ads

sponsor

Thursday, January 31, 2019

စစ်ကိုင်းတိုင်းရှိ ကျေးရွာအချို့တွင် ကလေးငယ်များ ရေကျောက်ရောဂါ အစုအပြုံလိုက်ဖြစ်ပွား…!

စစ်ကိုင်းတိုင်းရှိ ကျေးရွာအချို့တွင် ကလေးငယ်များ ရေကျောက်ရောဂါ အစုအပြုံလိုက်ဖြစ်ပွား…!

မုံရွာ၊ဇန်နဝါရီ-၂၇
စစ်ကိုင်းတိုင်းရှိ ကျေးရွာအချို့နှင် မြို့ပေါ် ဘော်ဒါဆောင်တစ်ခုတွင် ကလေးငယ်များ ရေကျောက်ရောဂါ အစုအပြုံလိုက်ဖြစ်ပွားခဲ့ပြီး တိုင်းကျန်းမာရေးဌာနမှ ကွင်းဆင်း၍ ရောဂါထိန်းချုပ်မှုများ လုပ်ဆောင်နေကြောင်း သတင်းရရှိသည်။
ရေကျောက်ရောဂါဖြစ်ပွားမှုကို ယခုလ ၂၁ ရက်နေ့တွင် တိုင်းကျန်းမာမှ သတင်းရရှိ၍ ကွင်းဆင်းကုသမှုများ လုပ်ဆောင်ရာ လတ်တလောထိန်းချုပ်နိုင်ပြီဟု တိုင်းကျန်းမာမှ အထူးရောဂါနှိမ်နင်းရေး နှင့် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း အဖွဲ့ခေါင်းဆောင် ဒေါက်တာကျော်သူဆွေက ယနေ့ ဆက်သွယ်မေးမြန်းမှုတွင်ဖြေကြားခဲ့သည်။
ရောဂါဖြစ်ပွားသော ကျေးရွာများမှာ ကနီမြို့နယ် ညောင်သူမြားရွာ၊ဘုတလင်မြို့နယ် လေးမြေရွာ၊ပင်လည်ဘူးမြို့နယ် ဟဲသတ်ရွာ နှင့်ဒီပဲယင်းမြို့ပေါ်ရှိ ဘော်ဒါဆောင် တစ်ခုတို့ဖြစ်ပြီး ကလေးငယ် ၁၆၀ ကျော် ရောဂါကူးစက်ခံခဲ့ရကြောင်း ကျန်းမာရေးဌာန ထုတ်ပြန်ချက် တွင်ဖော်ပြထားသည်။
” ရေကျောက်ကြောင့် သေဆုးံတဲ့သူ မရှိပါဘူး၊ ရောဂါက ငါးရက်လောက် နေရင် ကိုယ်ခံအားရပြီးပျောက်သွားတယ်၊ ခန္ဓာကိုယ်မှာ ပေါက်တဲ့ အရည်ကြည်ဖုတွေက ယားတော့ ကုတ်ဖဲ့ပွန်းပဲ့ရာကနေ နောက်ရောဂါပိုးဝင်မှာပဲ စိုးရတာ၊ဘော်ဒါတွေ၊စာသင်ကျောင်းတွေမှာဆို ကူးလွယ်တာမို့ ရေကျောက်ပေါက်ရင် ကျန်းမာရေးဌာနကို အမြန်အကြောင်းကြားပေးပါ “ဟုဒေါက်တာကျော်သူဆွေ ကပြောသည်။
ရေကျောက်ရောဂါ Chickenpox သည် ဗရီဆယ်လား (Varicella Zoster) (ခေါ်) DNA ဗိုင်းရပ်တစ်မျိုးကြောင့်ဖြစ်ပြီး ရောဂါရှင်၏ ချောင်းဆိုးခြင်း၊နှာချေခြင်းကြောင့် အသက်ရှုလမ်းကြောင်းမှတဆင့် ကူးစက်ခြင်း၊ ၎င်း၏အသုးံအဆောင်များကို ထိတွေ့ကိုင်တွယ်ခြင်းကြောင့် လည်း ကူးစက်နိုင်သည် ဟုဆိုသည်။
ရေကျောက်ရောဂါကို အရပ်ခေါ် ပဲသီတာ ဟုခေါ်ပြီး အရည်ကြည်ဖုများအလယ်တွင် အချိုင့်လေးများပါသည်။ရေကျောက် ပေါက်ပါက အဟာရစုံလင်အောင် စားစေခြင်း၊ ရေနွေးနွေးချိုးခြင်း၊အဝတ်အစား၊မျက်နှာသုတ်ပုဝါများ သီးသန့်သုးံစေခြင်း ပြုလုပ်ရန် လိုကြောင်း ကျန်းမာရေးဌာန သတိပေးထားသည်။
၎င်းရောဂါ ဖြစ်ပွားသူ စုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းသည် အသက် ၄-နှစ် နှင့် ၁၀-နှစ်ကြား ကလေးငယ်တွေဖြစ်ကြသည်။
အောင်ထွန်း Monywa Gazette, All credit goes to အောင်ထွန်း Monywa Gazette
Unicode version

https://thadinyatkwat.com/archives/18620

No comments:

Post a Comment