




Unicode
ရုပ်ချောလွန်းလို့ နိုင်ငံကနှင်ထုတ်ခံခဲ့ရသူ…
ဒူဘိုင်းမှာ နေထိုင်တဲ့ သရုပ်ဆောင်၊ ဓါတ်ပုံဆရာနဲ့ကဗျာဆရာ တစ်ယောက်ဖြစ်တဲ့ အိုမန် ဘော် ကန်အယ်လ် ဂါလာ ရဲ့ရုပ်ရည်ဟာ ချောမောလွန်းတဲ့အတွက် ဆော်ဒီအာရေဗီယား နိုင်ငံကနေ နှင်ထုတ်ခံခဲ့ရပါတယ်။
အိုမာ နဲ့သူငယ်ချင်း နှစ်ဦးဟာ ဆော်ဒီအာရေဗီယားမှာ ကျင်းပတဲ့ ရိုးရာပွဲတော်တစ်ခုကို သွားရောက် လေ့လာခဲ့ ကြတာဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ရုပ်ရည်ချောမော လွန်းတာကြောင့် ဒူဘိုင်းကိုပြန်ဖို့ အာဏာပိုင်တွေရဲ့ သတိပေး စေခိုင်းခြင်းခ ံခဲ့ရတာဖြစ်ပါတယ်။
အိုမာရဲ့ ရုပ်ရည်ဟာ ချောမောလွန်းနေတဲ့အတွက် ပွဲတော်ကိုလာကြတဲ့ အမျိုးသမီးတွေဟာ ပွဲတော်ကို အာရုံမရတော့ဘဲ သူတို့ကိုပဲ အာရုံစိုက်နေကြမှာစိုးတဲ့အတွက် သူတို့သုံးယောက်လုံးကို ပွဲတော်က နှင်ထုတ်ပြီး သူတို့နေထိုင်ရာနေရာကို ပြန်ပို့ခဲ့ပါတယ်။
အိုမန် ဟာသူ့ရဲ့ပုံတွေ၊ ကဗျာတွေကို လူမှုမီဒီယာတွေမှာ တင်တတ်သူဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းက အမျိုးသမီးထု ကြီးကလည်း သူ့ကိုလူချင်းတွေ့လိုစိတ်တွေ ပြင်းပြနေကြပါတယ်။
သူဟာ ဒူဘိုင်းမှာ မော်ဒယ်၊ သရုပ်ဆောင်အလုပ်ကို လုပ်ရင်းအောင်မြင်မှု ရနေသူတစ်ယောက်ဖြစ်ပါတယ်။ ခုဆိုရင်တော့ အိုမာဟာ သူ့ရဲ့ချစ်သူ ယက်မင်အိုဝဒါ နဲ့လက်ထပ်လိုက်ပြီဖြစ်ပြီ းသားလေးတစ်ယောက် ရနေပြီဖြစ်ပါတယ်။
ရုပ်ချောပေမဲ့ ပွေရှုပ်သူမဟုတ်ဘဲ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ခုံမင်စွာဖက်တွယ်ထားသူဖြစ်ပါတယ်။
https://updatenew.net/archives/18193
No comments:
Post a Comment