Facebook မွာ အတင္ခံရတဲ႔ ပံုတစ္ပံုေၾကာင့္ အသက္ဆံုးရႈံးခဲ႔ရတဲ႔ (၉) တန္းေက်ာင္းသူေလး

“သြားႏွင့္ေတာ့ ကေလးေရ….စိတ္မေကာင္းဘူးကေလး….ဘာမဟုတ္တဲ့ အရာေလးအတြက္နဲ႕ကေလးတစ္ေယာက္ အသက္ဆုံး႐ွဳံးခဲ့ရတယ္။ဘယ္သူ႕ကုိ အျပစ္တင္ရမွန္း မသိဘူး ကေလးရယ္…


သူငယ္ခ်င္းတစ္ေယာက္က စေနာက္ပီး FB ေပၚတင္လိုက္တဲ့ ပုံတစ္ပုံေၾကာင့္ အဆိပ္ေသာက္ ေသသြားတယ္တဲ့ ကိုယ့္တူမေလး သူငယ္ခ်င္း ၉တန္းေက်ာင္းသူေလး စိတ္မေကာင္းဘူး ကေလးရယ္…

ခုေခတ္မွာ တခ်ဳိ႕လူႀကီးမိဘေတြ ကေလးေတြကုိ ဆုံးမတာေလးေတြ လမ္းေတြလြဲေနတယ္ လို႔ ထင္မိပါတယ္ ။ရြာမွာ ဒီလိုနဲ႕ အဆိပ္ေသာက္တဲ့ ကေလးေတြ မ်ားေနျပီ …..

ျပီးေတာ့ ကေလးေတြကုိ လူႀကီးမပါပဲ ဒီလို အဆိပ္ေတြ ဆိုင္ေတြက မေရာင္းသင့္ဘူးလို႔ျမင္မိပါတယ္ ။လူႀကီးေတာင္မွ ဝယ္ရင္ စိုက္ပ်ဳိးေရးသမားလိုအပ္တဲ့ေတြလူေတြကုိသာ ေသခ်ာေမးျမန္းျပီး ေရာင္းသင့္ပါတယ္။

ကံေၾကာင့္လို႔ ေျဖသိပ္ေနရေပမယ့္ တခနေလးအတြင္းမွာ ျဖစ္သြားတာေလးက ဘယ္လိုမွ မယုံၾကည္ႏိုင္ဘူး။FB ေပၚစေနာက္ပီး ပုံတင္တဲ့ သူငယ္ခ်င္း အျပစ္လား…သူ႕ကုိ အဆိပ္ေရာင္းလိုက္တဲ့ ဆိုင္႐ွင္ အျပစ္လား…သူ႕ရဲ႕ စိုးရိမ္လြန္တဲ့ ေၾကာက္စိတ္က အျပစ္လား…
ဘယ္အရာကုိ အျပစ္တင္ရမွန္းမသိေတာ့ဘူး ကေလးရယ္…ျဖစ္ေလရာဘဝမွာ ဒီလိုမ်ဳိးေတြ ထပ္မျဖစ္ပါေစနဲ႕ကြယ္…..။” ဆိုျပီး ေက်ာင္းသူေလးရဲ႕ ေဆြမ်ိဳးျဖစ္သူက Post တင္ထားပါတယ္…

