆရာက်သည္ ဟု စကားနိုင္လုေျပာဆိုရာမွ လူသတ္မႈ ျဖစ္

သူဆရာက်သည္ ငါဆရာက်သည္ ဟု စကားနိုင္လုေျပာဆိုရာမွ လူသတ္မႈ ျဖစ္


သူဆရာက်သည္ ငါဆရာက်သည္ ဟု စကားနိုင္လုေျပာဆိုရာမွ လူသတ္မႈ ျဖစ္
၂၀၁၉ မတ္ (၂၈)ရက္ေန႔ (၈)နာရီအခ်ိန္ခန႔္တြင္ ၿမိတ္ၿမိဳ႕၊ၿမိတ္ေတာင္ေက်း႐ြာအုပ္စု ရာျပည့္ရပ္ကြက္၌ လူသတ္မႈ ျဖစ္ပြားေၾကာင္းစုံစမ္းသိရွိရသည္။
ေနအိမ္ေရွ႕ လမ္းမေပၚတြင္ ေလွဖာေထးသည့္ လုပ္ငန္းႏွင့္ ပတ္သက္၍ ဆရာတပည့္ တစ္ဦးႏွင့္တစ္ဦး ေလွဖာရာ၌ သူဆရာက်သည္ ငါဆရာက်သည္ ဟု စကားနိုင္လုေျပာဆိုရာမွ ခိုက္ရန္ျဖစ္ပြားၾကစဥ္ ေသဆုံးသူ၏ ဇႏွီးျဖစ္သူမွ တားျမစ္ခဲ့ေသာ္လည္း မရရွိခဲ့။
ထိုသို႔ရန္ျဖစ္ခဲ့ရာ၌ ခင္ပြန္းျဖစ္သူ ေဇာ္သိန္း(ခ)ေမာင္သိန္း ေနအိမ္တြင္ရွိေသာ ဓားဦးခြၽန္သည့္ဓားရွည္ တစ္ေခ်ာင္းအား ကိုင္ေဆာင္ကာ ထြက္သြားၿပီးေနာက္ ျဖစ္မႈက်ဴးလြန္သူ ဦးမ်ိဳး(ခ)ေမာင္ေမာင္၏ ေနအိမ္အား ၊ဓားျဖင့္ သြားေရာက္ခုတ္ခဲ့ရာ တစ္ဦးႏွင့္တစ္ဦး အခ်င္းခ်င္းစကားၾကမ်ားၿပီး ေနအိမ္ေရွ႕ရႈံ႕ျပင္ထဲတြင္ လုံးေထြးသတ္ပုတ္ေနၾကေသာေၾကာင့္…
ေသဆုံးသူ၏ ဇႏွီးျဖစ္သူတြင္ ေယာကၡထီးျဖစ္သူ ဦးပန္းစိန္အားဖုန္းဆက္ရန္အတြက္ ေနအိမ္ေပၚသို႔ ဖုန္းတက္ယူၿပီး ျပန္ဆင္းလာစဥ္ ေနအိမ္ေရွ႕႐ြံ႕ျပင္ထဲ၌ ခင္ပြန္းမွာ ပက္လက္အေနအထားျဖင့္ ဝဲဘက္ဝမ္းဗိုက္မွ အူမ်ားထြက္ေနၿပီး ယာဘက္ လည္ပင္းျပတ္ရွဒဏ္ရာတို႔ရရွိကာ ေသဆုံးေနသည္ကို ေတြ႕ျမင္ရသည့္အျပင္
ျပစ္မႈက်ဴးလြန္သူ ဦးမ်ိဳး(ခ)ေမာင္ေမာင္အားလည္း ခင္ပြန္း အနီးတြင္ပင္ ထိုင္လွ်က္ေတြ႕ရွိခဲ့ေၾကာင္း၊ ခဏအၾကာရပ္ကြက္ထဲမွ လူမ်ားေရာက္ရွိလာၿပီး ခင္ပြန္းအား ၿမိတ္ျပည္သူ႕ေဆး႐ုံႀကီးသို႔ သယ္ေဆာင္သြားခဲ့စဥ္ ေသဆုံးသြားသည္ဟု ေသဆုံးသူ၏ ဇႏွီးျဖစ္သူ ေျပာၾကားအရသိရွိရသည္။

