ထီဖြင့္ဖို႔ ရက္နီးလာျပီမို႔ အစြမ္းထက္ျမတ္တဲ့ ထီေပါက္ဂါထာကို တင္ေပးလိုက္ပါတယ္ေနာ္

ထီဖြင့္ဖို႔လည္းနီးလာခဲ့ပါၿပီ ဒါေၾကာင့္ အစြမ္းထက္ျမက္တဲ့ ထီေပါက္ဂါထာမဂၤလာပါ သူေဌး မင္းထီဆိုင္ႀကီးမွ ကူးယူေဖာ္ျပအပ္ပါသည္
အစြမ္းထက္ျမက္တဲ့ ထီေပါက္ဂါထာေရွးက်မ္းရင္းတစ္ေစာင္မွာ ေဖာ္ျပထားၿပီး အစြမ္းထက္ျမက္တဲ့ ထီေပါက္ဂါထာ ျဖစ္ပါတယ္။ ဂါထာရဲ႕အဓိပၸါယ္အတိုခ်ဳပ္က ဗုဒၶျမတ္စြာဘုရားရွိစဥ္ကေကာ႑ေဝန မေထရ္ႀကီးသည္ပထမစာေရးတံမဲကိုအျမဲတမ္း ေပါက္ခဲ့၏ ထို႕အတူ ကၽြနု္ပ္သည္လည္းဤသို႕ ျဖစ္ရပါေစသတည္း” ဟု ဆိုထားပါတယ္။
ေရွးေဟာင္းေပစာတစ္ခုထဲမွာလည္း ဒီဂါထာရဲ႔ အစြမ္းကို အထူးအစြမ္းထက္ျမက္ေၾကာင္း ေဖာ္ျပထားတာကို ေတြ႕ရပါတယ္။ အခုဂါထာကို ဆ႒မအာရုံ ပရိသတ္ေတြအတြက္ ေစတနာေရွ႕ထားလို႕ ေဖာ္ျပေပးလိုက္ရပါတယ္ ဂါထာကို မေဖာ္ျပမီမွာ အရင္ဆုံး ထီေပါက္ခ်င္တယ္ဆုိရင္ သင္ဟာ ကိုးကြယ္ရာ ဘာသာရဲ႕သီလကို ေဆာက္တည္ရပါလိမ့္မယ္။
ဂါထာမႏၱန္ေတြရဲ႔ အစြမ္းဆိုတာ ရြတ္ဖတ္ႏိုင္မႈအစြမ္း၊ ကို္ယ့္ရဲ႕ ကိုယ္က်င့္တရား စိတ္စြမ္းအားတို႕အေပၚမွာ မူတည္ၿပီး အစြမ္းထက္ျမက္မႈက တစ္ေယာက္နဲ႔ တစ္ေယာက္မတူဘဲ ပိုႏုိင္၊ ေလွ်ာ့ႏိုင္တာ ရွိပါတယ္။
ဒီဂါထာကို သင္ဟာ ရြတ္ဖတ္ၿပီး ထီေပါက္ခ်င္တယ္ဆိုရင္ လိုက္နာရမယ့္ အခ်က္ေတြေတာ့ ရွိပါတယ္။ လြယ္လြယ္ေတာ့ မရႏိုင္ပါဘူး။
လိုက္နာရမယ့္ ၃ ခ်က္က ၁။ ဒီဂါထာကို တစ္ေန႕ အနည္းဆုံး ၁၀၈ လုံးပုတီး တစ္ပတ္ရေအာင္ စိပ္ရပါလိမ့္မယ္။ ေန႕စဥ္ မပ်က္မကြက္ စိတ္ရမွာျဖစ္ပါတယ္။
၂။ ပုတီးမစိပ္မွီမွာ ျမတ္စြြာဘုရားသခင္ေရွ႕မွာ သီလကို ဦးဆုံး ေဆာက္တည္ပါ။ ၃။ ေနာက္ဆုံးအခ်က္ကေတာ့ ဒီဂါထာကို ေန႕စဥ္မွန္မွန္ စိပ္သြားၿပီး လစဥ္ ထီထိုးေပးပါက ၆ လအတြင္း ထီေပါက္ႏုိင္ပါတယ္။
အဖိုးထိုုက္တန္ေသာ ထီေပါက္ဂါထာ ဧတဒဂၢံ ဘိကၡေဝ မမ သာဝကာနံဘိကၡဴနံ ပထမံ သလာကံဂဏုႏၱာနံ ယဒိဒံ ေကာ႑ဓာေနာဧေတန သစၥ ဝေဇၦ ဧဝံေမေဟာတု”
ရွားပါးၿပီ အဖိုးမျဖတ္ႏို္င္တဲ့ ဗုဒၶဘာသာ ဂါထာတစ္ပုဒ္ပါ။
အာလုံးပဲ ထီေပါက္ကံကို ဆြတ္ခူးႏိုင္ၾကပါေစ။ သိန္းဆုေတြေပါက္ၾကပါေစ။ အမ်ိဳးတစ္ေယာက္ကေတာ့ ဒီဂါထာရြတ္ၿပီး သိန္းဆုအမွန္ တကယ္ ေပါက္သြားတာေၾကာင့္ ဒီဂါထာကို ေဖာ္ျပရျခင္း ျဖစ္ပါတယ္။
Credit: Hlataw
Unicode ျဖင့္ဖတ္ရန္
