တ႐ုတ္နိုင္ငံသို႔ ကေလးငယ္မ်ား ပို႔ေဆာင္ေရာင္းခ်ေနသူ အမ်ိဳးသမီးကို ရဲတပ္ဖြဲ႕ဖမ္းဆီး
တ႐ုတ္နိုင္ငံသို႔ ကေလးငယ္မ်ား ပို႔ေဆာင္ေရာင္းခ်ေနသူ အမ်ိဳးသမီးကို ရဲတပ္ဖြဲ႕ဖမ္းဆီး
ဟႏြိုင္း၊ ဇႏၷဝါရီ(၃၁)
တ႐ုတ္နိုင္ငံသို႔ ေမြးကင္းစကေလးငယ္မ်ား ေရာင္းခ်ေနသည့္ ဗီယက္နမ္ အမ်ိဳးသမီးတစ္ဦးကို ဗီယက္နမ္အာ ဏာပိုင္မ်ားမွ ဇႏၷဝါရီ ၂၆ ရက္ေန႕က ဖမ္းဆီးထိန္းသိမ္းခဲ့ၿပီး စုံစမ္းစစ္ေဆးလ်က္ရွိသည္။
တ႐ုတ္နိုင္ငံသို႔ ေမြးကင္းစကေလးငယ္မ်ား ေရာင္းခ်ေနသည့္ ဗီယက္နမ္ အမ်ိဳးသမီးတစ္ဦးကို ဗီယက္နမ္အာ ဏာပိုင္မ်ားမွ ဇႏၷဝါရီ ၂၆ ရက္ေန႕က ဖမ္းဆီးထိန္းသိမ္းခဲ့ၿပီး စုံစမ္းစစ္ေဆးလ်က္ရွိသည္။
ဗီယက္နမ္ ငီအန္းျပည္နယ္မွ မြန္သီအြန္ ၃၂ ႏွစ္က အျခားအမ်ိဳးသမီးမ်ား ျပည္ပသို႔ ထြက္ေျပးရန္ စည္း႐ုံးသိမ္းသြင္းမႈ အတင္းအက်ပ္ဖိအားေပးမႈ စြဲခ်က္မ်ားႏွင့္ရင္ဆိုင္ေနရရာ ႏွစ္ေပါင္း ၂၀ အထိ ေထာင္ဒဏ္အျပစ္ေပးခံရနိုင္သည္ဟု VN Express တြင္ ေဖာ္ျပထားသည္။
ကိုယ္ဝန္ေဆာင္ထား၍ အက်ယ္ခ်ဳပ္ခ်ထားခံရသည့္ မြန္သီအြန္မွာ တ႐ုတ္နိုင္ငံသားတစ္ဦးႏွင့္ လက္ထပ္ခဲ့ၿပီး အခ်ိန္ၾကာျမင့္စြာ တ႐ုတ္ျပည္တြင္ ေနထိုင္ခဲ့သည္။ ၂၀ ၁၈ ခုႏွစ္တြင္ သူမ ဗီယက္နမ္မွ ျပန္လာ၍ ကီဆန္ခရိုင္မွ ဗီယက္နမ္ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီးေလးဦးကို တစ္ဦးလ်င္ ဗီယက္နမ္ေဒါင္ သန္း ၄၀ ႏွင့္ ၈၀ ၾကား (အေမရိကန္ေဒၚလာ ၁၇၂၅- ၃၄၅၁ ) ျဖင့္ ကေလးမ်ားကို တ႐ုတ္နိုင္ငံတြင္ ေရာင္းခ်ရန္ စည္း႐ုံးသိမ္းသြင္းခဲ့သည္ဟု VN Express တြင္ ေဖာ္ျပသည္။
၂၀၁၈ စက္တင္ဘာလက မြန္သီအြန္၏ ခင္ပြန္းက ယင္းအမ်ိဳးသမီးေလးဦးကို တင္ေဆာင္ေမာင္းႏွင္သြားစဥ္ ကားမေတာ္တဆမႈျဖစ္ခဲ့ရာ ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီးတစ္ဦး ေသဆုံးခဲ့ၿပီး အျခားသုံးဦးကို ေဆး႐ုံတင္ကုသခဲ့ရသည္။
NGO အဖြဲ႕အစည္းတစ္ခုျဖစ္ေသာ Blue Dragon က ငီအန္းျပည္နယ္တြင္ ရဲတပ္ဖြဲ႕ႏွင့္ ပူးေပါင္း၍ အဆိုပါအမ်ိဳးသမီးမ်ားကို ဇန္နဝါရီ ၂၆ ရက္တြင္ ေအာင္ျမင္စြာ ကယ္ဆယ္ခဲ့ၿပီး ေနရပ္ရင္းသို႔ ျပန္လည္ေခၚေဆာင္လာခဲ့သည္။
