ads

sponsor

Tuesday, April 2, 2019

မင္းျပားျမို႕နယ္က အရက္မေရာင္းရ မေသာက္ရ ဆိုတာ တစ္ရြာလံုး သေဘာတူညီခ်က္နဲ႔ ေခ်ာင္းထဲ သြန္ခ်တဲ့ရြာ

မင္းျပားျမို႕နယ္က အရက္မေရာင္းရ မေသာက္ရ ဆိုတာ တစ္ရြာလံုး သေဘာတူညီခ်က္နဲ႔ ေခ်ာင္းထဲ သြန္ခ်တဲ့ရြာ

မင္းျပားျမို႕နယ္က အရက္မေရာင္းရ မေသာက္ရ ဆိုတာ တစ္ရြာလံုး သေဘာတူညီခ်က္နဲ႔ ေခ်ာင္းထဲ သြန္ခ်တဲ့ရြာ


မင္းျပားျမို႕နယ္က အရက္မေရာင္းရ မေသာက္ရ ဆိုတာ တစ္ရြာလံုး သေဘာတူညီခ်က္နဲ႔ ေခ်ာင္းထဲ သြန္ခ်တဲ့ရြာ
ရခိုင္ျပည္နယ္၊ မင္းျပားျမိဳ႕နယ္၊ ကၽြဲၾကိဳအုပ္စု၊ ကၽြဲၾကိဳရြာတြင္ ယေန႕ ေန႕လယ္ ၁၂ နာရီခန္႕က ရြာထဲရွိေစ်းဆိုင္မ်ားမွ အရက္မ်ားကို ၀ယ္ယူျပီး ေခ်ာင္းထဲသြန္ခ်ျပီး အရက္ေရာင္းခ်ေသာက္သံုးခြင့္ကို ရာသက္ပန္ ပိတ္ပင္ လိုက္သည္ဟု သတင္းရရွိသည္။
ကၽြဲၾကိဳေက်းရြာ အုပ္ခ်ဳပ္ေရးမွဴး ဦးေရႊသိန္းက “ ရပ္ရြာရဲ႕ ဂါမပညတ္ခ်က္အရ တစ္ရြာလံုးက ညီညီညြတ္ညြတ္နဲ႕ သေဘာတူတဲ့အတြက္ ဒီကေန႕စျပီး အရက္ေရာင္းခ် ေသာက္သံုးခြင့္ကို ပိတ္ပင္လိုက္တာ ျဖစ္ပါတယ္။ ရြာထဲမွာရွိတဲ့ ေစ်းဆိုင္ေတြက အရက္၊ ဘီယာ အကုန္ုလံုးကို ရပ္ရြာရန္ပံုေငြနဲ႕ ၀ယ္ယူျပီး ေလွနဲ႕သြားျပီး ေခ်ာင္းထဲမွာသြန္ခ်ခဲ့တာ ျဖစ္ပါတယ္” ဟု နိရဥၥရာ သတင္းဌာနသို႕ ေျပာၾကားသည္။

တစ္ရြာလံုးရွိ အရက္ႏွင့္ဘီယာမ်ား၏ တန္ဖိုးမွာ က်ပ္ ၂ သိန္း ၃ေသာင္း ၈ ေထာင္ ၉ ရာဖိုးရွိ ေၾကာင္း၊ ေလာေလာဆယ္တြင္ ၎ေငြမ်ားကို ကၽြဲၾကိဳဆရာေတာ္ ဦးၾသဘာသမွ စိုက္ထုတ္ေပးထားေၾကာင္း၊ တစ္ရြာလံုးအရက္ကိုပုလင္းမွ ေဖာက္ထုတ္ျပီး ေခ်ာင္းထဲကို သြန္ခ်ခဲ့ေၾကာင္း ၎က ေျပာၾကားသည္။

“ အဓိက တားျမစ္ရတာက အရက္ေၾကာင့္ ရပ္ရြာမွာ ခိုက္ရန္ ျဖစ္ပြားတယ္။ မလိုလားအပ္တဲ့ ျပသနာေတြျဖစ္တယ္။ ေနာက္ေက်ာင္းသား ကေလးေတြက အစ အေရာက္ေသာက္တတ္လာတယ္။ အရက္ေသာက္ရင္ တစ္ခ်ိဳ႕ကေသြးဆိုးေတာ့ ျပသနာၿဖစ္တယ္။ ဒီလို အေျခအေနေတြေၾကာင့္ ရြာသားေတြက ဆရာေတာ္ကို ေလွ်ာက္တယ္။
ဆရာေတာ္ကလည္း အားေပးတဲ့အတြက္ ရြာသားေတြအကုန္လံုးကို ေခၚျပီး အစည္းအေ၀း လုပ္တယ္။ တစ္ရြာလံုးကလည္း သေဘာတူ လက္မွတ္ေရးထုိးတဲ့ အတြက္ အခုလို အရက္ေရာင္းခ် ေသာက္သံုးခြင့္ကို ရာသက္ပန္ ပိတ္လိုက္တာ ျဖစ္ပါတယ္” ဟု အုပ္ခ်ဳပ္ေရးမွဴး ဦးေရႊသိ္န္းက ေျပာၾကားသည္။