“ျပစ္မႈက်ဴးလြန္သူ ဦးမ်ိဳး(ခ)ေမာင္ေမာင္အား သက္ေသမ်ားႏွင့္အတူ ၿမိတ္ၿမိဳ႕မ ရဲစခန္းမွ ဖမ္းဆီး၍ စစ္ေဆးစဥ္ ေသဆုံးသူ ေဇာ္သိန္း(ခ)ေမာင္သိန္းႏွင့္ေလွဖာေထးသည့္ ကိစၥႏွင့္ပတ္သက္၍ တစ္ဦးႏွင့္တစ္ဦး စကားမ်ားရန္ျဖစ္ၿပီး…
ေသဆုံးသူ ေဇာ္သိန္း(ခ)ေမာင္သိန္းတြင္ ၄င္း၏ေနအိမ္မွ ဓားဦးခြၽန္ဓားရွည္တစ္ေခ်ာင္းအား သြားေရာက္ ယူေဆာင္ၿပီး ၎၏ ေနအိမ္သို႔ခုတ္ခဲ့ရာမွ တစ္ဦးႏွင့္ တစ္ဦး လုံးေထြးသတ္ပုတ္ကာ ေဒါသအေလွ်ာက္ ဓားျဖင့္ထိုးခဲ့ေၾကာင္း ထြက္ဆိုသည္ဟု ရဲမွတ္တမ္းအရသိရွိရသည္။
အဆိုပါျဖစ္စဥ္ႏွင့္ပတ္သတ္၍ ရာျပည့္ရပ္ကြက္၊ ၿမိတ္ေတာင္ေက်း႐ြာအုပ္စု၊ ၿမိတ္ၿမိဳ႕ေနသည့္ ျပစ္မႈက်ဴးလြန္သူ ဦးမ်ိဳး(ခ)ေမာင္ေမာင္အား ၿမိတ္ၿမိဳ႕မ ရဲစခန္းမွ (ပ)၈၅၂/၂၀၁၉၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၀၂ျဖင့္ အေရးယူေဆာင္ရြက္လၽွက္ရွိေၾကာင္းစုံစမ္းသိရွိရသည္။
Credit-ညီညီ(လိႈင္သာယာ)
Unicode
သူဆရာကျသည် ငါဆရာကျသည် ဟု စကားနိုင်လုပြောဆိုရာမှ လူသတ်မှု ဖြစ်
၂၀၁၉ မတ် (၂၈)ရက်နေ့ (၈)နာရီအချိန်ခန့်တွင် မြိတ်မြို့၊မြိတ်တောင်ကျေးရွာအုပ်စု ရာပြည့်ရပ်ကွက်၌ လူသတ်မှု ဖြစ်ပွားကြောင်းစုံစမ်းသိရှိရသည်။
နေအိမ်ရှေ့ လမ်းမပေါ်တွင် လှေဖာထေးသည့် လုပ်ငန်းနှင့် ပတ်သက်၍ ဆရာတပည့် တစ်ဦးနှင့်တစ်ဦး လှေဖာရာ၌ သူဆရာကျသည် ငါဆရာကျသည် ဟု စကားနိုင်လုပြောဆိုရာမှ ခိုက်ရန်ဖြစ်ပွားကြစဉ် သေဆုံးသူ၏ ဇနှီးဖြစ်သူမှ တားမြစ်ခဲ့သော်လည်း မရရှိခဲ့။
ထိုသို့ရန်ဖြစ်ခဲ့ရာ၌ ခင်ပွန်းဖြစ်သူ ဇော်သိန်း(ခ)မောင်သိန်း နေအိမ်တွင်ရှိသော ဓားဦးချွန်သည့်ဓားရှည် တစ်ချောင်းအား ကိုင်ဆောင်ကာ ထွက်သွားပြီးနောက် ဖြစ်မှုကျူးလွန်သူ ဦးမျိုး(ခ)မောင်မောင်၏ နေအိမ်အား ၊ဓားဖြင့် သွားရောက်ခုတ်ခဲ့ရာ တစ်ဦးနှင့်တစ်ဦး အချင်းချင်းစကားကြများပြီး နေအိမ်ရှေ့ရှုံ့ပြင်ထဲတွင် လုံးထွေးသတ်ပုတ်နေကြသောကြောင့်…
