ပရိသတ်တွေအတွက် ၁၆သိန်းကျော်တန်ဖိုးရှိတဲ့ နောက်ဆုံးပေါ် iPhone Xs မဲဖောက်ပေးမယ့် သက်မွန်မြင့်
Unicode ဖြင့်ဖတ်ရန်
ချစ်စရာကောင်းတဲ့ မင်းသမီးချောလေး သက်မွန်မြင့်က သရုပ်ဆောင်ကောင်းပြီး ကျရာဇာတ်ရုပ်ကို တိတိကျကျ သရုပ်ဆောင်နိုင်တာကြောင့် အကယ်ဒမီဆုတွေကို ရရှိပိုင်ဆိုင်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ သက်မွန်မြင့်ဟာ သူမရဲ့ အနုပညာသက်တမ်းတစ်လျှောက် အောင်မြင်မှုများစွာ ဆွတ်ခူးရရှိထားသူတစ်ဦးဖြစ်ပါတယ်။ သက်မွန်မြင့်ကို အားပေးကြတဲ့ ပရိသတ်တွေကလဲ အမြို့မြို့ အနယ်နယ်မှာ အများအပြားရှိနေတာပဲဖြစ်ပါတယ်။
ဒီနေ့မှာတော့ သက်မွန်မြင့်က သူမရဲ့ ပရိသတ်တွေကို နောက်ဆုံးပေါ် iPhone Xs လေးတစ်လုံး မဲဖောက်ပေးမယ့်အကြောင်း သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေထားပါတယ်။ သက်မွန်ကို ချစ်ခင်တဲ့၊ သက်မွန်က ချစ်ရတဲ့သူတွေအတွက် အမှတ်တရလေးပေါ့လို့ သက်မွန်မြင့်က ဆိုထားပါတယ်။
“သက်မွန်ရဲ့ ချစ်ပရိသတ်တွေအတွက် Apple က မြန်မာပြည်မှာ Apple Authorized Product တွေကို တရားဝင်ဖြန့်ချီခြင်း အမှတ်တရအနေနဲ့ iPhone ရဲ့ နောက်ဆုံးထွက် မော်ဒယ်တွေထဲကတခုဖြစ်တဲ့ iPhone Xs (64 Gb) အသစ်တလုံး မဲဖောက်ပေးချင်ပါတယ်ရှင့်။ သက်မွန်ကို ချစ်ခင်တဲ့၊ သက်မွန်က ချစ်ရတဲ့သူတွေအတွက် အမှတ်တရလေးပေါ့။ ” ဆိုပြီး ပြောထားပါတယ်။
” သက်မွန် မဲဖောက်ပေးမယ့် iPhone Xs လေး ရယူဖို့ မည်သူမဆို ပါဝင်နိုင်ပါတယ်နော်။စည်းကမ်းချက်က တခုပါပဲ။ ဒီပို့စ်လေးကို Like & Public Share လုပ်ရပါနော်။ ပြီးရင် ဒီပိုစ့်အောက်မှာ မိမိ Share ထားတာလေးကို Screenshot ရိုက်ပြီး Comment မှာ မန့်ပေးရမှာ ဖြစ်ပါတယ်ရှင်။ အားလုံးပဲ ကံကောင်းကြပါစေရှင့် သက်မွန် အခုလိုလက်ဆောင်ပေးတဲ့ Campaign လေးတွေတိုင်း သက်မွန် ကိုယ်တိုင်စကားပြောထားတဲ့ video clip လေးတွေနဲ့ပဲ ပြုလုပ်ပေးပါမယ်နော်။ သက်မွန်ဓါတ်ပုံတွေနဲ့ ဘာပေးမယ် ညာပေးမယ် ဆိုတဲ့အတုဖန်တီးထားတာတွေကို မယုံဖို့ အသိပေးပါရစေနော်။ ဒီအစီအစဉ်လေးကို 3.2.2019 နေ့ ည 10 နာရီထိ နောက်ဆုံးထား ပါဝင်နိုင်ပါတယ်နော်။မဲပေါက်ခဲ့ရင် ဖုန်းကို အိမ်အရောက်ပို့ပေးလိုက်မယ်နော်” ဆိုပြီး သေသေချာချာလေးရှင်းပြထားပါတယ်။
ပရိသတ်တွေအတွက် iPhone Xs မဲဖောက်ပေးမယ်ဆိုတဲ့ သက်မွန်မြင့် ပရိသတ်ကြီးလဲ သက်မွန်ရဲ့ ကံစမ်းပွဲလေးမှာ ပါဝင်ဆင်နွှဲဖို့ သက်မွန်ရဲ့ မူရင်းပိုစ့်လေးကို Like & Share သွားလုပ်လိုက်ကြနော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။
https://thadinyatkwat.com/archives/18560
No comments:
Post a Comment