ရပ္ရြာရွိလူငယ္မ်ားက အရက္ပုလင္း၊ ဘီယာဗူးမ်ားကို ေဖာက္ျပီး ေရထဲသြန္ခ်သည္ကို ေက်းရြာသားမ်ားက လာေရာက ္အားေပးၾကည့္ရႈခဲ့ၾကသည္ဟု သိရသည္။
( အရက္ဘီယာဗူးမ်ားကို ေခ်ာင္းထဲသြန္ခ်ေနၾကစဥ္/ ဓာတ္ပံု- ပါရမီ (ကၽြဲၾကိဳဆရာေတာ္)
Unicode
မင်းပြားမြို့နယ်က အရက်မရောင်းရ မသောက်ရ ဆိုတာ တစ်ရွာလုံး သဘောတူညီချက်နဲ့ ချောင်းထဲ သွန်ချတဲ့ရွာ
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ကျွဲကြိုအုပ်စု၊ ကျွဲကြိုရွာတွင် ယနေ့ နေ့လယ် ၁၂ နာရီခန့်က ရွာထဲရှိစျေးဆိုင်များမှ အရက်များကို ဝယ်ယူပြီး ချောင်းထဲသွန်ချပြီး အရက်ရောင်းချသောက်သုံးခွင့်ကို ရာသက်ပန် ပိတ်ပင် လိုက်သည်ဟု သတင်းရရှိသည်။
ကျွဲကြိုကျေးရွာ အုပ်ချုပ်ရေးမှူး ဦးရွှေသိန်းက “ ရပ်ရွာရဲ့ ဂါမပညတ်ချက်အရ တစ်ရွာလုံးက ညီညီညွတ်ညွတ်နဲ့ သဘောတူတဲ့အတွက် ဒီကနေ့စပြီး အရက်ရောင်းချ သောက်သုံးခွင့်ကို ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။ ရွာထဲမှာရှိတဲ့ စျေးဆိုင်တွေက အရက်၊ ဘီယာ အကုန်ုလုံးကို ရပ်ရွာရန်ပုံငွေနဲ့ ဝယ်ယူပြီး လှေနဲ့သွားပြီး ချောင်းထဲမှာသွန်ချခဲ့တာ ဖြစ်ပါတယ်” ဟု နိရဥ္စရာ သတင်းဌာနသို့ ပြောကြားသည်။

တစ်ရွာလုံးရှိ အရက်နှင့်ဘီယာများ၏ တန်ဖိုးမှာ ကျပ် ၂ သိန်း ၃သောင်း ၈ ထောင် ၉ ရာဖိုးရှိ ကြောင်း၊ လောလောဆယ်တွင် ၎င်းငွေများကို ကျွဲကြိုဆရာတော် ဦးသြဘာသမှ စိုက်ထုတ်ပေးထားကြောင်း၊ တစ်ရွာလုံးအရက်ကိုပုလင်းမှ ဖောက်ထုတ်ပြီး ချောင်းထဲကို သွန်ချခဲ့ကြောင်း ၎င်းက ပြောကြားသည်။
“ အဓိက တားမြစ်ရတာက အရက်ကြောင့် ရပ်ရွာမှာ ခိုက်ရန် ဖြစ်ပွားတယ်။ မလိုလားအပ်တဲ့ ပြသနာတွေဖြစ်တယ်။ နောက်ကျောင်းသား ကလေးတွေက အစ အရောက်သောက်တတ်လာတယ်။ အရက်သောက်ရင် တစ်ချို့ကသွေးဆိုးတော့ ပြသနာဖြစ်တယ်။ ဒီလို အခြေအနေတွေကြောင့် ရွာသားတွေက ဆရာတော်ကို လျှောက်တယ်။
ဆရာတော်ကလည်း အားပေးတဲ့အတွက် ရွာသားတွေအကုန်လုံးကို ခေါ်ပြီး အစည်းအဝေး လုပ်တယ်။ တစ်ရွာလုံးကလည်း သဘောတူ လက်မှတ်ရေးထိုးတဲ့ အတွက် အခုလို အရက်ရောင်းချ သောက်သုံးခွင့်ကို ရာသက်ပန် ပိတ်လိုက်တာ ဖြစ်ပါတယ်” ဟု အုပ်ချုပ်ရေးမှူး ဦးရွှေသိ်န်းက ပြောကြားသည်။
ရပ်ရွာရှိလူငယ်များက အရက်ပုလင်း၊ ဘီယာဗူးများကို ဖောက်ပြီး ရေထဲသွန်ချသည်ကို ကျေးရွာသားများက လာရောက ်အားပေးကြည့်ရှုခဲ့ကြသည်ဟု သိရသည်။
( အရက်ဘီယာဗူးများကို ချောင်းထဲသွန်ချနေကြစဉ်/ ဓာတ်ပုံ- ပါရမီ (ကျွဲကြိုဆရာတော်)

https://updatenew.net/archives/16972?fbclid=IwAR07sXuEcBIvp2RLAGXVt_Alb5sj5w9yT9wyKefpgTsyPhPMeFfSFrJ5qMQ

No comments:

Post a Comment