ငီအန္းျပည္နယ္တြင္ မၾကာေသးမီႏွစ္မ်ားတြင္ လူကုန္ကူးမႈမ်ားအတြက္ ထင္ရွားေသာေဒသ ျဖစ္ခဲ့သည္။ အနည္းဆုံး ကိုယ္ဝန္ေဆာင္အမ်ိဳးသမီး၂၇ ဦးကို ၂၀၁၈ တြင္ ၎တို႔၏ ကေလးမ်ားေရာင္းခ်ရန္အတြက္ တ႐ုတ္နိုင္ငံသို႔ ခရီးထြက္ခဲ့ၾကသည္။
တ႐ုတ္နိုင္ငံ၏ ကေလးတစ္ဦးတည္းမူဝါဒႏွင့္ အမ်ိဳးသမီးမ်ား ႏွစ္ေပါင္းမ်ားစြာ တရားမဝင္ ကိုယ္ဝန္ဖ်က္ခ်မႈမ်ား ေၾကာင့္ တ႐ုတ္နိုင္ငံတြင္ က်ားမ အခ်ိဳးအစားမညီမွ်ွမ်ား အလြန္အမင္း ျဖစ္ေစခဲ့သည္။ အထက္ပါ ျဖစ္စဥ္မ်ားေၾကာင့္ အိမ္နီးခ်င္းနိုင္ငံမ်ားမွ အမ်ိဳးသမီးမ်ား၊ငယ္႐ြယ္ေသာ မိန္းကေလးမ်ားႏွင့္ ကေလးငယ္မ်ားကို စည္း႐ုံးေခၚေဆာင္ျခင္းႏွင့္ လူကုန္ကူးမႈမ်ားအထိ ဦးတည္ျဖစ္ပြားလ်က္ရွိသည္။
By- KSM/MUNA
Ref ; VN Express
By- KSM/MUNA
Ref ; VN Express
Unicode
တရုတ်နိုင်ငံသို့ ကလေးငယ်များ ပို့ဆောင်ရောင်းချနေသူ အမျိုးသမီးကို ရဲတပ်ဖွဲ့ဖမ်းဆီး
ဟနွိုင်း၊ ဇန္နဝါရီ(၃၁)
တရုတ်နိုင်ငံသို့ မွေးကင်းစကလေးငယ်များ ရောင်းချနေသည့် ဗီယက်နမ် အမျိုးသမီးတစ်ဦးကို ဗီယက်နမ်အာ ဏာပိုင်များမှ ဇန္နဝါရီ ၂၆ ရက်နေ့က ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး စုံစမ်းစစ်ဆေးလျက်ရှိသည်။
တရုတ်နိုင်ငံသို့ မွေးကင်းစကလေးငယ်များ ရောင်းချနေသည့် ဗီယက်နမ် အမျိုးသမီးတစ်ဦးကို ဗီယက်နမ်အာ ဏာပိုင်များမှ ဇန္နဝါရီ ၂၆ ရက်နေ့က ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး စုံစမ်းစစ်ဆေးလျက်ရှိသည်။
ဗီယက်နမ် ငီအန်းပြည်နယ်မှ မွန်သီအွန် ၃၂ နှစ်က အခြားအမျိုးသမီးများ ပြည်ပသို့ ထွက်ပြေးရန် စည်းရုံးသိမ်းသွင်းမှု အတင်းအကျပ်ဖိအားပေးမှု စွဲချက်များနှင့်ရင်ဆိုင်နေရရာ နှစ်ပေါင်း ၂၀ အထိ ထောင်ဒဏ်အပြစ်ပေးခံရနိုင်သည်ဟု VN Express တွင် ဖော်ပြထားသည်။
