ဖေ့စ်ဘုတ်မှာ ဂယက်ထနေတဲ့ “မြမြ” အကြောင်းကို ရုပ်ရှင်ရိုက်ကူးတော့မယ့် ညိုမင်းလွင်…

https://updatenew.net/archives/18870
ဖေ့စ်ဘုတ်မှာ ဂယက်ထနေတဲ့ “မြမြ” အကြောင်းကို ရုပ်ရှင်ရိုက်ကူးတော့မယ့် ညိုမင်းလွင်…

ဖေ့စ်ဘုတ်မှာ ဂယက်ထနေတဲ့ “မြမြ” အကြောင်းကို ရုပ်ရှင်ရိုက်ကူးတော့မယ့် ညိုမင်းလွင်…
နှစ်ဆန်းတစ်ရက်နေ့က တောင်ဒဂုံမြို့နယ် (၁၀၇) ရပ်ကွက်တွင် အန္တရာယ်ကင်း ပရိတ်ရွတ်နေစဉ် အမျိုးသမီးတစ်ဦးကို မြမြလို့ အမည်ရတဲ့ ဝိညာဉ်က ဝင်ရောက်ပူးကပ်ခဲ့တဲ့ ဗီဒီယိုတစ်ခုက ဖေ့စ်ဘုတ်မှာ ဂယက်ထနေခဲ့တာ ဖြစ်ပါတယ။
်
မြမြက သင်္ကြန်အကြိုနေ့က မွေ့ယာစက်ရုံမှ လူသုံးဦးရဲ့ မုဒိန်းကျင့် သတ်ဖြတ်ပြီး အလောင်းဖျောက်ခြင်း ခံခဲ့ရတာလို့ ဝင်ရောက်ပူးကပ်ပြီး ပြောဆိုခဲ့တာ ဖြစ်ပြီး ထိုဗီဒီယိုက ဖေ့စ်ဘုတ်စာမျက်နှာမှာ လူပြောများနေတာ ဖြစ်ပါတယ်

မြမြရဲ့ ဝိညာဉ်က မနေ့က ဧပြီလ (၂၃) ရက်နေ့ နေ့လည်ပိုင်းက ကျောက်စိမ်းဖိနပ် စက်ရုံဝင်းအတွင်းရှိ အမျိုးသမီးဝန်ထမ်းတဦးအား ထပ်မံပူးကပ်ခဲ့ကြောင်းသိရပါတယ်။
ကျောက်စိမ်း ဖိနပ်စက်ရုံသည် ဝန်ထမ်းအင်အား (၁၄၀၀) ဝန်းကျင်းရှိပြီး သင်္ကြန်အတွင်း စက်ရုံပိတ်ထားသောကြောင့် စက်ရုံပြန်လည်ဖွင့်လှစ်သည့် ဧပြီ (၂၃) ရက်နေ့တွင် မမြမြဆိုသည့် ဝန်ထမ်းရှိမရှိကို စစ်ဆေးနေချိန်တွင် စက်ရုံဝန်ထမ်းအမျိုးသမီးတဦးအား ထပ်မံ ဝင်ရောက်ပူးကပ်ခြင်းဖြစ်တယ်လို့ လည်းသိရပါတယ်။

ထိုအဖြစ်နဲ့ ပတ်သတ်ပြီး ကောလဟာလတွေ ထွက်ပေါ်နေသလို ပရိသတ်တွေကလဲ စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေကြတာဖြစ်ပါတယ်။ မမြမြပြောဆိုခဲ့သည့် အလောင်းမြှပ်နှံ ထားသည်ဆိုသည့် နေရာပတ်ဝန်းကျင်းကိုလည်း ရဲတပ်ဖွဲ့ဝင်များမှ လိုက်လံရှာဖေ စုံစမ်းခဲ့သော်လည်း တစုံတရာ မတွေ့ရှိခဲ့ရသေးပါဘူး။
မြမြရဲ့ ဘဝဇာတ်ကြောင်းနဲ့ ပတ်သတ်ပြီး ဒါရိုက်တာ ညိုမင်းလွင်က “Facebook ပေါ်က ရေပန်းစားသော ကိစ္စများကို ဝင်ပါလေ့မရှိသော်လည်း ယခုတစ်ကြိမ်မှာတော့ တရားဝင် ကြေငြာပါသည်၊ ကျွန်တော် ” မြမြ ” အကြောင်းကို ရုပ်ရှင်ရိုက်ပါမည်၊” ဆိုပြီး ပရိသတ်တွေကို တရားဝင် အသိပေးထားတာတွေ့ရပါတယ်

ဒါရိုက်တာ ညိုမင်းလွင်ကတော့ လျှို့ဝှက်ဆန်းကြယ်တဲ့ အဖြစ်အပျက်တွေကို ပိုင်နိုင်စွာ ရိုက်ကူးနိုင်တဲ့ ဒါရိုက်တာ တစ်ဦးပဲ ဖြစ်ပါတယ်။ ဒီတစ်ခောက် “မြမြ” နဲ့ ပက်သတ်ပြီးလဲ ညိုမင်းလွင် တစ်ယောက် သူ့ရဲ့ ပညာတွေကို ဘယ်လိုအစွမ်းကုန် ထုတ်ပြဦးမလဲ ဆိုတာ စိတ်ဝင်စားစွာနဲ့ စောင့်ကြည့် ရမှာဖြစ်ပါတယ်။
Rowena
No comments:
Post a Comment