ဒီသတင္းကို ဆက္လက္စံုစမ္းၾကည့္တဲ႔ အခါမွာေတာ့

သူ႕ကိုၾကိဳက္တဲ႔ ေက်ာင္းသားတစ္ေယာက္က သူ႕ေရွ့မွာ ဒူးေထာက္ျပီးအေျဖေတာင္းတာကို သူငယ္ခ်င္းတစ္ေယာက္ကဓာတ္ပံုရိုက္ျပီး Facebook မွာ တင္လိုက္တာပါ ဒါကို ဆရာကသိသြားေတာ့ ေကာင္မေလးကို ဆူတယ္လို႔ေျပာတယ္။ ရိုက္တယ္လို႔လဲၾကားတယ္ ..အဲဒါေၾကာင့္ အရမ္းရွက္ျပီး စိုက္ပ်ိဳးေရးပစၥည္းေရာင္းတဲ႔ဆိုင္က ပိုးသတ္ေဆး ၀ယ္ျပီး ေသာက္ေသသြားတာလို႔ သိရပါတယ္. . . ေမွာ္ဘီျမိဳ႕နယ္ ဝါးနက္ေခ်ာင္းရြာမွာျဖစ္သြားတာပါ။
Credit
“သွားနှင့်တော့ ကလေးရေ….စိတ်မကောင်းဘူးကလေး….ဘာမဟုတ်တဲ့ အရာလေးအတွက်နဲ့ကလေးတစ်ယောက် အသက်ဆုံးရှုံးခဲ့ရတယ်။ဘယ်သူ့ကို အပြစ်တင်ရမှန်း မသိဘူး ကလေးရယ်…
သူငယ်ချင်းတစ်ယောက်က စနောက်ပီး FB ပေါ်တင်လိုက်တဲ့ ပုံတစ်ပုံကြောင့် အဆိပ်သောက် သေသွားတယ်တဲ့ ကိုယ့်တူမလေး သူငယ်ချင်း ၉တန်းကျောင်းသူလေး စိတ်မကောင်းဘူး ကလေးရယ်…
ခုခေတ်မှာ တချို့လူကြီးမိဘတွေ ကလေးတွေကို ဆုံးမတာလေးတွေ လမ်းတွေလွဲနေတယ် လို့ ထင်မိပါတယ် ။ရွာမှာ ဒီလိုနဲ့ အဆိပ်သောက်တဲ့ ကလေးတွေ များနေပြီ …..
ပြီးတော့ ကလေးတွေကို လူကြီးမပါပဲ ဒီလို အဆိပ်တွေ ဆိုင်တွေက မရောင်းသင့်ဘူးလို့မြင်မိပါတယ် ။လူကြီးတောင်မှ ဝယ်ရင် စိုက်ပျိုးရေးသမားလိုအပ်တဲ့တွေလူတွေကိုသာ သေချာမေးမြန်းပြီး ရောင်းသင့်ပါတယ်။
ကံကြောင့်လို့ ဖြေသိပ်နေရပေမယ့် တခနလေးအတွင်းမှာ ဖြစ်သွားတာလေးက ဘယ်လိုမှ မယုံကြည်နိုင်ဘူး။FB ပေါ်စနောက်ပီး ပုံတင်တဲ့ သူငယ်ချင်း အပြစ်လား…သူ့ကို အဆိပ်ရောင်းလိုက်တဲ့ ဆိုင်ရှင် အပြစ်လား…သူ့ရဲ့ စိုးရိမ်လွန်တဲ့ ကြောက်စိတ်က အပြစ်လား…
ဘယ်အရာကို အပြစ်တင်ရမှန်းမသိတော့ဘူး ကလေးရယ်…ဖြစ်လေရာဘဝမှာ ဒီလိုမျိုးတွေ ထပ်မဖြစ်ပါစေနဲ့ကွယ်…..။” ဆိုပြီး ကျောင်းသူလေးရဲ့ ဆွေမျိုးဖြစ်သူက Post တင်ထားပါတယ်…
ဒီသတင်းကို ဆက်လက်စုံစမ်းကြည့်တဲ့ အခါမှာတော့
သူ့ကိုကြိုက်တဲ့ ကျောင်းသားတစ်ယောက်က သူ့ရှေ့မှာ ဒူးထောက်ပြီးအဖြေတောင်းတာကို သူငယ်ချင်းတစ်ယောက်ကဓာတ်ပုံရိုက်ပြီး Facebook မှာ တင်လိုက်တာပါ ဒါကို ဆရာကသိသွားတော့ ကောင်မလေးကို ဆူတယ်လို့ပြောတယ်။ ရိုက်တယ်လို့လဲကြားတယ် ..အဲဒါကြောင့် အရမ်းရှက်ပြီး စိုက်ပျိုးရေးပစ္စည်းရောင်းတဲ့ဆိုင်က ပိုးသတ်ဆေး ဝယ်ပြီး သောက်သေသွားတာလို့ သိရပါတယ်. . . မှော်ဘီမြို့နယ် ဝါးနက်ချောင်းရွာမှာဖြစ်သွားတာပါ။
https://thadinyatkwat.com/archives/18652
No comments:
Post a Comment