ads

sponsor

Monday, April 22, 2019

ဆယ်​တန်း​ဖြေဆိုထားသည့်ခ​လေးရဲ့ အဖြစ်​မှန်​​လေး…

ဆယ်​တန်း​ဖြေဆိုထားသည့်ခ​လေးရဲ့ အဖြစ်​မှန်​​လေး…

ဆယ်​တန်း​ဖြေဆိုထားသည့်ခ​လေးရဲ့ အဖြစ်​မှန်​​လေး…


ဝိုင်းရိုက်မှူ​ကြောင့်​ ခေါင်းခွဲပြီး ​သွေးယိုမှူကို အကြီးစားခွဲစိတ်​မှူအဖြစ်​ပြုလုပ်နေရသည့် ဆယ်​တန်း​ဖြေဆိုထားသည့်ခ​လေးရဲ့ အဖြစ်​မှန်​​လေး
ရေတာရှည်​မြို့ နယ်​ မြို့လှမြို့ မြို​မြေရပ်​ကွက်​​နေ ဦးမြင့်​နိုင်​ (သစ်​စက်​) ​ဒေါ်မိုးမိုးခိုင်​တို့၏သား ​မောင်​​အောင်​ဖုန်းပြည့်​ အသက်​(၁၅)နှစ်​ ဆယ်​တန်း​ဖြေဆိုထားသည့်ခ​လေးရဲ့အဖြစ်​မှန်​​လေးကိုကျေးဇူးပြု ပြီး ဖတ်ပေးကြပါရှင်..၊
12-4-19 ​နေ့ည ၈နာရီခန့်​ကမြို့လှ အထက်​တန်း​ကျောင်း​​ရှေ့နားမှာခ​လေးအချင်းချင်း ရန်​ပွဲချိန်းထိုးကြပါတယ်
ယခုပုံပါခ​လေးနဲ့ မြို့လှစိုင်​​ဂေါင်းရပ်​ကွက်​က ခ​လေးနဲ့ ရန်ဖြစ်ခဲ့ဖူးတာကစပြီး မကြေနပ်ရာက ပုံပါခ​လေးနဲ့အတူ ကျန်​ခ​လေး​​သုံး​ယောက်​က လက်​သီးချင်းထိုးမှာမို့ ဘာလက်​နက်​မှမထည့်​ပဲ ချိန်းပွဲကို သွားကြတာပါ၊
ဟိုဘက်​က ခ​လေးအ​ဖေနဲ့အတူ ဆွေမျိုးတသိုက်​က ဆိုင်​ကယ်​​လေးစီးနဲ့ လူဆယ့်​နှစ်​​ယောက်​​ကျော်​တို့က ဆိုင်​ကယ်​ထိုးရပ်​ပြီး ယခုပုံပါခလေးကို ” ​ဟေ့​ကောင်​​ မင်းလား ငါ့သားနဲ့ထိုးမယ်​ဆိုတာ”လို့​ ဝိုင်းထားပြီး​မေး​တော့ “ဟုတ်​ကဲ့”လို့ ပုံပါခလေးကပြန်​​ဖြေပါတယ်၊
“ဒါဆိုမင်းတို့လက်​နက်​ယူကြမလား”လို့ သူတို့ဘက်​က အသင့်​ပါလာတဲ့ ဝါးစစ်​ပိတ်တုတ်​ ချိန်းကြိုး တို့ကိုပြပြီး​မေးပါတယ် ပုံပါခ​လေးက ၁၅နှစ်​သားအ​တွေးနဲ့ပဲ”ဟင်​အင်း ကျွန်တော်​တို့က ဝမ်းဘိုင်​ဝမ်း လက်​သီးပဲထိုးကြမှာ”လို့​ပြောလိုက်​​တော့.၊

