ads

sponsor

Wednesday, April 24, 2019

အရက္ဖိုးေတာင္းမရလို႔ ဖခင္ကို သားက ဓားနဲ႔ ၀င္ထိုး သားျဖစ္သူေသဆံုး

အရက္ဖိုးေတာင္းမရလို႔ ဖခင္ကို သားက ဓားနဲ႔ ၀င္ထိုး သားျဖစ္သူေသဆံုး

အရက္ဖိုးေတာင္းမရလို႔ ဖခင္ကို သားက ဓားနဲ႔ ၀င္ထိုး သားျဖစ္သူေသဆံုး


အရက္ဖိုးေတာင္းမရလို႔ ဖခင္ကို သားက ဓားနဲ႔ ၀င္ထိုး သားျဖစ္သူေသဆံုး
ပဲခူးတိုင္းေဒသႀကီး ဒိုက္ဦးၿမိဳ႕နယ္မွာ ဖခင္ဆီကေန အရက္ဖိုးေတာင္းမရတာေၾကာင့္ သားက ဓားနဲ႔ထိုးတဲ့ ျဖစ္စဥ္ျဖစ္ပြားခဲ့ပါတယ္။
ဧၿပီလ(၂၄)ရက္ မနက္(၄)နာရီေလာက္က ဒိုက္ဦးၿမိဳ႕ ၀ါဆိုရပ္ကြက္ မွာ အိပ္ေပ်ာ္ေနတဲ့ အသက္(၆၅)ႏွစ္အရြယ္ ဖခင္ကို တစ္အိမ္တည္းေနတဲ့ (၃၅)ႏွစ္အရြယ္သားက အရက္ဖိုးေတာင္းခဲ့တာေၾကာင့္ စကားမ်ားခဲ့တာျဖစ္ပါတယ္။
သားက အိမ္မွာရွိတဲ့ ၾကက္သြန္လွီးဓားနဲ႔လိုက္ထိုးတာေၾကာင့္ လံုးေထြသတ္ပုတ္ရာကေန သားျဖစ္သူေသဆံုးခဲ့တာျဖစ္တယ္လို႔ ရဲမွတ္တမ္းအရသိရပါတယ္။
ေသဆံုးသူ အမ်ိဳးသားဟာ မိသားစုကို မၾကာခဏျပႆနာရွာသလို သူ႔ကို အေမြလည္းခြဲေပးၿပီးျဖစ္တယ္လို႔ အိမ္နီးခ်င္း အမ်ိဳးသားတစ္ဦးက ဆိုပါတယ္။
ဒီျဖစ္စဥ္နဲ႔ပတ္သက္ၿပီး ဒိုက္ဦးၿမိဳ႕မရဲစခန္းက (ပ) ၃၉၃/၂၀၁၉ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ အမႈႀကီးအမွတ္စဥ္(၂/၂၀၁၉) နဲ႔ အမႈဖြင့္အေရးယူထားပါတယ္။
သတင္း- ၿဖိဳးကိုလင္း(ေညာင္၀ိုင္း) 5 Plus News
Unicode
အရက်ဖိုးတောင်းမရလို့ ဖခင်ကို သားက ဓားနဲ့ ဝင်ထိုး သားဖြစ်သူသေဆုံး
ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ်မှာ ဖခင်ဆီကနေ အရက်ဖိုးတောင်းမရတာကြောင့် သားက ဓားနဲ့ထိုးတဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်။
ဧပြီလ(၂၄)ရက် မနက်(၄)နာရီလောက်က ဒိုက်ဦးမြို့ ၀ါဆိုရပ်ကွက် မှာ အိပ်ပျော်နေတဲ့ အသက်(၆၅)နှစ်အရွယ် ဖခင်ကို တစ်အိမ်တည်းနေတဲ့ (၃၅)နှစ်အရွယ်သားက အရက်ဖိုးတောင်းခဲ့တာကြောင့် စကားများခဲ့တာဖြစ်ပါတယ်။
သားက အိမ်မှာရှိတဲ့ ကြက်သွန်လှီးဓားနဲ့လိုက်ထိုးတာကြောင့် လုံးထွေသတ်ပုတ်ရာကနေ သားဖြစ်သူသေဆုံးခဲ့တာဖြစ်တယ်လို့ ရဲမှတ်တမ်းအရသိရပါတယ်။
သေဆုံးသူ အမျိုးသားဟာ မိသားစုကို မကြာခဏပြဿနာရှာသလို သူ့ကို အမွေလည်းခွဲပေးပြီးဖြစ်တယ်လို့ အိမ်နီးချင်း အမျိုးသားတစ်ဦးက ဆိုပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒိုက်ဦးမြို့မရဲစခန်းက (ပ) ၃၉၃/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အမှုကြီးအမှတ်စဉ်(၂/၂၀၁၉) နဲ့ အမှုဖွင့်အရေးယူထားပါတယ်။
သတင်း- ဖြိုးကိုလင်း(ညောင်ဝိုင်း) 5 Plus News
https://updatenew.net/archives/18877

No comments:

Post a Comment