ကိုယ်ဝန်ဆောင်ထား၍ အကျယ်ချုပ်ချထားခံရသည့် မွန်သီအွန်မှာ တရုတ်နိုင်ငံသားတစ်ဦးနှင့် လက်ထပ်ခဲ့ပြီး အချိန်ကြာမြင့်စွာ တရုတ်ပြည်တွင် နေထိုင်ခဲ့သည်။ ၂၀ ၁၈ ခုနှစ်တွင် သူမ ဗီယက်နမ်မှ ပြန်လာ၍ ကီဆန်ခရိုင်မှ ဗီယက်နမ်ကိုယ်ဝန်ဆောင် အမျိုးသမီးလေးဦးကို တစ်ဦးလျင် ဗီယက်နမ်ဒေါင် သန်း ၄၀ နှင့် ၈၀ ကြား (အမေရိကန်ဒေါ်လာ ၁၇၂၅- ၃၄၅၁ ) ဖြင့် ကလေးများကို တရုတ်နိုင်ငံတွင် ရောင်းချရန် စည်းရုံးသိမ်းသွင်းခဲ့သည်ဟု VN Express တွင် ဖော်ပြသည်။
၂၀၁၈ စက်တင်ဘာလက မွန်သီအွန်၏ ခင်ပွန်းက ယင်းအမျိုးသမီးလေးဦးကို တင်ဆောင်မောင်းနှင်သွားစဉ် ကားမတော်တဆမှုဖြစ်ခဲ့ရာ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး အခြားသုံးဦးကို ဆေးရုံတင်ကုသခဲ့ရသည်။
NGO အဖွဲ့အစည်းတစ်ခုဖြစ်သော Blue Dragon က ငီအန်းပြည်နယ်တွင် ရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ အဆိုပါအမျိုးသမီးများကို ဇန်နဝါရီ ၂၆ ရက်တွင် အောင်မြင်စွာ ကယ်ဆယ်ခဲ့ပြီး နေရပ်ရင်းသို့ ပြန်လည်ခေါ်ဆောင်လာခဲ့သည်။
ငီအန်းပြည်နယ်တွင် မကြာသေးမီနှစ်များတွင် လူကုန်ကူးမှုများအတွက် ထင်ရှားသောဒေသ ဖြစ်ခဲ့သည်။ အနည်းဆုံး ကိုယ်ဝန်ဆောင်အမျိုးသမီး၂၇ ဦးကို ၂၀၁၈ တွင် ၎င်းတို့၏ ကလေးများရောင်းချရန်အတွက် တရုတ်နိုင်ငံသို့ ခရီးထွက်ခဲ့ကြသည်။
တရုတ်နိုင်ငံ၏ ကလေးတစ်ဦးတည်းမူဝါဒနှင့် အမျိုးသမီးများ နှစ်ပေါင်းများစွာ တရားမဝင် ကိုယ်ဝန်ဖျက်ချမှုများ ကြောင့် တရုတ်နိုင်ငံတွင် ကျားမ အချိုးအစားမညီမျှှများ အလွန်အမင်း ဖြစ်စေခဲ့သည်။ အထက်ပါ ဖြစ်စဉ်များကြောင့် အိမ်နီးချင်းနိုင်ငံများမှ အမျိုးသမီးများ၊ငယ်ရွယ်သော မိန်းကလေးများနှင့် ကလေးငယ်များကို စည်းရုံးခေါ်ဆောင်ခြင်းနှင့် လူကုန်ကူးမှုများအထိ ဦးတည်ဖြစ်ပွားလျက်ရှိသည်။
By- KSM/MUNA
Ref ; VN Express
By- KSM/MUNA
Ref ; VN Express
https://www.isabellaonlinemm.com/13848/?fbclid=IwAR3kfVchAtahMeOkf2ljNcjTge4D6y-0fEWRy2o9v8Xvv2TQKdrE7qnNGAo
No comments:
Post a Comment