အမည္မသိအမ်ဳိးသမီးတစ္ဦး ရက္ရက္စက္စက္အသတ္ခံရမႈ ျဖစ္ပြား
ဒိုက္ဦးၿမိဳ႕နယ္တြင္ အမ်ဳိးသမီးတစ္ဦး ရက္ရက္စက္စက္အသတ္ခံရမႈ ျဖစ္ပြား ။ ဇန္နဝါရီ ၃၁ ။ပဲခူးခရိုင္ဒိုက္ဦးၿမိဳ႕နယ္ ပ်ဥ္းမလြင္ေက်းရြာရွိ လယ္ကြက္အတြင္း အမည္မငိအမ်ဳိးသမီးတစ္ဦးအား ထိုးသြင္းဒဏ္ရာမ်ားျဖင့္ ရက္ရက္စက္စက္အသတ္ခံရမႈ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ဇန္နဝါရီလ ၃၀ ရက္ ညေန ၄ နာရီခြဲအခ်ိန္ခန္႔က ဒိုက္ဦးၿမိဳ႕နယ္ ပ်ဥ္းမလြင္ေက်းရြာေန ရာအိမ္မွဴး ဦးသိန္းေဇာ္ဆိုသူက လယ္ကြက္ကန္သင္းရိုးအနီး အမည္မသိအမ်ဳိးသမီးတစ္ဦး ပက္လက္လန္ေသဆုံးေနေၾကာင္း သတင္းေပးပို႔ရာမွ သြားေရာက္စစ္ေဆး သိရွိခဲ့ျခင္းျဖစ္ေၾကာင္း ယင္းၿမိဳ႕နယ္ ေဖာင္ေတာ္သီနယ္ေျမရဲစခန္းထံမွ သိရသည္။
“စစ္ေဆးေတြ႔ရွိခ်က္အရ ထိုးသြင္းဒဏ္ရာ ၁၆ ခ်က္နဲ႔ ေသဆုံးေနတာကိုေတြ႔ရတယ္။ ေနာက္ၿပီး အမ်ဳိးသမီးရဲ႕ မအဂၤါမွာလည္း သုတ္ေရေပလူးေနတာကိုေတြ႔ရတယ္”ဟု ေဖာင္ေတာ္သီနယ္ေျမရဲစခန္းမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

အခင္းျဖစ္ေနရာသည္ ရန္ကုန္-မႏၲေလးကားလမ္းမ မိုင္တိုင္အမွတ္ ၇၈/၂ ႏွင့္ ၇၈/၃ ၾကား ကားလမ္းမႏွင့္ ၂ ဖာလုံခန္႔အကြာရွိ လယ္ကြက္အတြင္းေသဆုံးေနျခင္းျဖစ္ကာ လည္ပင္းထိုးသြင္းဒဏ္ရာ ၁ ခ်က္၊ ယာဘက္ႏို႔အုံ ထိုးသြင္းဒဏ္ရာ ၂ ခ်က္၊ ယာႏို႔ေအာက္ထိုးသြင္းဒဏ္ရာ ၂ ခ်က္၊ ဝမ္းဗိုက္တြင္ထိုးသြင္းဒဏ္ရာ ၁၀ ခ်က္ႏွင့္ ခ်က္ေဘးတြင္ထိုးသြင္းဒဏ္ရာ ၁ ခ်က္ အသီးသီးထိုးသတ္ခံထားရျခင္းျဖစ္ေၾကာင္း သိရသည္။
အထက္ပါျဖစ္စဥ္ႏွင့္စပ္လ်ဥ္း၍ ဒိုက္ဦးၿမိဳ႕နယ္ ေဖာင္ေတာ္သီနယ္ေျမရဲစခန္းမွ(ပ)၁၉/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ အရ အမႈေရးဖြင့္ကာ တရားခံေဖာ္ထုတ္ ဖမ္းဆီးရမိေရး ေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။မိုးေျမ/LwinOo
Unicode
ဒိုက်ဦးမြို့နယ်တွင် အမျိုးသမီးတစ်ဦး ရက်ရက်စက်စက်အသတ်ခံရမှု ဖြစ်ပွား ။ ဇန်နဝါရီ ၃၁ ။ပဲခူးခရိုင်ဒိုက်ဦးမြို့နယ် ပျဉ်းမလွင်ကျေးရွာရှိ လယ်ကွက်အတွင်း အမည်မငိအမျိုးသမီးတစ်ဦးအား ထိုးသွင်းဒဏ်ရာများဖြင့် ရက်ရက်စက်စက်အသတ်ခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီလ ၃၀ ရက် ညနေ ၄ နာရီခွဲအချိန်ခန့်က ဒိုက်ဦးမြို့နယ် ပျဉ်းမလွင်ကျေးရွာနေ ရာအိမ်မှူး ဦးသိန်းဇော်ဆိုသူက လယ်ကွက်ကန်သင်းရိုးအနီး အမည်မသိအမျိုးသမီးတစ်ဦး ပက်လက်လန်သေဆုံးနေကြောင်း သတင်းပေးပို့ရာမှ သွားရောက်စစ်ဆေး သိရှိခဲ့ခြင်းဖြစ်ကြောင်း ယင်းမြို့နယ် ဖောင်တော်သီနယ်မြေရဲစခန်းထံမှ သိရသည်။
“စစ်ဆေးတွေ့ရှိချက်အရ ထိုးသွင်းဒဏ်ရာ ၁၆ ချက်နဲ့ သေဆုံးနေတာကိုတွေ့ရတယ်။ နောက်ပြီး အမျိုးသမီးရဲ့ မအင်္ဂါမှာလည်း သုတ်ရေပေလူးနေတာကိုတွေ့ရတယ်”ဟု ဖောင်တော်သီနယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အခင်းဖြစ်နေရာသည် ရန်ကုန်-မန္တလေးကားလမ်းမ မိုင်တိုင်အမှတ် ၇၈/၂ နှင့် ၇၈/၃ ကြား ကားလမ်းမနှင့် ၂ ဖာလုံခန့်အကွာရှိ လယ်ကွက်အတွင်းသေဆုံးနေခြင်းဖြစ်ကာ လည်ပင်းထိုးသွင်းဒဏ်ရာ ၁ ချက်၊ ယာဘက်နို့အုံ ထိုးသွင်းဒဏ်ရာ ၂ ချက်၊ ယာနို့အောက်ထိုးသွင်းဒဏ်ရာ ၂ ချက်၊ ဝမ်းဗိုက်တွင်ထိုးသွင်းဒဏ်ရာ ၁၀ ချက်နှင့် ချက်ဘေးတွင်ထိုးသွင်းဒဏ်ရာ ၁ ချက် အသီးသီးထိုးသတ်ခံထားရခြင်းဖြစ်ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်နှင့်စပ်လျဉ်း၍ ဒိုက်ဦးမြို့နယ် ဖောင်တော်သီနယ်မြေရဲစခန်းမှ(ပ)၁၉/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုရေးဖွင့်ကာ တရားခံဖော်ထုတ် ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။မိုးမြေ/LwinOo
https://www.isabellaonlinemm.com/13803/?fbclid=IwAR3QcVt82i87dkDdo3uhDrRJt9-dN4zYjKgmFY_V0SW_Vb4H4b6PnOiCzVw
No comments:
Post a Comment