“လက်​သီး​တော့မရဘူးကွ”ဆိုပြီး သူတို့အသင့်​ပါလာတဲ့တုတ်​နဲ့ ဟိုဘက်​ကခ​လေး​တွေရဲ့အသိုင်းဝိုင်းလူကြီး​တွေက ဗိုက်ကိုနှစ်​ချက်​ စပြီးရိုက်​ချိန်​မှာ ပုံပါခ​လေး လဲသွားတာကိုဆက်​ပြီး​ခေါင်းကို တုတ်​​တွေနဲ့ ဝိုင်းရိုက်​ကြပါတယ်၊
ပုံပါခ​လေးရဲ့ဘက်​က ခ​လေးသုံး​ယောက်​လည်း ဟိုဘက်​ကလူကြီး​တွေ ဝိုင်းရိုက်​ကြလို့ အခုမြို့လှတိုက်​နယ်​​ဆေးရုံမှာ ဦး​ခေါင်းခွံ​ပျော့ ​ကျော ရင်​ အရိုက်​ခံရ တ​ယောက်​က ​ခေါင်းငါ့းချက်​ချုပ်​ရအခုထိ မြို့လှ​ဆေးရုံမှာပါ.၊
ပုံပါခ​လေးက များသွားလို့ အခု​နေပြည်​​တော်​မှာ ဦး​နှောက်​နဲ့အာရုံ​ကြော​ဆေးရုံမှာ​ခေါင်းဖွင့်​ပြီး​ သွေးယိုမှူအတွက်အကြီးစား ခွဲစိတ်​မှူလုပ်​​နေရပါတယ်​။
အဖြစ်​မှန်​​ကိုအခု ခွဲစိတ်​ခန်း​ရှေ့က​နေရေးသား တင်​ပြလိုက်​ခြင်းဖြစ်ပါသည်……၁၅ နှစ်​သာသာခ​လေး​တွေကို လူကြီး​တွေက အသင့်​ကြိုတင်​ ကြံစည်​ယူလာတဲ့လက်​နက်​​တွေနဲ့ ရိုက်​နက်​ကြတာကို အလွန်​ခံပြင်းရလို့ပါရှင်
သေ​စေနိုင်​တဲ့လက်​နက်​နဲ့ သေ​စေနိုင်​တဲ့​နေရာကို ဝိုင်းရိုက်မှူ​ကြောင့်​ ခေါင်းခွဲပြီး ​သွေးယိုမှူကို အကြီးစားခွဲစိတ်​မှူအဖြစ်​ ပြု လုပ်နေရပါသဖြင့် အမှုဖွင့်ခဲ့ပါတယ်။

အမှူကျူးလွန်​သူများမှာ မြို့လှ စိုင်​​ဂေါင်းရပ်​ကွက်​​နေ..ဌေးဦး ၊ ဇော်​ဝင်းညွန့်​ ၊ ကိုမျိုး ၊ ကောင်းထက်​​ကျော်​ ၊ ဖိုးချွဲ တို့ကိုပုဒ်​မ ၃၂၅. နဲ့အမှူဖွင့်​​ပေးရမည့်​အစား ပုဒ်​မ ၃၂၃ ဖြင့်​ဖွင့်​​ပေးထား​သော မြို့လှရဲစခန်းကို ဘယ်​လို​တောင်​ နားလည်​ရမှန်းမသိ​အောင်​ စိတ်​ပျက်​မိပါတယ်​၊
အချိန်​တန်​ရင်​​တော့အမှန်​တရားက မားမားမတ်​မတ်​​ ရှေ့​ရောက်​လာမှာပါဒီအဖြစ်​ကအမှန်​မို့ ​ လူမှူကွန်​ယက်​​ပေါ်မှ ကျ​မရွှေရတီ​ရေးသားတင်​ပြလိုက်​ပါသည်​ရှင့်။
အမှန်​တရားကိုသာမြတ်​နိုးသည့် ရွှေရတီ
https://updatenew.net/archives/18750

No comments:

Post a Comment