ads
sponsor
Wednesday, January 30, 2019
ယာဉ်မတော်တဆဖြစ်ပွားမှုကြာင့် စတုတ္တနှစ် တက္ကသိုလ်ကျောင်းသူ တစ်ဦးသေဆုံး
ယာဉ်မတော်တဆဖြစ်ပွားမှုကြာင့် စတုတ္တနှစ် တက္ကသိုလ်ကျောင်းသူ တစ်ဦးသေဆုံး
312
တောင်ကြီးမြို့ အနောက်မြို့ပတ်လမ်း လဝကရုးံ အနီး၌ ဇန်နဝါရီ ၂၉ရက် နံနက် ၇နာရီ ၄၀မိနစ် အချိန်ခန့်က ယာဉ်မတော်တဆ ဖြစ်ပွားမှုကြောင့် တောင်ကြီးတက္ကသိုလ်ကျောင်းသူ တစ်ဦး သေဆုံးခဲ့ရကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဗိုလ်ချုပ်အောင်ဆန်းလမ်းအတိုင်း မြောက်ဘက်မှ တောင်ဘက်သို့ ယာဉ်မောင်း ဦးစည်သူဦး( ၃၂နှစ်) မောင်းနှင်လာသော 8j/—– Toyota Hiace အ ဖြူရောင်မှာ တက္ကသိုလ်မီးပွိုင့်အရောက် လမ်းယာဘက်သို့ ချိုးကွေ့စဉ် ၎င်းယာဉ်အား လက်ယာဘက်မှကျော်တက်မောင်းနှင်သွားသော ဆိုင်ကယ် ၂၉ယ/ ——- Honda click မောင်းနှင်သော မအိအိလင်း (၂၁နှစ်) တောင်ကြီးတက္ကသိုလ် စတုတ္တနှစ် ဓါတုဗေဒကျောင်းသူ၊
(ရတနာသီရိရပ်ကွက် တောင်ကြီးမြို့)နေထိုင်သူ အား မကျေနပ်သဖြင့် ပြောဆိုရန် ဆိုင်ကယ်၏ယာဘက်မှ လိုက်လံ မောင်းနှင်စဉ် အခင်းဖြစ်ရာနေရာ အရောက် အရှိန်မထိမ်းနိုင်ဘဲ ဆိုင်ကယ်အား ယာဉ်၏နောက်ပိုင်းနှင့် ပွတ်တိုက်မိသဖြင့် ဆိုင်ကယ်မှာ တိမ်းမှောက်သွားခဲ့သည်။ ယာဉ်တိမ်းမှောက်သဖြင့် မအိအိလင်းမှာ စိုးရိမ်ရသော ဒဏ်ရာများရှိခဲ့ပြီး ၇နာရီ ၄၅မိနစ်အချိန်တွင် ရဲဆေးစာနဲ့အတူ စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်စဉ် သေဆုးံသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်အား မဆင်မခြင် ပေါ့ဆစွာ မောင်းနှင်ပြီး ယာဉ်တိုက်မှုဖြစ်ပွားကာ လူအားသေဆုးံစေသူ စည်သူဦးအား တောင်ကြီး မြို့မ ရဲစခန်းက ယာဉ်(ပ ) ၃/၂၀၁၉ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၇၉/၃၀၄ (က )ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။သံလွင်သွေးချင်း
https://www.isabellaonlinemm.com/13642/?fbclid=IwAR0Xv6sA82Qctb7Kdxw3IcH-p4c3P71IuI7BX4YcNzNe2C-SdtQOtQK1O1M
No comments:
Post a Comment