သေဆုံးသူ၏ ဇနှီးဖြစ်သူတွင် ယောက္ခထီးဖြစ်သူ ဦးပန်းစိန်အားဖုန်းဆက်ရန်အတွက် နေအိမ်ပေါ်သို့ ဖုန်းတက်ယူပြီး ပြန်ဆင်းလာစဉ် နေအိမ်ရှေ့ရွံ့ပြင်ထဲ၌ ခင်ပွန်းမှာ ပက်လက်အနေအထားဖြင့် ဝဲဘက်ဝမ်းဗိုက်မှ အူများထွက်နေပြီး ယာဘက် လည်ပင်းပြတ်ရှဒဏ်ရာတို့ရရှိကာ သေဆုံးနေသည်ကို တွေ့မြင်ရသည့်အပြင်
ပြစ်မှုကျူးလွန်သူ ဦးမျိုး(ခ)မောင်မောင်အားလည်း ခင်ပွန်း အနီးတွင်ပင် ထိုင်လျှက်တွေ့ရှိခဲ့ကြောင်း၊ ခဏအကြာရပ်ကွက်ထဲမှ လူများရောက်ရှိလာပြီး ခင်ပွန်းအား မြိတ်ပြည်သူ့ဆေးရုံကြီးသို့ သယ်ဆောင်သွားခဲ့စဉ် သေဆုံးသွားသည်ဟု သေဆုံးသူ၏ ဇနှီးဖြစ်သူ ပြောကြားအရသိရှိရသည်။
“ပြစ်မှုကျူးလွန်သူ ဦးမျိုး(ခ)မောင်မောင်အား သက်သေများနှင့်အတူ မြိတ်မြို့မ ရဲစခန်းမှ ဖမ်းဆီး၍ စစ်ဆေးစဉ် သေဆုံးသူ ဇော်သိန်း(ခ)မောင်သိန်းနှင့်လှေဖာထေးသည့် ကိစ္စနှင့်ပတ်သက်၍ တစ်ဦးနှင့်တစ်ဦး စကားများရန်ဖြစ်ပြီး…
သေဆုံးသူ ဇော်သိန်း(ခ)မောင်သိန်းတွင် ၄င်း၏နေအိမ်မှ ဓားဦးချွန်ဓားရှည်တစ်ချောင်းအား သွားရောက် ယူဆောင်ပြီး ၎င်း၏ နေအိမ်သို့ခုတ်ခဲ့ရာမှ တစ်ဦးနှင့် တစ်ဦး လုံးထွေးသတ်ပုတ်ကာ ဒေါသအလျှောက် ဓားဖြင့်ထိုးခဲ့ကြောင်း ထွက်ဆိုသည်ဟု ရဲမှတ်တမ်းအရသိရှိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သတ်၍ ရာပြည့်ရပ်ကွက်၊ မြိတ်တောင်ကျေးရွာအုပ်စု၊ မြိတ်မြို့နေသည့် ပြစ်မှုကျူးလွန်သူ ဦးမျိုး(ခ)မောင်မောင်အား မြိတ်မြို့မ ရဲစခန်းမှ (ပ)၈၅၂/၂၀၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ဖြင့် အရေးယူဆောင်ရွက်လျှက်ရှိကြောင်းစုံစမ်းသိရှိရသည်။
Credit-ညီညီ(လှိုင်သာယာ)

https://updatenew.net/archives/16783?fbclid=IwAR1qyu4CqZNooKofsuuj1WnWDcfZcYXWpQOETNKkIFH0FK8JXOgQsGujF_8

No comments:

Post a Comment