ပင်စင်ယူရမယ့် အသက်ထက် (၃) နှစ်ကျော်ပိုပြီး တာဝန်ထမ်းဆောင်သည့် ဆရာမတစ်ဦးကို လစာ ၇၈ သိန်းကျော် ပြန်သွင်းခိုင်း
မန္တလေးမြို့ ချမ်းအေးသာစံ မြို့နယ် အမှတ်(၁၂) အခြေခံပညာ အထက်တန်းကျောင်းက ဆရာမ ဒေါ်မာမာမြင့်ဟာ ဆယ်တန်းအောင်လက်မှတ်က မွေးသက္ကရာဇ်နှင့် အမှုထမ်းစာအုပ်က မွေးသက္ကရာဇ် မတူတာကြောင့် ပင်စင်ယူရမယ့် အသက်ထက် ၃ နှစ် နှင့် ၇ လ ပိုပြီး တာဝန်ထမ်းဆောင်ခဲမိပါတယ်
ဒီဖြစ်ရပ်မှာဆိုရင် ဒေါ်မာမာမြင့်ရဲ့ အသက်ဟာ ဆယ်တန်းအောင်လက်မှတ်မှာရှိတဲ့ မွေးသက္ကရာဇ် နဲ့ တွက်ရင် ယခုအချိန်မှာ ၆၃ နှစ် နဲ့ ၇ လ ဖြစ်နေတာဖြစ်ပါတယ်
ပညာရေးမှူးရုံးက ဖြည့်သွင်းထားတဲ့ အမှုထမ်းစာအုပ်က မွေးသက္ကရာဇ်နဲ့ တွက်ရင်တော့ ပင်စင်ယူရမယ့်အချိန်ဟာ အသက် ၆၀ ပြည့်ပဲဖြစ်ပါတယ်. . .
ခုလိုမွေးသက္ကရာဇ် လွဲမှားနေတဲ့ အတွက် ဆရာမဒေါ်မာမာမြင့်ဟာ ပင်စင်ယူရမယ့် အချိန်မှာ မယူဘဲ ဆက်လက်တာဝန်ထမ်းဆောင်နေတဲ့အတွက် ပင်စင်ယူရမယ့်အသက်ထက်ပိုနေတဲ့ ၃ နှစ် နှင့် ၇ လစာ ငွေ ၇၈ သိန်းကျော်ကို ပြန်လည်ပေးသွင်းရတော့မှာ ဖြစ်ပါတယ်
ဒီကိစ္စနဲ့ ပတ်သတ်ပြီး ဆရာတစ်ယောက်က ခုလို ရင်ဖွင့် ထားပါတယ်
“အမှုထမ်းစာအုပ် လိုင်းကိုင်စာရေး ဘယ်သူလဲ။အမှုထမ်းစာအုပ်ထဲမှာ တက္ကသိုလ်ဝင်အောင်လက်မှတ်၊ဘွဲ့လက်မှတ်၊ရာထူးတိုး/ပြောင်း အမိန့်စာ အကုန်တွဲထည့်ထားရတာပဲ မဟုတ်လား။အဲဒါကို လိုင်းကိုင်က စိစစ်ပြီး ကျောင်းအုပ်က လက်မှတ် ထိုးပေးရတာပါ။

အမှုထမ်းသက်လွန်ကိစ္စမှာ တာဝန်ရှိတာ စာရေး၊ကျောင်းအုပ်၊ကာယကံရှင် အားလုံးဖြစ်ပါတယ်။နောက်ပြီး အဲ့ဒီ့ကျောင်းကို နှစ်စဉ် ကျောင်းစစ်ဆေးရတဲ့TEO ၊ DTEO တွေမှာလည်း တာဝန်ရှိတယ်။
ပင်စင်ယူမှ ဒီကိစ္စကို သိတယ်ဆိုတော့ တော်တော်ကြီး များသွားပြီ။ သူလိမ်ထားတယ်ဆိုရင်တောင် အကုန်ပြန်သွင်းခိုင်းဖို့မသင့်ဘူး။
သူ့ကို ၂၀၁၅ နဲ့ ပင်စင်တွက်မယ်။အဲ့ဒီ့အတွက်ရမယ့်ပင်စင်လစာရယ်၊ပြီးရင် သူအလုပ်လုပ် ပေးနေတာအတွက် ထောက်ပံ့ငွေပမာဏတစ်ခုကို သတ်မှတ်ပြီးတော့ရယ်၊ အဲ့ဒီ့နှစ်ခုကိုပေါင်းပြီး သူပြန်သွင်းရမယ့်ငွေကြေးထဲကနှုတ်၊လိုတာလောက်ကိုပဲ ပြန်သွင်းခိုင်းသင့်ပါတယ်။
TEO အများစုက စစ်ဆေးချက်ပုံစံ ကဆ တွေကို ရုံးစားပွဲပေါ်ထိုင်ဖြည့်ပြီး ကျောင်းအုပ်ကို လက်မှတ်ခေါ်ထိုးခိုင်း၊ပြီးရင် TA ဆွဲတင်နေကြတာလည်းအများသား မဟုတ်ပေလားဟရို့ …”
ဖိုးသူတော်(www.phothutaw.com)
Credit:ဖြိုးဝေအောင်(ပညာရေး)
#Unicode Version#
http://www.phothutaw.com/2019/03/blog-post_8363.html

No comments:
Post a Comment