ads

sponsor

Thursday, January 31, 2019

အေးနေဝင်းရဲ့ ပုံတူပန်းချီလေးကို သူမကိုယ်တိုင်ဆွဲပြီး လက်ဆောင်ပေးခဲ့တဲ့ အလှမယ် ဟန်တီ

အေးနေဝင်းရဲ့ ပုံတူပန်းချီလေးကို သူမကိုယ်တိုင်ဆွဲပြီး လက်ဆောင်ပေးခဲ့တဲ့ အလှမယ် ဟန်တီ

နိုင်ငံကျော် အလှမယ်လေး ဟန်တီက လောလောလတ်လတ်ကမှ Miss Myanmar World 2018 Winner ဖြစ်ခဲ့သူလေးပါ။ သူမရဲ့ ချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိတဲ့ မျက်နှာလေးကလဲ ပရိသတ်တွေရဲ့ အချစ်ကို ရရှိစေခဲ့တာဖြစ်ပြီး အောင်မြင်မှုတွေ ရရှိစေခဲ့တာပဲဖြစ်ပါတယ်။ ဟန်တီက အခုလက်ရှိမှာတော့ နိုင်ငံခြားမှာ သွားရောက် ပညာသင်ကြားနေတာပဲဖြစ်ပါတယ်။
ဟန်တီက သူမနိုင်ငံခြား မသွားခင် အေးနေဝင်းအတွက် သူမကိုယ်တိုင် ရေးဆွဲထားတဲ့ အေးနေဝင်းရဲ့ ပုံတူပန်းချီလေးကို သွားရောက် လက်ဆောင်ပေးခဲ့ပါတယ်။ အေးနေဝင်းက ဟန်တီပေးတဲ့ လက်ဆောင်လေးကို ကြိုက်နှစ်သက်ပြီး ကျေးဇူးတင်ကြောင်းကို သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပေးထားပါတယ်။
အေးနေဝင်းက သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ “ညီမလေး ဟန်သီက သူကိုယ်တိုင် ရေးဆွဲပေးထားတဲ့ ပုံတူ ပန်းချီကားလေးကို သူ ဥရောပခရီးမသွားခင် ညနေမှာ လက်ဆောင်ပေးအပ်ခဲ့တာ တကယ်ကို အထူးကျေးဇူးတင်မိပါတယ်။ စေတနာနှင့် အချိန်ယူ ကြောင့်ကျဝါယမ စိုက်ထုတ်ပြီးပေးတဲ့ အမှတ်တရ လက်ဆောင်လေးမို့ အမြဲ တန်ဖိုးထားမိနေမှာပါ။ What a great honour. I received a portrait by my lovely sis, Han Thi, Miss Myanmar World. It shall be eternally cherished since it’s a gift made with effort, creativity and thoughtfulness.” ဆိုပြီး ပြောထားပါတယ်။
အေးနေဝင်းနဲ့ ဟန်တီက အပြင်မှာလဲ တော်တော်လေး ခင်မင်ရင်းနှီးကြတဲ့ မိတ်ဆွေတွေပဲဖြစ်ပါတယ်။
ပရိသတ်ကြီးလဲ ဟန်တီပေးတဲ့ အေးနေဝင်းအတွက် ပုံတူပန်းချီကားလေးကို သဘောကျနှစ်ခြိုက်ကြမယ်ထင်ပါတယ်။ ဒီပိုစ့်လေးကို သဘောကျကြိုက်နှစ်သက်ရင် Like & Share လုပ်ဖို့ မမေ့ပါနဲ့နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။
Credit-Momolay

https://thadinyatkwat.com/archives/18659

No comments:

Post a Comment