ထီဖွင့်ဖို့လည်းနီးလာခဲ့ပါပြီ ဒါကြောင့် အစွမ်းထက်မြက်တဲ့ ထီပေါက်ဂါထာမင်္ဂလာပါ သူဌေး မင်းထီဆိုင်ကြီးမှ ကူးယူဖော်ပြအပ်ပါသည်
အစွမ်းထက်မြက်တဲ့ ထီပေါက်ဂါထာရှေးကျမ်းရင်းတစ်စောင်မှာ ဖော်ပြထားပြီး အစွမ်းထက်မြက်တဲ့ ထီပေါက်ဂါထာ ဖြစ်ပါတယ်။ ဂါထာရဲ့အဓိပ္ပါယ်အတိုချုပ်က ဗုဒ္ဓမြတ်စွာဘုရားရှိစဉ်ကကောဏ္႑ဝေန မထေရ်ကြီးသည်ပထမစာရေးတံမဲကိုအမြဲတမ်း ပေါက်ခဲ့၏ ထို့အတူ ကျွနု်ပ်သည်လည်းဤသို့ ဖြစ်ရပါစေသတည်း” ဟု ဆိုထားပါတယ်။
ရှေးဟောင်းပေစာတစ်ခုထဲမှာလည်း ဒီဂါထာရဲ့ အစွမ်းကို အထူးအစွမ်းထက်မြက်ကြောင်း ဖော်ပြထားတာကို တွေ့ရပါတယ်။ အခုဂါထာကို ဆဋ္ဌမအာရုံ ပရိသတ်တွေအတွက် စေတနာရှေ့ထားလို့ ဖော်ပြပေးလိုက်ရပါတယ် ဂါထာကို မဖော်ပြမီမှာ အရင်ဆုံး ထီပေါက်ချင်တယ်ဆိုရင် သင်ဟာ ကိုးကွယ်ရာ ဘာသာရဲ့သီလကို ဆောက်တည်ရပါလိမ့်မယ်။
ဂါထာမန္တန်တွေရဲ့ အစွမ်းဆိုတာ ရွတ်ဖတ်နိုင်မှုအစွမ်း၊ ကို်ယ့်ရဲ့ ကိုယ်ကျင့်တရား စိတ်စွမ်းအားတို့အပေါ်မှာ မူတည်ပြီး အစွမ်းထက်မြက်မှုက တစ်ယောက်နဲ့ တစ်ယောက်မတူဘဲ ပိုနိုင်၊ လျှော့နိုင်တာ ရှိပါတယ်။
ဒီဂါထာကို သင်ဟာ ရွတ်ဖတ်ပြီး ထီပေါက်ချင်တယ်ဆိုရင် လိုက်နာရမယ့် အချက်တွေတော့ ရှိပါတယ်။ လွယ်လွယ်တော့ မရနိုင်ပါဘူး။
လိုက်နာရမယ့် ၃ ချက်က ၁။ ဒီဂါထာကို တစ်နေ့ အနည်းဆုံး ၁၀၈ လုံးပုတီး တစ်ပတ်ရအောင် စိပ်ရပါလိမ့်မယ်။ နေ့စဉ် မပျက်မကွက် စိတ်ရမှာဖြစ်ပါတယ်။
၂။ ပုတီးမစိပ်မှီမှာ မြတ်စွွာဘုရားသခင်ရှေ့မှာ သီလကို ဦးဆုံး ဆောက်တည်ပါ။ ၃။ နောက်ဆုံးအချက်ကတော့ ဒီဂါထာကို နေ့စဉ်မှန်မှန် စိပ်သွားပြီး လစဉ် ထီထိုးပေးပါက ၆ လအတွင်း ထီပေါက်နိုင်ပါတယ်။
အဖိုးထိုက်တန်သော ထီပေါက်ဂါထာ ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံဘိက္ခူနံ ပထမံ သလာကံဂဏုန္တာနံ ယဒိဒံ ကောဏ္႑ဓာနောဧတေန သစ္စ ဝဇေၦ ဧဝံမေဟောတု”
ရှားပါးပြီ အဖိုးမဖြတ်နို်င်တဲ့ ဗုဒ္ဓဘာသာ ဂါထာတစ်ပုဒ်ပါ။
အာလုံးပဲ ထီပေါက်ကံကို ဆွတ်ခူးနိုင်ကြပါစေ။ သိန်းဆုတွေပေါက်ကြပါစေ။ အမျိုးတစ်ယောက်ကတော့ ဒီဂါထာရွတ်ပြီး သိန်းဆုအမှန် တကယ် ပေါက်သွားတာကြောင့် ဒီဂါထာကို ဖော်ပြရခြင်း ဖြစ်ပါတယ်။
Credit: Hlataw
https://thadinyatkwat.com/archives/18563
No comments:
Post a Comment